မြွေပါ

မြွေပါ (အင်္ဂလိပ်: Mongoose) သည် ဗီဗာရီးဒီးမျိုးရင်းဝင်ဖြစ်၍ ရုတ်တရက်ကြည့်က ရှဉ့်ကလေးများနှင့် သဏ္ဌာန်တူသည် ဟု ထင်ရသော်လည်း၊ အမြီးသည် ရှဉ့်ထက် တိုသည့်ပြင် ကိုယ်နေကိုယ်ထားလည်း တစ်မျိုးစီဖြစ်၏။ ကိုယ်လုံး ၁၆ လက်မခန့်ရှည်၍ အရောင် ကား ပြာမှိုင်းမှိုင်း ညိုတိုတိုအရောင်ရှိပြီးလျှင် အမွေးရှည်သည်။ ပါးစောင်နှင့် လည်ပင်းတွင်မူ နီကြန်ကြန်အရောင် ရှိ၏။

မြွေပါ
(အင်္ဂလိပ်: Mongoose)
မြွေပါ
Top left: Meerkat
Top right: Yellow mongoose
Bottom left: Slender mongoose
Bottom right: Indian gray mongoose
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Superfamily: Herpestoidea
မျိုးရင်း: Herpestidae
Bonaparte, 1845
အမျိုးအစား မျိုးစု
Herpestes
Genera
မြွေပါ
Synonyms
မြွေပါ
တွေ့မြင်နေကျ မြွေပါတစ်မျိုး

မြွေပါသည် အလွန်စိတ်ခက်ထန်သော သတ္တဝါဖြစ်သော် လည်း ယဉ်အောင်သင်ရန် လွယ်ကူသည်။ မြွေပါကို အာရှအာဖရိကတို့တွင် များစွာ တွေ့ရ၏။ ဥရောပ တွင်မူ စပိန်၌သာ တွေ့ရသည်။ အိန္ဒိယ မြွေပါ မျိုးစိတ်ကို ပါဏဗေဒ အလိုအရ ဟာပတ်စတီးမန်ဂိုဟု ခေါ်၍ ယင်းတို့သည် အီဂျစ်ရှိ မြွေပါများထက် သေးသည်။

မြွေပါသည် ကြွက်၊ မြွေ စသော သတ္တဝါတို့ကို ကိုက်သတ်နိုင်သဖြင့် ထင်ရှား၏။ သို့ရာတွင် အဆိပ်ပြီး၍ကား မဟုတ်။ ထိုအဆိပ်ပြင်းသော သတ္တဝါများထက် လျင်မြန်မှုကြောင့် ဖြစ်၏။ သူတို့၏ ပါးနပ် လျင်မြန်ခြင်း၊ မျက်စိရှင်ခြင်း၊ အမွေးထူခြင်းတို့ကြောင့် မြွေများက ပေါက်သော်လည်း လွတ်အောင် ရှောင်တိမ်းနိုင်၍ မြွေ၏ ဇက်ပေါ်သို့ ခုန်တက် ကာ ကိုက်သတ်နိုင်သည်။ ထို့ပြင် မြွေပါသည် စိတ်ဆိုး သောအခါ အမွေးအမှင်များကို ပွယောင်းထောင်ကြွစေလျက် မာန်ဖီနိုင်သဖြင့် မြွေသည် မြွေပါကို ထိပါးရန် မလွယ်ကူချေ။

ထိုကြောင့် မြွေပါသည် မြွေပေါများသော အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ အရှေ့အိန္ဒိယကျွန်းစု စသည်တို့၌ မြွေဘေးကာကွယ်ရန် အထူးအသုံးဝင်သည်။ သို့ရာတွင် မြွေပါသည် မြွေကို သာမက အခြားကြက်ငှက်နှင့် ကြွက်များကိုလည်း ကိုက်သတ် ဖျက်ဆီးတတ်၏။ လွန်ခဲ့သောနှစ်များက ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုရှိ ဂျမေးကားကျွန်းသို့ သွင်းယူမွေးမြူခဲ့ရာ လျင်မြန်စွာ ပေါက်ပွား၍ လူတို့ မွေးမြူထားသော ဘဲကြက်စသည်တို့ကို အရမ်းမဲ့ ဖျက်ဆီးကြသဖြင့် ယခုအခါ ရှင်ကြီး ကျားထက်ဆိုးသော သတ္တဝါဖြစ်နေလေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စုတွင် မြွေပါကို မမွေးမြူကြရန်နှင့် ဥပဒေဖြင့် တားမြစ်ထားသည်။

ကိုးကား


Tags:

ရှဉ့်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မန်ကျည်းအုန်းပင်သွေးတိုးရောဂါမြန်မာနိုင်ငံ၏ အလံတော်သောမတ် အက်ဒီဆင်ဟန်နီနွေဦးမိုးကုတ်မြို့မင်းတုန်းမင်းဂျိန်းဘာသာစအိုဖြင့် လိင်ဆက်ဆံခြင်းလ (ကမ္ဘာရံဂြိုဟ်)အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆေးခြောက်အိုမန်နိုင်ငံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကောသလမင်း အိပ်မက် (၁၆)ချက်တီဘီရောဂါသမထဗုဒ္ဓဝင်ကံအသက်ရှူခြင်းမင်္ဂလာပါဝဋ္ဋသုတ်မိန်းမ မျိုးပွားအင်္ဂါဒုတိယ ကမ္ဘာစစ်မကွေးမြို့နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမုန့်လုံးရေပေါ်လက်ဖက်လူ့အခွင့်အရေးချစ်လှစွာသော အမုန်းရွှေဆံတော်စေတီ (ပုဂံ)သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)မြန်မာအမျိုးသမီးများနေ့ကျောက်မဲမြို့စောမွန်လှမိတ္ထီလာမြို့နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဘိန်းစာပင်စုန်းကဝေအတတ်အဆိပ်ဝမ်းလျှောခြင်းရာသီဥတုပြောင်းလဲမှုအင်းလေးကန်နဂါးအသည်းရောင် အသားဝါ ရောဂါ အေပိုးကိုယ်ဝန်ဖျက်ချခြင်းတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းငါးရာငါးဆယ်ဇာတ်တော်များစာရင်းမန္တလေးမြို့ပဉ္စာနန္တရိယကံဆောင်ခရမ် အားလပ်ရက်ကျွန်းနက်ညောင်ရေသွန်းပွဲလင်ခန်းမယားခန်း ပြတ်စဲခြင်းလောက်ကိုင်မြို့ပြစ်မှုဆိုင်ရာဥပဒေမြန်မာတိုင်းရင်းသားမျိုးနွယ်များနတ်ပြည် ၆ ထပ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ထိုင်းနိုင်ငံမဟာကမ္ဘောဒီးယားနိုင်ငံနိရောဓသစ္စာမြန်မာနိုင်ငံသမိုင်းမဟာစန္ဒာမုနိဘုရားဗိုလ်တစ်ထောင်ဘုရားတမာပင်စာပေဥပုသ်ဂျာနယ်ကျော် မမလေးမေသက်ခိုင်နန္ဒမာလာဘိဝံသတနင်္သာရီတိုင်းဒေသကြီးယောက်ျား အင်္ဂါတံ🡆 More