ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်

ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော် (အင်္ဂလိပ်: the House of Commons သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ပါလီမန်၏ အောက်လွှတ်တော်ဖြစ်၍ တကယ်လက်တွေ့ဆောင်ရွက်နေသော လွှတ်တော်ဖြစ်သည်။ တိုက်ရိုက်အနက်မှာ သာမန်လူများ၏ လွှတ်တော် ဖြစ်သည်။ အထက်လွှတ်တော် (the House of Lords) ကဲ့သို့ပင် ဝက်စ်မင်စတာ နန်းတော်တွင် တွေ့ဆုံညီလာခံပြုကြသည်။

House of Commons
of the United Kingdom
of Great Britain and Northern Ireland
2019 Parliament (58th Parliament)
Wiki မြန်မာဘာသာCoat of arms or logo
အမျိုးအစား
အမျိုးအစားယူနိုက်တက်ကင်းဒမ်း ပါလီမန်
ခေါင်းဆောင်များ
လွှတ်တော်ဥက္ကဋ္ဌ
လင့်ဒ်ဇီ ဟွိုင်းလ်
၂၀၁၉ နိုဝင်ဘာ ၄ ကတည်းက
Chairman of Ways and Means
Eleanor Laing၊ ကွန်ဆာဗေးတစ်ပါတီ
၂၀၂၀ ဇန်နဝါရီ ကတည်းက
Liz Truss၊ ကွန်ဆာဗေးတစ်ပါတီ
၆ စက်တင်ဘာ ၂၀၂၂ ကတည်းက
အောက်လွှတ်တော်ခေါင်းဆောင်
Jacob Rees-Mogg၊ ကွန်ဆာဗေးတစ်ပါတီ
၂၀၁၉ ဇူလိုင် ၂၄ ကတည်းက
Mark Spencer၊ ကွန်ဆာဗေးတစ်ပါတီ
၂၀၁၉ ဇူလိုင် ၂၄ ကတည်းက
Keir Starmer၊ လေဘာပါတီ
၂၀၂၀ ဧပြီ ၄ ကတည်းက
Thangam Debbonaire၊ လေဘာပါတီ
၂၀၂၁ မေ ၉ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၇၅၀
၃၀၀
နိုင်ငံရေး အုပ်စုများ
    HM Government
      Conservative Party (363)
    HM Most Loyal Opposition
      Labour Party (199)
    Other opposition
      Scottish National Party (45)
      Liberal Democrats (12)
      Democratic Unionist Party (8)
      Plaid Cymru (3)
      Social Democratic and Labour Party (2)
      Alba Party (2)
      Alliance Party (1)
      Green Party (1)
      Independent (6)
    Abstentionist
      Sinn Féin (7)
    Presiding officers
      Speaker (1)
သက်တမ်း
ငါးနှစ်အထိ
ရွေးကောက်ပွဲများ
မဲပေး စနစ်
မဲများသူနိုင် (First-past-the-post)
နောက်ဆုံး ရွေးကောက်ပွဲ
၂၀၁၉ ဒီဇင်ဘာ
လာမည့် ရွေးကောက်ပွဲ
၂၀၂၄ မေ ၂ (သို့) ယင်းနေ့စွဲမတိုင်မီ
Redistrictingနယ်နိမိတ်ကော်မရှင်၏ အကြံပေးချက်နှင့် ဘုရင်/ဘုရင်မ အတိုင်ပင်ခံအဖွဲ့၏ အတည်ပြုချက်
ဆွေးနွေးရာနေရာ
ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်
အောက်လွှတ်တော် ခန်းမဆောင်
ဝက်စ်မင်စတာ နန်းတော်
ဝက်စ်မင်စတာမြို့
လန်ဒန်, အင်္ဂလန်
ယူနိုက်တက်ကင်းဒမ်း
ဝက်ဘ်ဆိုဒ်
parliament.uk/business/commons/

ပါလီမန်ကိုယ်စားလှယ်များ အဖြစ်အသိများသော အောက်လွှတ်တော်သည် ရွေးကောက်တင်မြှောက်ထားသော အမတ် (၆၅၀) ဖြင့် ဖွဲ့စည်းထားသည်။ ထိုအမတ်များသည် ယူနိုက်တက်ကင်းဒမ်း၏ မဲဆန္ဒနယ်များကို ကိုယ်စားပြု၍ မဲအများဆုံးရသူ နိုင်သည့်စနစ် (first-past-the-post) ကိုကျင့်သုံးသည်။ ပါလီမန်တွင် အမတ်အဖြစ် ပါလီမန်ကို မဖျက်သိမ်း/မရုပ်သိမ်းခင်အထိ ဆောင်ရွက်နိုင်သည်။

၁၃-၁၄ ရာစုများကစတင်ပြီး အောက်လွှတ်တော် ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးအရ စကော့တလန်နှင့် ၁၇၀၇ တွင် ပေါင်းစည်းပြီးနောက် ဂရိတ်ဗြိတိန် အောက်လွှတ်တော် ဖြစ်လာခဲ့၍ ၁၈၀၀ တွင် နိုင်ငံရေးအရ အိုင်ယာလန်နှင့် ပေါင်းစည်းပြီးနောက် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် အောက်လွှတ်တော် ဖြစ်လာခဲ့သည်။ ၁၈၀၀ မှစ၍ ယူနိုက်တက်ကင်းဒမ်းဆိုသည်မှာ "ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်"ကို ရည်ညွှန်းခဲ့သည်ဖြစ်ပြီး ၁၉၂၂ အိုင်ယာလန်သည် ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည်လိုက်သောအခါ "ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်"ကို ရည်ညွှန်းခြင်းဖြစ်၏ ။ ထိုအခြေအနေများနှင့်လျော်ညီစွာ အောက်လွှတ်တော်၏ အမည်သည်လည်း ပြောင်းလဲခဲ့၍ လက်ရှိအမည်ဖြင့် ယခုတွင် တည်ရှိနေသည်။

ပါလီမန် အက်ဥပဒေ ၁၉၁၁ နှင့် ၁၉၄၉ အောက်၌ ဗြိတိသျှသူကောင်းမျိုး (Lord) တို့၏ ဥပဒေပြုခြင်းကို ပယ်ဖျက်ခြင်းအာဏာအား နှောင့်နှေး စေခြင်း အာဏာသို့ လျော့ချခဲ့သည်။ အစိုးရသည် အောက်လွှတ်တော်ကိုသာ တာဝန်ခံရ၍ ဝန်ကြီးချုပ်သည် အောက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲရသမျှကာလပတ်လုံး ရာထူးအာဏာတည်မြဲသည်။

မှတ်စု

ကိုးကား

Tags:

ဝက်စ်မင်စတာ နန်းတော်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ လူဦးရေသန်လျင် မင်းကျောင်းဆရာတော်မနီလာမြို့လယ်တွင်းသား စောချစ်ဘာဂျာမှုတ်ခြင်းနာဂလူမျိုးမြင့်မြတ်သော ရောမအင်ပါယာမြန်မာစာစတင်ဖြစ်ပေါ်လာပုံဖက်ဆစ်ဝါဒမုန့်လုံးရေပေါ်ထားဝယ်မြို့နယ်အက်တမ်ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံနန်းဆုရတီစိုးဝိပတ္တိတရားလေးပါးဆွစ်ဇာလန်နိုင်ငံအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကငပလီမြို့အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြန်မာနိုင်ငံ၏ ရွာများမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းမြန်မာနိုင်ငံရှိ မြို့များကွန်ဒုံးလက်တင်ဘာသာစကားမြလ (ကမ္ဘာရံဂြိုဟ်)မြန်မာ့ လက်ဝှေ့ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ခုခံတော်လှန်စစ်တပ်မတော် (ရေ)လိင်တံအရေပြားလေးဘက်နာရောဂါသတိပဋ္ဌာန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပရိက္ခရာ ၈-ပါးသီတင်းကျွတ်လရှင်ပြုခြင်းဗဒုံမင်းသက္ကရာဇ်မဟာဗန္ဓုလစုန်းကဝေအတတ်ကမ္ဘာ့လေထုသူငယ်နာအလောင်းစည်သူကုလသမဂ္ဂအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဧပရယ်လ်ဖူးလ်နေ့ကယားပြည်နယ်ရဟန်းခံခြင်းဂျပန်သမိုင်းကြာသပတေးဂြိုဟ်မိမိကိုယ်ကို သတ်သေခြင်းသမ္မာကျမ်းစာအိချောပိုဘင်္ဂလားဒေ့ရှ်နိုင်ငံသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)လိင်ဆက်ဆံခြင်းလက်ဖက်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မွန်ဂိုကျောက်ဖြူမြို့ရှမ်းဘာသာစကားကယန်းလူမျိုးပလောင်းနိုင်ငံခွေးရူးပြန်ရောဂါသားအိမ်ဆယ်ပါးသီလမဇ္ဈိမ သတင်းဌာနမြန်မာတို့၏ကျင့်ဝတ်များအဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအီဂျစ်နိုင်ငံကုန်းဘောင်ခေတ်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်မြန်မာနိုင်ငံ၏ အလံတော်🡆 More