ရွက်သင်္ဘော

ရှေးပဝေသဏီအခါကပင် လူတို့သည် ပင်လယ်ရေကြောင်း သွားလာနိုင်ရန် ဖောင်များ၊ လှေငယ်များ၊ လှေကြီးများ၊ ရွက်သင်္ဘောများ စသည်ဖြင့် တီထွင်ကာ သွားလာခဲ့ကြသည်။ အစပိုင်းတွင် ဖောင်များ၊ လှေငယ်များဖြင့် သွားလာကြရာမှ ၁၉-ရာစုခန့်တွင် ရွက်သင်္ဘောများကို တွင်ကျယ်စွာအသုံးပြုလာကြသည်။ ၁၉-ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အလျင်မြန်ဆုံး သင်္ဘောကြီးများမှာ ရွက်သင်္ဘောများဖြစ်သည်။ အချို့ ရွက်သင်္ဘောကြီးများတွင် ရွက်တိုင်ပေါင်းများစွာ ထူထားပြီး ရွက်များကို အသုံးပြုကာ ပင်လယ်ပြင်ကို ဖြတ်သန်းကြသည်။

အချို့ရွက်သင်္ဘောများတွင် ရွက်ပေါင်း ၃၀-ကျော်အထိ ပါဝင်ပြီး မီတာ ၁၀၀-မြင့်သည့်ရွက်တိုင်များ ပါဝင်သည်။ ရွက်များတွင်လည်း ကန့်လန့်ရွက်နှင့် ဒေါင်လိုက်ရွက်ဟုရှိပြီး ကန့်လန့်ရွက်များ၏ ပုံသဏ္ဌာန်မှာ လေးထောင့်ပုံဖြစ်သည်။ ဒေါင်လိုက်ရွက်များ၏ပုံမှာ တြိဂံပုံဖြစ်သည်။

ရွက်သင်္ဘောများတွင် ရှည်လျားပြီး ထိပ်ချွန်သည့် ဦးပိုင်းက ရေကို လျင်မြန်စွာခွဲထုတ်နိုင်သည်။ ရွက်သင်္ဘောများကို အဓိကအားဖြင့် လေအားဖြင့် မောင်းနှင်ရသောကြောင့် လေအားကို ရနိုင်သမျှ ရအောင် ယူကြရသည်။ အလျင်မြန်ဆုံး ရွက်သင်္ဘောဖြစ်သည့် Cutty Sark သင်္ဘောသည် လေအားရရှိရန် စတုရန်း မီတာ ၃၀⁠၀၀-ရှိသော ရွက်ကြီးကို အသုံးပြုပြီး တစ်နာရီ ၃၁-ကီလိုမီတာနှုန်းထိ သွားနိုင်သည်ဟု သိရသည်။

ကိုးကား

Tags:

သင်္ဘော

🔥 Trending searches on Wiki မြန်မာဘာသာ:

သိန်းစိန် (နိုင်ငံတော်သမ္မတ)ရခိုင်ဘာသာစကားမြန်မာနိုင်ငံသမိုင်းကျော်ဟိန်းဓူဝံကြယ်ရွှေမော်ဓောဘုရား(ပဲခူး)ထိုင်းဘာသာစကားယောက်ျား အင်္ဂါတံမွန်လူမျိုးသရေခေတ္တရာလော်စစ်ဟန်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)စပါးမိုးကုတ်တရားလ (ကမ္ဘာရံဂြိုဟ်)မြင်းမိုရ်အသည်းအငဲဦးနုမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအစ္စလာမ်ဘာသာဒွေးဗဟိုစာမျက်နှာလားရှိုးမြို့ဂျူးဘာသာခွေးမဏိစန္ဒာ၃၁-ဘုံဝပြည်နယ်ငန်းမြွေပုဗ္ဗဏှသုတ်မြန်မာ-အင်္ဂလိပ် အဘိဓာန်လူသားအမေရိကန်ပြည်ထောင်စုကောလင်း ပေါင်ဝဲလ်သာလွန်မင်းကြည့်မြင်တိုင်မြို့နယ်ဂြိုဟ်ကင်းခြေများရန်ကုန်-မန္တလေး အမြန်လမ်းမိုးကုတ်ဆရာတော်ဗီယက်နမ်နိုင်ငံချောင်းဆိုးခြင်းလာအိုနိုင်ငံမြစေတီကျောက်စာတိုင်တန်းနစ်သင်္ဘောခုနစ်နေ့ဘုရားရှိခိုးအရှေ့တောင်အာရှနိုင်ငံများအသင်းလိင်စိတ် နိုးထခြင်းနှစ်ကျိပ်ရှစ်ဆူကြွက်နို့သဇင်ပန်းရာဝဏပျူမြို့ပြနိုင်ငံများတြိဂံမန္တလေး နန်းတော်ထူးအိမ်သင်စိန်အနိစ္စ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအာဋာနာဋိယသုတ်အဲလက်စ်ဆာ အင်တာနက်ကိုလိုနီခေတ်ပုဂံခေတ်ရတနသုတ်စုန်းကဝေအတတ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုသောကြာဂြိုဟ်သာသနာရေး ဝန်ကြီးဌာနမွန်ဘာသာစကားမယ်နုအုတ်ကျောင်းမြသလွန်ဘုရားသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ဗီယက်နမ်စစ်ပွဲရာသီခွင်🡆 More