ရာပြည့်

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး

ရာပြည့်
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၂၂
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်​ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁၁ မေ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
ဆက်ခံသူဦးအောင်နိုင်ဦး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၂၂ ​မေ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဦး​သောင်းထွန်း
ဆက်ခံသူဗိုလ်ချုပ်ကြီး မိုးအောင်
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

အလုပ်အကိုင်

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီ သီးခြားတပ်တာဝန် မရှိတော့​ပေ။

အစိုးရအဖွဲ့ရာထူးများ

၂၀၂၁ခုနှစ် မေလ၁၁ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်လာသည်။ ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအား အမှတ် (၁) နှင့် အမှတ် (၂)ဟူ၍ ခွဲခြားပြီး​နောက် အမှတ် (၁)၏ ဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏လက်​အောက်ရှိ ဌာနများတွင် ယခင်က နိုင်ငံ​တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်​အောက်မှ ဌာနတစ်ခုဖြစ်​သော အမျိုးသားစည်းလုံးညီညွတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဦးစီးဌာနလည်း တစ်ခုအပါအဝင်ဖြစ်သည်။

၂၀၂၂ခုနှစ် ​ဖေ​ဖော်ဝါရီလ ၈ရက်​နေ့တွင် ၎င်းအား နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ်မှ  ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ကိုးကား

Tags:

တပ်မတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနပြည်ထဲရေး ဝန်ကြီးဌာနအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂလိပ်ဘာသာစကားရှေးဦးသူနာပြုမြန်မာ့တပ်မတော် သမိုင်းကြောင်းဂျွန်ဒီးလိပ်ပြာနှင့် ပိုးဖလံများပျူမြို့ပြနိုင်ငံများမဂ္ဂင် ၈ ပါးတီဘီရောဂါရန်ကုန်မြို့မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များကွန်မြူနစ်ဝါဒသစ္စာလေးပါးကမ္ဘာမကျေတောင်ငူ-ဟံသာဝတီခေတ်စကားပြောအတတ်မဏိစန္ဒာမောရသုတ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)သင်္ချာဒုက္ခသစ္စာတောင်ကြီးမြို့ရာသီဥတုနန်း​တော်​ရှေ့ ဆရာတင်ပထမ အင်္ဂလိပ် - မြန်မာစစ်ကျော်ဟိန်းမြန်မာနိုင်ငံရှိ ခရိုင်များမာရ်ငါးပါးလေတိုက်ခတ်ခြင်းတွံတေးသိန်းတန်အသုဘကမ္မဋ္ဌာန်းဗုဒ္ဓဂါယာမိုးကုတ်တရားရတုပုဂံရေမွန်ပန်းဆယ်မျိုးရာဝဏပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမန္တလေးမြို့သစ်ပင်ကိုယ် နှုတ် စိတ် ယဉ်ကျေးခြင်းဂျောင်ဂျောင်ကုသမုဒ္ဒရာကျီးကန်းမြစေတီကျောက်စာဒါနစိန်ပြောင်းစွမ်းအင် ဝန်ကြီးဌာနဂျာမနီနိုင်ငံစကြဝဠာဘူရိဒတ်ဇာတ်တော်ဂုဏ်ဆယ်ပါးပညတ်တော်ဆယ်ပါးအင်းဝမင်းဆက်ကွန်ဒုံးမြွေပါဘလုံ၊ ဦး (ပန်းချီဆရာ)သုက်ပန်းခြင်းနန်းမွေစံမြန်မာ ကာတွန်းရုပ်ရှင်ကုန်းဘောင်ခေတ် နာမည်တွက်နည်းရထားရှစ်ပါးသီလ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနပိုလီယန်ရဟန်းခံခြင်းမြန်မာပြည် စာတိုက် သင်္ကေတများဆုံးဟျဲကီယိုဧရာဝတီမြစ်လောင်းကစားခြင်းကုန်းဘောင်မင်းဆက်ပြည့်တန်ဆာငါးမျိုးစိတ်များ စာရင်းခရေပင်မြန်မာစာစတင်ဖြစ်ပေါ်လာပုံကိုလိုနီခေတ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုအောင်ဆန်း🡆 More