ယူရစ်ပီးဒီး

ယူရစ်ပစ်ဒီးဇ် (သို့) အယ်ရီပိဒီးစ် (အင်္ဂလိပ်: Euripides; ဂရိ: Εὐριπίδης Eurīpídēs) သည် ဂရိလူမျိုးနာမည်ကျော် အလွမ်းပြဇာတ်ရေး ဆရာ ဖြစ်သည်။ အသက်ရှင်စဉ်အခါက အခြားနာမည်ကျော် ဂရိပြဇာတ်ရေးဆရာများဖြစ်သော အက်စကိလပ်နှင့် ဆော့ဖာကလီးဇ်တို့လောက် မထင်ရှားခဲ့သော်လည်း ကွယ်လွန်ပြီးနောက်သူ၏ အလွမ်းပြဇာတ်များကို အများဆုံး ခင်းကျင်းပြသခဲ့ကြလေသည်။

ယူရစ်ပစ်ဒီးဇ်
ယူရစ်ပီးဒီး
ယူရစ်ပစ်ဒီးဇ်၏ ခေါင်းတစ်ပိုင်းပုံ:
ရောမရှိ ပီယို-ကလက်မန်တီနို ပြတိုက် လေးရာစု မူရင်းဂရိရုပ်တုကို ရောမတို့၏ ယူထားသော မူပွား
မွေးဖွားဘီစီ ၄၈၀ ဝန်းကျင်
ဆဲလာမစ်ကျွန်း (Salamis)
ကွယ်လွန်ဘီစီ ၄၀၆ ဝန်းကျင် 406 BC (အသက် ၇၄ ခန့်)
မက်စီဒိုးနီးယား
အလုပ်အကိုင်ပြဇာတ်ဆရာ
ထင်ရှားသည့်
လုပ်ဆောင်မှု
အိမ်ထောင်ဖက်(များ)Melite
Choerine
မိဘ(များ)Mnesarchus
Cleito

ဂရိစာပေပါမောက္ခ ဂီးလဗတ်မားရေး ဆိုသူကလည်း ယူရစ်ပီးဒီး၏ အလွမ်းပြဇာတ်အချို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ယူရစ်ပီးဒီး၏ ဖခင်သည် အက်သင်းမြို့မှ ကုန်သည်တစ်ဦးဖြစ်၍ ဂရိနှင့် ပါးရှင်းတို့ ဆလာမစ်ကျွန်း ရေကြောင်း တိုက်ပွဲ ဖြစ်ပွားသောနေတွင် ထိုကျွန်း၌ပင် မွေးဖွားသည်ဟု အဆိုရှိသည်။

ယူရစ်ပီးဒီးသည် ပြဇာတ်ပေါင်း ၉ဝ ကျော် ရေးခဲ့၏။ အသက် ၂၅ နှစ်အရွယ်တွင် သူ၏ ပြဇာတ်ကို ပထမဦးဆုံးအကြိမ် ခင်းကျင်းပြသခဲ့ရသည်။ သို့သော် အသက် ၃၉ နှစ် အရွယ်သို့ရောက်မှ ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူး ရရှိလေသည်။ ယူရစ်ပီးဒီးသည် မိမိရေးသော ပြဇာတ်များအတွက် ပထမဆု ငါးကြိမ် ရရှိ၏။

ယူရစ်ပီးဒီး၏ ပြဇာတ်များတွင် ခေတ်ရှေ့ပြေး အယူအဆ၊ စိတ်ကူးစိတ်သန်းများ ပါဝင်လေသည်။ သူ၏ ပြဇာတ်များတွင် လွမ်းခန်း သက်သက်ချည်းမဟုတ်ဘဲ တေးကဗျာ သီဆိုခန်း ကိုလည်း ကြားညှပ်ထည့်ပေး သည်။


ထိုကြောင့် ခေတ်ပြိုင်ပြဇာတ်ရေး ဆရာတို့၏သရော်ခြင်းကို ခံရ၏။ သို့ရာတွင် ဂရိ သဘာဝတ္ထဗေဒပညာ အယ်ရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)ကမူ ယူရစ်ပီးဒီး၏ ပြဇာတ်များသည် လူ့သဘာဝကျ၍ စိတ်အာရုံကို အလွန် ထိခိုက်စေနိုင်သည်ဟု ဆိုလေသည်။

ယူရစ်ပီးဒီးသည် မကွယ်လွန်မီ နှစ်အနည်းငယ်ခန့်က မက်ဆီဒိုးနားပြည့်ရှင် အာခိလပ်ထံသို့ သွားရောက် ခစားရသည်။ ထိုပြည်၌ပင် ဘီစီ ၄ဝ၆ ခုနှစ်တွင် အနိစ္စရောက်သည်။

ကိုးကား

Tags:

ဂရိဘာသာစကားဆောဖကလီအက်စကိလပ်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကီလိုဂရမ်သက်ရှိသီရိပျံချီဘွဲ့ထားဝယ်မြို့နယ်မြန်မာနာမည်ကရင်အမျိုးသားအလံတော်ဗောဇ္ဈင်္ဂသုတ်သမုဒ္ဒရာတိုက်ဆင်ဖြူမရှင်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများတပေါင်းလပြည့်နေ့ဖူးပွင့်ခိုင်ဘရောက်ဆာ စစ်ပွဲများတောင်ရိုးလူမျိုးလူသားမြန်မာ့ လက်ဝှေ့ဝါကျအပါယ်လေးဘုံဗျည်းမျက်စိနာခြင်းဘန်ကောက်မြို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာနိုင်ငံရေးသမိုင်းမြန်မာ သက္ကရာဇ်ငါးပါးသီလကယားလူမျိုးဗိသုကာပညာလက်ဖက်ရေနံရွှေတိဂုံစေတီတော်ထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်ရေးမြို့မြန်မာနိုင်ငံမြန်မာ-အင်္ဂလိပ် အဘိဓာန်ထိုင်းဘတ်ငွေစကားထာရုရှားနိုင်ငံစစ်မှုထမ်းခြင်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းပြည်မြို့ယူကျူ့ဘ်မြန်မာတိုင်းရင်းသားမျိုးနွယ်များဗမာနိုင်ငံတော်ဂျိန်းဘာသာဆီးချိုရောဂါအီဂျစ်မှ ပိရမစ်များစုဖုရားလတ်ကလေးမြို့ရှေးဟောင်းအီဂျစ်မိုးပုလွေမှုတ်ခြင်းမက္ခရာမင်းသားကြီးကချင်ပြည်နယ်သံချပ်ကာယန္တရားတပ်ဖွဲ့၂၇ မတ်ပန်းဆယ်မျိုးဗာတီကန်စီးတီးဘားအံမြို့ဧရိယာဗီယက်နမ်နိုင်ငံမြိုလူမျိုးအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြန်မာဝီကီပီးဒီးယားပြေတီဦးမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ပင်လုံစာချုပ်ကျစွာမင်းပဋိစ္စသမုပ္ပါဒ်ဂူဂယ်ထိုင်းနိုင်ငံမအင်္ဂါ အစေ့အရက်လောကနီတိအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး🡆 More