ဖျဲ ဂါဆန်ဒီ

ဖျဲ ဂါဆန်ဒီ (ပြင်သစ်: Pierre Gassendi, ပြင်သစ်: ) သည် ပြင်သစ် အတွေးခေါ်ဆရာ၊ ကတ်သလစ်ရဟန်း၊ နက္ခတ္တဗေဒပညာရှင်နှင့် သင်္ချာပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းကို Pierre Gassend ၊ Petrus Gassendi ဟုလည်း ခေါ်ဝေါ်ကြ၏ ။ ပြင်သစ်ပြည် အရှေ့တောင်ပိုင်းရှိ ဘုရားကျောင်းတွင် အမှုထမ်းခဲ့စဉ် ပဲရစ်မြို့တွင်လည်း ကာလကြာကြာ နေထိုင်ခဲ့ဖူးကာ ယင်း၌ လွတ်လပ်စွာတွေးခေါ်ခြင်း ဉာဏပညာရှင်များ၏ ခေါင်းဆောင်လည်းဖြစ်လေသည်။ တက်ကြွသည့် စူးလမ်းလေ့လာတတ်သော သိပ္ပံဆရာတစ်ဦးဖြစ်သည့် ဂါဆန်ဒီသည် ၁၆၃၁ ၌ မာကျူရီဂြိုဟ်၏ ဖြတ်သန်းခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို ထုတ်ဝေခဲ့သည်။ လပေါ်ရှိ တွင်းနက်အမည်တစ်ခုကို ဂါဆန်ဒီဟုပင် ၎င်းကိုအစွဲပြု၍ အမည်ပေးထားသည်။

သိက္ခာတော်ရ
ဖျဲ ဂါဆန်ဒီ
ဖျဲ ဂါဆန်ဒီ
ဖျဲ ဂါဆန်ဒီ
မွေးဖွား(1592-01-22)၂၂ ဇန်နဝါရီ၊ ၁၅၉၂
Champtercier, Provence
ကွယ်လွန်၂၄ အောက်တိုဘာ၊ ၁၆၅၅(1655-10-24) (အသက် ၆၃)
Paris
ခေတ်၁၇ ရာစု ဒဿနခေတ်
ဒေသအနောက်တိုင်းဒဿန အဝန်းအဝိုင်း
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)
  • အရစ္စတိုတယ်ဝါဒ
  • အဲပစ်ခယူးရပ်စ်ဝါဒ
  • အက်တမ်အယူအဆ
  • အခြေစိုက်ဒဿန
  • ပညတ်ဝါဒ
  • ရုပ်ဝါဒ
  • Corpuscularianism
  • ဘာသာရေးဆိုင်ရာ ဆန္ဒအလျောက်လုပ်ဆောင်မှု
ဌာနUniversity of Aix-en-Provence
Collège Royal
အဓိက စိတ်ဝင်စားရာ
ဒဿနယုတ္တိဗေဒ၊ ရူပဗေဒ၊ ကိုယ်ကျင့်တရား
မှတ်သားလောက်သည့် အတွေးအကြံ
Calor vitalis (vital heat)

ဒဿနဆိုင်ရာကျမ်းများစွာကို ရေးသားခဲ့သူ ဂါဆန်ဒီ၏ ဒဿနအဆိုပြုချက်အချို့ကို အရေးပါသည်ဟု မှတ်ယူကြပြီး ထိုအဆိုပြုချက်များတွင် တရားသေစွဲမှတ်ခြင်းဝါဒနှင့် အယုံအကြည်ကင်းမဲ့ခြင်းဝါဒတို့ကြား လမ်းတစ်ခုကို ရှာဖွေရန်ကြိုးစားထားလေသည်။ ရစ်ချဒ် ပေါ့ကင်က ဂါဆန်ဒီသည် အစွန်းမရောက်သော အယုံအကြည်ကင်းမဲ့ခြင်းဝါဒနှင့် ကိုယ်တွေ့မျက်မြင် ဒဿနတို့နှင့် ပတ်သက်၍ ခေတ်သစ် သိပ္ပံနည်းကျအမြင်တစ်ရပ်ကို ဖော်ထုတ်ရန် စဉ်းစားသော ပထမဆုံးတွေးခေါ်သူများထဲက တစ်ဦးပါဟု မှတ်ချက်ပြုသည်။ အချို့သော အသိဉာဏ် အယူအဆ ဖြစ်နိုင်ချေများအပေါ်၌ ခေတ်ပြိုင်ပုဂ္ဂိုလ် ဒေးကာ့ (Descartes) နှင့် ကွဲလွဲသော သဘောရှိသည်။ အဲပစ်ခယူးရပ်စ်ဝါဒနှင့် ခရစ်ယာန်အယူအဆကို ညှိနှိုင်းရန် ကြိုးပမ်းခဲ့သည့် လုပ်ငန်းကို လူသိအများဆုံးဖြစ်လေသည်။

ကိုးကား

Tags:

ပြင်သစ်ဘာသာစကားမာကျူရီဂြိုဟ်ဝီကီပီးဒီးယား:IPA for French

🔥 Trending searches on Wiki မြန်မာဘာသာ:

သိကြားမင်းဝေဿန္တရာဇာတ်တော်ငှက်သိုက်ရှင်ပြုခြင်းသုက်ပန်းခြင်းMinecraftထားမြစ်ကြီးနားမြို့မြန်မာနိုင်ငံ၏ ဘာသာစကားများအရှေ့တောင်အာရှကရင် အမျိုးသား အစည်းအရုံးလာအိုနိုင်ငံစီးပွားရေးလုပ်ငန်း အမျိုးအစားများယောက်ျား အင်္ဂါတံဓူဝံကြယ်ဘဒ္ဒကမ္ဘာရန်ကုန်တိုင်းဒေသကြီးနန်းမွေစံခရစ္စတိုဖာ ကိုလံဘတ်သရေခေတ္တရာနှစ်ကျိပ်ရှစ်ဆူကြက်စွမ်းအင် ဝန်ကြီးဌာနသီပေါမင်းမြန်မာ စံတော်ချိန်ပယင်းကြို့ပင်ကောက်မြို့နယ်မုတ္တမမြို့ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာလင်းသိုက်ညွန့် (မြန်မာ့မြေ)မြန်မာအဘိဓာန်လွှမ်းမိုးဆိုရှယ်လစ်ဝါဒရဟန်းခံခြင်းပုညခင်ရွှေဥဒေါင်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)ရွှေတိဂုံစေတီတော်ခြင်းလုံး ကစားခြင်းမဟာသမယသုတ်ဂူဂယ် ခရုမ်းစာရင်းအင်း ပညာနွေရာသီသင်္ဃန်းကျွန်းမြို့နယ်ခုနစ်စဉ်ကြယ်ကမ္မဋ္ဌာန်းရာဇာဓိရာဇ်အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြေဆီလွှာဘိုးမင်းခေါင်ကံ့ကော်ပင်ပေါက် (သစ်ပင်)ရာပြည့်တနင်္သာရီတိုင်းဒေသကြီးပြည်ထဲရေး ဝန်ကြီးဌာနပန်းချီမန်ချက်စတာ ယူနိုက်တက်ပရိတ်ကြီး ၁၁ သုတ်သက်မွန်မြင့်အာဇာနည် ခေါင်းဆောင်ကြီးများဝေလငါးအားမိမိကိုယ်ကို သတ်သေခြင်းပင်လုံစာချုပ်သုတ္တန်ပိဋကတ်လမ်းမတော်ဖိုးတုတ်ကိုးကန့်လူမျိုးမွန်ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရတနသုတ်ခြင်းလုံးလိင်မြွေ🡆 More