ပီတာ ပေါ ရူးဗင်

ပီတာပေါ ရူးဗင် သည် နာမည်ကျော် ဖလင်းမစ်‎အမျိုးသား ပန်းချီဆရာ‎ဖြစ်သည်။ ရူးဗင်သည် ရီနေဆွန်းခေတ်‎ အီတလီနိုင်ငံ‎ ပန်းချီလက်ရာကို ဥရောပမြောက်ပိုင်း ထိပ်တန်းပန်းချီ လက်ရာနှင့် ပေါင်းစပ်ပြီးလျှင် ဆေးရောင်ခြယ်ခြင်း၊ ပုံဖော်ခြင်း တို့၌ မိမိဉာဏ်ကွန့်၍ ရေးဆွဲခဲ့သည်။ ထိုကြောင့် ရူးဗင် ကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာ ဥရောပတိုက်ရှိ ပန်းချီဆရာတို့က သူ၏လက်ရာကို အတုယူ ရေးဆွဲကြရလေသည်။

Sir Peter Paul Rubens
ပီတာ ပေါ ရူးဗင်
Self-portrait, 1623, Royal Collection
မွေးဖွားPeter Paul Rubens
(1577-06-28)၂၈ ဇွန်၊ ၁၅၇၇
Siegen, County of Nassau (now North Rhine-Westphalia, Germany)
ကွယ်လွန်၃၀ မေ၊ ၁၆၄၀(1640-05-30) (အသက် ၆၂)
Antwerp, Spanish Netherlands (now Belgium)
နိုင်ငံလူမျိုးFlemish
ပညာရေးTobias Verhaecht
Adam van Noort
Otto van Veen
ကျော်ကြားမှုအရင်းခံPainting, Printmaking
နိုင်ငံရေး လှုပ်ရှားမှုFlemish Baroque
Baroque
လက်မှတ်
ပီတာ ပေါ ရူးဗင်

ဗဲလဂျီယမ်နိုင်ငံ‎၊ အန့်တွပ်မြို့‎ရှိ ရူးဗင်၏ နေအိမ်သို့ ပန်းချီပညာသင် မြောက်မြားစွာတို့ လာရောက်၍ တပည့်ခံကြ သည်။ ပုံတူကားရေးဆွဲရာ၌ နာမည်ကျော်သော ပန်းချီဆရာ ဗန်ဒိုက် ဆာအန်တိုနီမှာ ရူးဗင်၏တပည့်ဖြစ်သည်။ ရူးဗင်ရေးဆွဲခဲ့သော ပန်းချီကားပေါင်း ၁၂၅ဝ ခန့်တွင် ရှုခင်းပုံနှင့် တိရစ္ဆာန်ပုံ ပန်းချီကားများလည်း ပါဝင်၏။ ထုံးဟောင်းပုံပြင်နှင့် အယူဝါဒဆိုင်ရာ ပန်းချီကားများ၊ ပုံတူပန်းချီကားများလည်း ပါဝင်၏။ ရူးဗင်သည် နန်းတော်နံရံတွင် တန်ဆာဆင်ရန် ပန်းချီကားချပ်ကြီးများ၊ ကသီဒရယ် ဘုရားရှိခိုးကျောင်း‎တွင် တန်ဆာဆင်ရန် ပန်းချီကားချပ်ကြီးများကို ရေးဆွဲရန် အထူးပင် ဝါသနာထုံသည်။ ရူးဗင်၏ ပန်းချီကား များသည် အသက်ဝင်လျက် ရှိပြီးလျှင် သူ၏လက်စွမ်းနှင့် စိတ်ကူးဉာဏ်ကို ထုတ်ဖော်ပြသလျက် ရှိပေသည်။

ရူးဗင်ကို ၁၅၇၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဂျာမနီနိုင်ငံ‎အနောက်ပိုင်း ဆီးဂျင်းမြို့၌ ဖွားမြင်သည်။ ဖခင်သည် ဗဲလဂျီယမ်နိုင်ငံသား ဖြစ်သော်လည်း အယူဝါဒအစွဲအလမ်းကြောင့် ပြည်နှင်ဒဏ် ခံနေရသူဖြစ်၏။ ရူးဗင်သည် ဘခင်ကွယ်လွန်ပြီးနောက် မိခင်နှင့်အတူ ဇာတိအရပ်ဖြစ်သော အန့်တွပ်မြို့သို့ ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ၁၅၉၈ ခုနှစ်တွင် ပန်းချီဆရာအသင်းဝင်တစ်ဦး ဖြစ်လာပြီးလျှင် နှစ်နှစ်ကြာသော အခါ အီတလီနိုင်ငံသို့ သွားရောက်၍ မန်တူအာမြို့စားထံ၌ ခစားသည်။ ရူးဗင်သည် မြို့စားကြီးအတွက် ပန်းချီကားပေါင်း များစွာ ရေးဆွဲခဲ့ရသည့်အပြင် ရောမမြို့‎၊ဂျီနိုးအားမြို့‎နှင့် ဗင်းနစ်မြို့‎များ၌ အီတလီရီနေဆွန်းခေတ်မှ ပန်းချီကျော်တို့၏ လက်ရာများ ကို လေ့လာခဲ့ရလေသည်။

၁၆ဝ၈ ခုနှစ်တွင် အန့်တွပ်မြို့သို့ ပြန်လာပြီးနောက် မကြာမီ အဇ္ဇဗလားဗရန့်ဆိုသူနှင့် လက်ထပ်သည်။ ၁၆၂၂ ခုနှစ် တွင် ပြင်သစ်ဘုရင် ၁၃ ဆက်မြောက်လူဝီ၏ မယ်တော်က ရူးဗင်အား ဖိတ်ခေါ်၍ သူ၏ဘဝ အဖြစ်အပျက်များကို ပန်းချီ ကားများဖြင့် သရုပ်ဖော်စေ၏။ ထိုပန်းချီကားများသည် ပါရစ်မြို့၊ လပ်ဇင်ဗူးနန်းတော်၌ တန်ဆာဆင်ရန် ဖြစ်လေသည်။ ပန်းချီကျော်ရူးဗင်သည် သံတမန်အဖြစ်လည်း အရည်အချင်းပြည့်သူဖြစ်၏။ ၁၆၂၈ ခုနှစ်တွင် ဖလင်းမစ် ဘုရင်ခံက ရူးဗင်အား သံတမန်အဖြစ် စပိန်နိုင်ငံ‎ စတုတ္ထဖိလစ်ဘုရင်ထံသို့ စေလွှတ်ခဲ့သည်။ နောက်တစ်နှစ်တွင် စပိန်နိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့ စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုရန် အင်္ဂလန်နိုင်ငံ‎ ပထမချားဘုရင်ထံသို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရ လေသည်။ ရူးဗင်သည် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင် သဖြင့် ချားဘုရင်က ဆာဘွဲ့အပ်နှင်း၍ သူကောင်းပြုသည်။ စပိန်ဘုရင်ကလည်း ဘွဲ့ထူးဖြင့် ခြီးမြှင့်လေသည်။

ထိုနောက် ရူးဗင်သည် သံတမန်ရာထူးကို စွန့်လွှတ်ပြီး လျှင် အန့်တွပ်မြို့၌ အေးချမ်းစွာ နေထိုင်လေသည်။ ပထမ ဇနီးသည် ၁၆၂၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ၁၆၃ဝ ပြည့်နှစ်၌ ဟယ်လီနာဖိုးမင့် ဆိုသူနှင့် လက်ထပ်ပြန်သည်။ ရူးဗင်သည် ခန့်ညားထယ်ဝါစွာ နေထိုင်၏။ သူ၏နေအိမ်ကြီးတွင် ရှေး ခေတ်နှင့် နှောင်းခေတ် ပန်းချီလက်ရာကျော်များဖြင့် တန်ဆာ ဆင်ထားသည်။ သူ၏ပထမဇနီးနှင့် ကလေးများပုံတူပန်းချီကား၊ ဒုတိယဇနီး ပုံတူပန်းချီကားများသည် အနုပညာလက်ရာမြောက် သော ပန်းချီကားများအဖြစ် ထင်ရှားသည်။ မင်းစိုးရာဇာပိုင်းက လည်းကောင်း၊ အနုပညာရှင်ပိုင်းကလည်းကောင်း ရူးဗင်နှင့် မိတ်ဖွဲ့၍ သူ့အိမ်သို့ ဝင်ထွက်သွားလာလေ့ ရှိကြသည်။ ရူးဗင်သည် ၁၆၄ဝ ပြည့်နှစ် မေလ ၃ဝ ရက်နေ့တွင် အနိစ္စရောက်လေသည်။

ကိုးကား

Tags:

ရီနေဆွန်းခေတ်အီတလီနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ချဉ်ပေါင်ပိုပေါ့လီတာကားသိန်းစိန် (နိုင်ငံတော်သမ္မတ)ယောက်ျား အင်္ဂါတံဒြပ်စင်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံမြန်မာနိုင်ငံရှိ မြို့များပန်ထွာဘုရင်မလျှပ်စစ်ဓာတ်အားကမ္ဘာမြေနေ့ဗုဒ္ဓစစ်ကိုင်းတိုင်းဒေသကြီးရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မကွေးမြို့အင်းဝမြို့အမျိုးသမီးဂျူး (စာရေးဆရာမ)ဆီးချိုရောဂါလက္ခဏာများကျောက်ကပ်သယ်ယူပို့ဆောင်ရေးဘုရား (ဗုဒ္ဓဘာသာ)ငွေ (သတ္တု)မြန်မာနိုင်ငံရှိ ရွာများ စာရင်းတာချီလိတ်မြို့ပတ္တပိုဏ်ဓုတင်မြစေတီကျောက်စာစကားကြီး ဆယ်မျိုးဗိုလ်ချုပ်မှူးကြီးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မိကျောင်းလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များဟိန္ဒူဘာသာဖေ့စ်ဘွတ်ခ်သဘာဝပတ်ဝန်းကျင်တရုတ်စံကားအချိန်ရှမ်းလူမျိုးအောင်ဆန်းအာရှနိုင်ငံများဝပြည်နယ်မွန်ဘာသာစကားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒီမိုကရေစီပြေတီဦးဗေဒင်စအိုဖြင့် လိင်ဆက်ဆံခြင်းစိတ်လ (ကမ္ဘာရံဂြိုဟ်)မြန်မာ-အင်္ဂလိပ် အဘိဓာန်ထက်ထက်မိုးဦးပြစ်မှုဆိုင်ရာဥပဒေရာသီအလိုက်ပွင့်သောပန်းများဂျိုးဇတ် စတာလင်စိုးထွဋ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်စိန်ပြောင်းဖွေးဖွေးတရုတ်စေတသိက်ညှင်းစက္ကူပန်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဗမာပြည် ကွန်မြူနစ်ပါတီသင်္ဂါယနာမိန်းမ မျိုးပွားအင်္ဂါပေကျင်းမြို့ပထဝီဝင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်🡆 More