ရွှေ့ပြောင်းလုပ်သား

ရွှေ့ပြောင်းလုပ်သား ဝေါဟာရတွင် တရားဝင် အဓိပ္ပာယ်များအမျိုးမျိုး နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ကမ္ဘာ့နေရာအနှံ့အပြား၌ ရှိနေကြသည်။ ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျယ်ဝန်းလှပြီး၊ မိခင်နိုင်ငံ၏အပြင်ဘက်တွင် အလုပ်လုပ်သည့် မည်သူမဆိုအထိ ပါဝင်သည်။ နိုင်ငံတွင်းရွှေ့ ပြောင်းလုပ်ကိုင်သူများကို ဖော်ပြရာတွင်လည်း ဤဝေါဟာရကို သုံးစွဲသည်။ ရာသီပေါ်အလုပ်များကဲ့သို့သော အလုပ် နောက်လိုက်လုပ်နေသူများလည်းပါဝင်သည်။

ရွှေ့ပြောင်းအလုပ်သမားများ
ရွှေ့ပြောင်းလုပ်သား များ၊ ကယ်လီဖိုးနီးယား၊ ၁၉၃၅

ကုလသမဂ္ဂ၏အဓိပ္ပာယ်ဖွင့်ဆိုချက်

"ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများအားလုံး နှင့် မိသားစုဝင်များ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေး သဘောတူညီချက်" တွင် ရွှေ့ပြောင်းလုပ်သားကို အောက်ပါ အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ရွှေ့ပြောင်းလုပ်သား ဝေါဟာရသည် နိုင်ငံတစ်ခုတွင် ထိုနိုင်ငံ၏နိုင်ငံသားမဟုတ်သူ သူ သို့မဟုတ် သူမ သည် အခကြေးငွေဖြင့်လုပ်ကိုင်ခြင်းတစ်ခုတွင် ပါဝင်ခြင်း သို့မဟုတ် ပါဝင်ခဲ့ခြင်း ရှိသူကို ရည်ညွှန်းသည်။

သဘောတူညီချက်ကို မက်ဆီကို၊ ဘရာဇီး နှင့် ဖိလစ်ပိုင် (နိုင်ငံခြားလုပ်သားပံ့ပိုးသည့်နိုင်ငံများထဲတွင် ပါဝင်ကြသည်) တို့မှ မှန်ကန်ကြောင်းထောက်ခံကြသည်။ သို့သော် အမေရိကန်၊ ဂျာမနီ နှင့် ဂျပန် (နိုင်ငံခြားလုပ်သားလက်ခံသည့် နိုင်ငံများထဲတွင် ပါဝင်သည်) တို့မှသဘောတူညီချက်ကို မထောက်ခံပါ။

ကမ္ဘာတစ်ဝန်းအထင်အမြင်များ

ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် ချဲ ့ ထွင်ထားသည့် လူဝင်မှုကြီးကြပ်ရေးအစီအစဉ်တစ်ခုကို ဝန်ဆောင်မှုကနေဒါ ၏ လတ်တလောချမှတ်ထားမှုအောက်တွင် ကုမ္ပဏီများသည် ယာယီနိုင်ငံခြားလုပ်သားများစုဆောင်းရန် စတင်နေကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

တရုတ်ပြည်၏ဆင်းရဲသည့် အရပ်ဒေသများမှ ရွှေ့ပြောင်းလုပ်သားများသည် ပိုမိုပြည့်စုံကြွယ်ဝသည့် ကမ်းရိုးတန်းဒေသများတွင် အလုပ်ရှာဖွေကြသည်။ တရုတ်အစိုးရ ၏ စာရင်းအင်းများအရ တရုတ်ပြည်၏ လက်ရှိရွှေ ့ပြောင်းလုပ်သား အရေအတွက်သည် သန်း ၁၂၀ ရှိပြီး၊ အနီးစပ်ဆုံးအနေဖြင့် လူဦးရေ၏ ၉ ရာခိုင်နှုန်း ရှိသည်။ တရုတ်ပြည်၏မြို့ပြရွှေ့ပြောင်းလုပ်သားများ အိမ်သို့ပြန်ပို့သည့်ငွေသည် ၂၀၀၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅.၄ ဘီလီယံ ရှိသည်။

ဥရောပသမဂ္ဂ

မကြာသေးမှီက တိုးချဲ့ခဲ့သည့် ဥရောပသမဂ္ဂသည် အလုပ်အတွက် ဥရောပသမဂ္ဂနိုင်ငံများသို့ ရွှေ့ပြောင်း လာမည့်လူများအား အခွင့်အလမ်းများပေးထားသည်။ ၂၀ဝ၄ နှင့် ၂၀ဝ၇ နှစ် နှစ်ခုလုံးအတွက် တည်ရှိပြီး နိုင်ငံများအား ၎င်းတို့၏အလုပ်သမားဈေးကွက်များသို့ ဝင်ရောက်မှုကိုကန့်သတ်ရန် မျိုးစုံသောတဆင့်ခံ အစီအစဉ်များ ချမှတ်နိုင်ခွင့်ပေးထားသည်။ ဂျာမနီနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများကို ဧည့်သည်လုပ်သား ဟု သိရှိထားကြသည်။

အမေရိကန်နိုင်ငံ

ရွှေ့ပြောင်းလုပ်သား 
ရွှေ့ပြောင်းလုပ်သားများမိသားစု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ၁၉၄၀ နှစ်များ

နိုင်ငံခြားသားအလုပ်သမား အခေါ်အဝေါ်သည် အမေရိကန်နိုင်ငံတွင် ယေဘူယျအားဖြင့်သုံးစွဲနေကြပြီး၊ နိုင်ငံတကာ (ကုလသမဂ္ဂ) အဓိပ္ပာယ်နှင့်ကိုက်ညီသည့်သူကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ရွှေ့ပြောင်းလုပ်သား ဝေါဟာရသည် အိမ်မှဝေးကွာသည့်နေရာတွင် ပုံမှန်အလုပလုပ်နေသူကို ဆိုလိုပြီး၊ ၎င်းတို့တွင် အိမ်ရှိချငလည်းရှိမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများကို လယ်ယာလုပ်ငန်းတွင်ကာယလုပ်အားဖြင့်လုပ်ကိုင်သည့်လုပ်ခနိမ့် လုပ်သားများအဖြစ်ဖော်ပြရာတွင်အများအားဖြင့် သုံးစွဲသည်။ ထိုသူများသည်ရံဖန်ရံခါနိုင်ငံခြားမှဝင်ရောက်အခြေချသူများဖြစ်ပြီး၊ ၎င်းတို့တွင် ခိုင်မာသည့်နေထိုငခွင့်ဗီဇာ မရှိပါ။ အမေရိကန်နိုင်ငံသည် ရွှေ့ပြောင်းနှင့်ရာသီအလိုက်လယ်ယာလုပ်သားများအား ပျက်စီးကြောင်းဖြစ်စေသည့် လုပ်ရပ်များကြောင့်ဖြစ်ရသည့် အလုပ်ရှင်နှင့်အလုပ်သမားများ၏ စီးပွားရေးနှင့် ပတ်သက်သည့် ပဋ္ဋိပက္ခများ အပေါ် ချုပ်ချယ်ထားမှုများကို ဖယ်ရှားရန်၊ လယ်လုပ်သားကန်ထရိုက်များအား မှတ်ပုံတင်စေရန နှင့် ရွှေ့ပြောင်းလုပ်သား နှင့်ရာသီအလိုက် လယ်ယာလုပ်သားများ၊ စိုက်ပျိုးရေးအသင်းများနှင့် စိုက်ပျိုးရေးအလုပ်ရှင်များအား လိုအပ်သည့် အကာအကွယ်ပေးမှုများကို သေချာစေရန် တို့အတွက် ရွှေ့ပြောင်းနှင့် ရာသီအလိုက် လယ်ယာလုပ်သားများ အကာအကွယ်ပေးရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

တစ်ခါတစ်ရံ ရွှေ့ပြောင်းလုပ်သား ဝေါဟာရသည် ရာသီပေါ်အလုပ်တစ်ခုမှ အခြားတစ်ခုသို့ ရွှေ ့ပြောင်း သွားသည့် မည်သည့်လုပ်သားကိုမဆို ဖော်ပြရာတွင် သုံးစွဲသည်။ ဤအသုံးအနှုန်းသည် ယေဘူယျ အားဖြင့် လုပ်ခနိမ့်လယ်ယာလုပ်သားများအတွက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝေါဟာရသည် လုပ်ခနိမ့်လယ်ယာလုပ်သားများ၊ တရားမဝင်အခြေချနေထိုင်သူများ နှင့် ဖျောက်ဖျက်လို့မရအောင် ချိတ်ဆက်နေသည်။ ရွှေ့ပြောင်းလုပ်သား များဟုခေါ်ဆိုနိုင်သည့် အတတ်ပညာရှင်များ၏ဥပမာများ မှာ ၊ (ထိုသူများထဲမှအချို့မှာ အမှန်တစ်ကယ်အကျိုးဖြစ်ထွန်းနိုင်သူများ) ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်အတတ်ပညာရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အခြားတစ်ခုသို့ (တစ်ခါတစ်ရံ အခြားမြို့များသို့) ထွက်ခွာသွားသည့် ဆောက်လုပ်ရေးလုပ်သားများ၊ အမေရိကန်အနောက်ပိုင်းရှိ တောရိုင်း မီးသတ်သမားများ၊ ယာယီအတိုင်ပင်ခံအလုပ် နှင့် ပြည်တွင်း ကုန်တင်ယဉ်မောင်းများ ပါဝင်ကြသည်။

ကိုးကား

Tags:

ရွှေ့ပြောင်းလုပ်သား ကုလသမဂ္ဂ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ရွှေ့ပြောင်းလုပ်သား ကမ္ဘာတစ်ဝန်းအထင်အမြင်များရွှေ့ပြောင်းလုပ်သား ကိုးကားရွှေ့ပြောင်းလုပ်သား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆိုရှယ်လစ်ဝါဒနတ်ပြည် ၆ ထပ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်မုန့်လုံးရေပေါ်ဗမာပြည် ကွန်မြူနစ်ပါတီခရမ်းလွန်ရောင်ခြည်ကချင်လူမျိုးလီတာဂျာနယ်ကျော် မမလေးအပူချိန်၃၁-ဘုံသဲအင်းဂူဆရာတော်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များဇာတိပ္ဖိုလ်မုန့်ဟင်းခါးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးဂျိုးဇတ် စတာလင်ရေဘဝဲအောင်ချိမ့်ဩစတြေးလျတိုက်C++စုန်းကဝေအတတ်ပဲခူးမြို့မြွေပိုက်သာဂိုရ သီအိုရမ်ဆင်ဘုရင့်နောင်မဟာရဋ္ဌသာရ၊ သျှင်စမူဆာဩကာသ ဘုရားရှိခိုးထွေးလေးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆယ်ပါးသီလပရိမိတ္တဇာလသုတ်ရဲယိုပင်အောင်ဆန်းစုကြည်ဆိုရိုးစကားနပိုလီယန်မေသဇင်ပန်းမြန်မာပြဇာတ်မဂ္ဂင် ၈ ပါးအောင်လံမြို့ငှက်ဖျားရောဂါပြင်သစ်နိုင်ငံရှမ်းဘာသာစကားဧရာဝတီမြစ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါလာအိုနိုင်ငံသန်လျင်မြို့ပုဗ္ဗဏှသုတ်ပအိုဝ်းလူမျိုးတပ်ရင်း (၇)ဖိလစ်ပိုင်နိုင်ငံစိတ်ခွေးဖော်ကာမအင်္ဂါ အစေ့ငလျင်လှုပ်ခြင်းအပြင် ၃၇ မင်းမထိုးသွင်းသော လိင်ဆက်ဆံခြင်းပဋ္ဌာန်းခင်ညွန့် (ဗိုလ်ချုပ်ကြီး)ချဉ်ပေါင်မြန်မာအမျိုးသား လေကြောင်းလိုင်းကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အရက်ကေ (အက္ခရာ)အောက်ချင်းငှက်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကျောက်ကပ်ရောင်ရောဂါသူငယ်နာဗဒလင်းဂူနှစ်ကျိပ်ရှစ်ဆူ🡆 More