လွှတ်တော်အမတ်

လွှတ်တော်အမတ်ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကျင့်သုံးရန်အတွက် ပြည်သူတို့က ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ လွှတ်တော်နှစ်ရပ်ရှိလျှင် အများအခေါ် အထက်လွှတ်တော် အတွက် အထက်လွှတ်တော်အမတ်၊အောက်လွှတ်တော် အတွက် အောက်လွှတ်တော်အမတ် ဟူ၍ခွဲခြားခေါ်ဝေါ်ကြသည်။

အောက်လွှတ်တော်အတွက် လူဦးရေအချိုးအစားအလိုက် မဲဆန္ဒနယ်များ ခွဲကာမဲဆန္ဒနယ် တစ်နယ်အတွက် ကိုယ်စားလှယ် တစ်ယောက်နှုံးဖြင့် မဲပေးရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မြို့နယ်အလိုက်၊တစ်မြို့နယ်တွင် တစ်ယောက်)

အထက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်၊နယ်မြေ(အချို့တိုင်းပြည်များတွင် ခရိုင်သဘောမျိုး)ဖြင့် တစ်နယ်ဆီအတွက် ကိုယ်စားလှယ်အရေအတွက် တူညီစွာ ရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းအလိုက်၊ပြည်နယ်(သို့)တိုင်း တစ်ခုစီအတွက် ၁၂ ယောက်)

လွှတ်တော်အမတ်

လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်များ မှာတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြချေ။ အများအားဖြင့် နိုင်ငံသားအဖြစ် နိုင်ငံတွင်းတွင် နှစ်ကာလကြာရှည်နေထိုင်ဖူးသူများကို သာလက်ခံရန်သတ်မှတ်ကြသည်။ ထို့ြ့ပင် အသက်အရွယ် ကန့်သတ်ချက်ကိုလည်း နိုင်ငံအလိုက် သတ်မှတ်လေ့ရှိပြန်သည်။

လွှတ်တော်အမတ်

လွှတ်တော်အမတ်များ၏တာဝန်မှာ သက်ဆိုင်ရာလွှတ်တော်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ‎ အရသတ်မှတ်ထားသည့် ဥပဒေပြုရေးကိစ္စများအ တွက်ပါဝင်ဆုံးဖြတ်မဲပေးခြင်း၊သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း တို့ဖြစ်ကြသည်။

ထိုသို့ လွှတ်တော်ဆွေးနွေးပွဲများကျင်းပရာတွင် လွှတ်တော်သဘာပတိ၊လွှတ်တော်ဥက္ကဋ္ဌ အသီးသီးကို သက်ဆိုင်ရာ လွှတ်တော်အတွင်း ရွေးကောက်ခြင်းသည်လည်း လွှတ်တော်၏ လုပ်ငန်းများတွင်ပါဝင်သည်။

လွှတ်တော်အမတ်

လွှတ်တော်အမတ် တစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း) ကို ၎င်းအားရွေးကောက်ခဲ့သည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများကသာ ပြုလုပ်နိုင်သည်။ တစ်နည်းဆိုရလျှင် ပြည်သူတို့က မယုံကြည်တော့လျှင် လွှတ်တော်အမတ်အဖြစ်မှ ဆုံးရှုံးမည်ဖြစ်သည်။ ထိုသို့ပြန်လည်ရုပ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း)ကို ပြုလုပ်ရန်အတွက် သတ်မှတ်ထားသည့် ပြည်သူတို့၏ လက်မှတ်ထိုးတောင်းဆိုသည့် အရေအတွက်ပြည့်မှီရန်လိုအပ်သည်။(သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူတို့၏ ၁၀%၊၂၀% အစရှိသဖြင့်။)

လွှတ်တော်အမတ်

နိုင်ငံအများစုတွင် လွှတ်တော်အမတ်များအတွက် သက်တမ်းမှာ တစ်ကြိမ်လျှင် ၄ နှစ်နှုံးသတ်မှတ်ကြပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက်အရွေးခံနိုင်သည်။

Tags:

လွှတ်တော်အမတ် ဖြစ်ရန် သတ်မှတ်ချက်များလွှတ်တော်အမတ် တာဝန်လွှတ်တော်အမတ် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းလွှတ်တော်အမတ် ၏သက်တမ်းလွှတ်တော်အမတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

တွင်းနက်မြင်းခြံမြို့စိန်ပန်းပင်သက္ကာယဒိဋ္ဌိမိုးကုတ်ဆရာတော်ခရစ်တော်၊ ယေရှုဒွန်နီယင်းလော်စစ်ဟန်မြန်မာ့ရိုးရာ ကစားနည်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတိုကျိုမြို့ပဋိစ္စသမုပ္ပါဒ်သစ်သီးဝလံကောသလမင်း အိပ်မက် (၁၆)ချက်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မွန်ပြည်နယ်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မဟတ္တမ ဂန္ဒီဖက်ဒရယ်ပြည်ထောင်စုစနစ်ကြယ်အနော်ရထာနောင်ရိုးတိုက်ပွဲကယန်းလူမျိုးဘုရားသုံးဆူမြို့ပန်ဂရမ်ဘီယာလိပ်ပြာနှင့် ပိုးဖလံများစက်တော်ရာယူကျု(ဘ်)ခန္ဓသုတ်ဥပဂုတ္တထေရ်လိင်တူစုံမက်ခြင်းလ (ကမ္ဘာရံဂြိုဟ်)တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)အနိစ္စသနပ်ခါးပရိတ်ကြီး ၁၁ သုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များသိပ္ပံပညာစစ်ကိုင်းမြို့သဇင်ပန်းအိချောပိုပုဂံမြန်မာပိတောက်ပါရာဇိကရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးစိတ်မုန့်ဟင်းခါးသာသနာ သက္ကရာဇ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနခန္ဓာဗေဒမင်္ဂလသုတ်သိဒ္ဓတ္ထမင်းသားဂျာနယ်ကျော် မမလေးတောင်ငူမြို့သာမဏေသမ္ဘူလရာသီဥတုသည်အမျိုးသမီး (ရုပ်ရှင်)မြန်မာနိုင်ငံရှိ မြို့များနွေရာသီဘောလုံးကစားခြင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဒန့်သလွန်ဘုရားပင့်ချောင်းဆိုးခြင်းလှိုင်ထိပ်ခေါင်တင်ဘူရိဒတ်ဇာတ်တော်စနေဂြိုဟ်ခင်ပွန်းကြီးဆယ်ပါးတောင်ငူခေတ်ကချင်ပြည်နယ်တိုက်ကြီးမြို့ကလေးဗဟိုပြုသင်ကြားရေးစနစ်မြန်မာနိုင်ငံ၏ ဘာသာစကားများကျုံး🡆 More