နဏ္ဍသဲ

နဏ္ဍသဲ (ဟိုမို နဏ္ဍသဲလန်စစ် သို့ ဟိုမိုဆေပျံ နဏ္ဍသဲလန်စစ်) သည် မျိုးတုံးသွားပြီဖြစ်သော ပေါရာဏမနုဿတို့အနက် မျိုးစိတ်တခုဖြစ်သည်။ ယူရေးရှား၌ လွန်ခဲ့သော နှစ် ၄၀၀၀၀ ခန့်အထိ နေထိုင်ဖူးသည်။ ခေတ်သစ်လူတို့၏ ဂျီနုမ်းနှင့်တူလာခြင်း၊ ရာသီဥတုအပြောင်းအလဲ၊ ရောဂန္တရကပ်၊ တခုခု သို့မဟုတ် အကြောင်းအကျိုးအစုံသုံး၍ ၎င်းမျိုးအကုန်တုံးခြင်း ဖြစ်တန်ရာ၏။ ၎င်းတို့နေရာကို အစောပိုင်း ဥရောပသား ခေတ်သစ်လူတို့က နေရာဝင်ယူသည်။

Neanderthal
Temporal range: Middle to Late Pleistocene 0.43–0.04 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Slightly angled head-on view of a Neanderthal skeleton, stepping forward with the left leg
An approximate reconstruction of a Neanderthal skeleton. The central rib-cage (including the sternum) and parts of the pelvis are from modern humans.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
မျိုးရင်း: Hominidae
မျိုးရင်းသေး: Homininae
မျိုးဇာတ်: Hominini
မျိုးစု: Homo
မျိုးစိတ်:
H. neanderthalensis
ဒွိနာမ
Homo neanderthalensis
King, 1864
Stretching across all of Portugal, Spain, Switzerland, Italy, England, southern Germany and Austria, all of the Czech Republic, Hungary, Romania, Croatia, Montenegro, the Peloponnesian Peninsula, the Crimean peninsula, the Black Sea–Caspian Steppe west of the Caucasus, southern Turkey, northern Syria, the Levant, northern Iraq spilling over into Iran, the east end of Uzbekistan, and in Russia just northeast of Kazakhstan
Known Neanderthal range in Europe (blue), Southwest Asia (orange), Uzbekistan (green), and the Altai Mountains (violet)
Synonyms

ခေတ်သစ်လူနှင့် နဏ္ဍသဲတို့အကြား ထင်သာမြင်သာရှိသော စည်းဟူ၍ မတားနိုင်။ လေ့လာချက်များအရ နှစ် ၃၁၅၀၀၀ မှသည် ၈၀၀၀၀၀ အထိ အဟအထပ်ရှိနေသည်။ နဏ္ဍသဲနှင့် ၎င်း၏ဘိုးဘေး အိက် ဟိုင်ဒယ်ဂါဂျန်စစ်သည်လည်း ထိုနည်း၎င်းပင်။ အစောဆုံးတွေ့ရသော နဏ္ဍသဲဟုယူနိုင်သည့် အရိုးများမှာ လွန်ခဲ့သော နှစ် ၄၃၀၀၀၀ ကဟု ဖော်ပြနေသည်။ သို့သော်လည်း အရိုးကပင် မသဲကွဲလေရာ အဖြေသည်လည်း မထင်ရှားတော့။ နဏ္ဍသဲတို့ရှိကြောင်းကိုမူ နှစ် ၁၃၀၀၀၀ သက်တမ်းရှိ အရိုးအများက သက်သေခံနေသည်။ နဏ္ဍသဲ-၁ ကို ၁၈၅၆ ခုတွင် ယခု ဂျာမနီပိုင်ဖြစ်လာမည့် နဏ္ဍာတောင်ကြား၌ စတွေ့ရသည်။ ဟုတ်မဟုတ် စစ်မစစ် ငြင်းကြခုန်ကြအပြီးတွင် ၂၀ ရာစုအစောပိုင်း အသိပညာများကြောင့် နဏ္ဍသဲကို သုတေသီတို့က ခပ်တုံးတုံး ကျောက်ခေတ်လူအဖြစ်သာ ယူကြသည်။ သို့သော် သိပ္ပံဆိုင်ရာအသိုင်းအဝိုင်းတွင် အသိအမြင် ဗဟုသုတ တိုးတက်လာသည်နောက် အသိဉာဏ်မဖွံ့ဖြိုးသော ဂူအောင်းလူတို့အား အထင်အမြင်သေးခြင်းသည်လည်း ယဉ်ကျေးမှုအရ ပြောင်းလဲသွားသည်။

နဏ္ဍသဲတို့သုံးသော နည်းပညာတို့မှာ အတန်ကလေး ရှုပ်ထွေးသည်။ ၎င်းတွင် ကျောက်လက်နက်နယ်ပယ်လည်း အဝင်အပါဖြစ်သည်။ မီးကိုဖန်တီးခြင်း၊ ဂူတွင်း၌ မီးလင်းဖိုဆောက်ခြင်း၊ ဘုစပတ်စေးဖြင့် စောင်နှင့် တဘတ်ကြီးတို့လုပ်ကာ ရိုးစင်းသောအဝတ်များ ထွင်ခြင်း၊ မြေထဲပင်လယ်၌ ရွက်လွှင့်ခြင်း၊ ဆေးပင်များ အသုံးချခြင်း၊ ဒဏ်ရာကုခြင်း၊ အစာလှောင်ခြင်း၊ ကင်ပြုတ်ကျပ်တင် စသော ချက်နည်းများ ထွင်ခြင်းတို့ကိုလည်း လုပ်ခဲ့သည်။

အချို့လည်း ဘာသာတရားပင် ပေါ်ပေါက်ပြီ ဆိုသည်။ စကားပြောနိုင်စွမ်းရှိပြီး တုပပြောနိုင်သည်မှာ သေချာသည်။ ဘာသာစကား ရှုပ်ရှုပ်ထွေးထွေးကိုမူ အသုံးနိုင်သေး။

ခေတ်သစ်လူတို့နှင့်နှိုင်းလျှင် နဏ္ဍသဲတို့သည် တုတ်တုတ်ခိုင်ခိုင်ရှိပြီး အချိုးအစားအရ ခြေလက်မှာ တိုသည်။ ခြေလက်တိုခြင်း၏ကောင်းကွက်ကို သုတေသီတို့က အေးသောဥတုတို့၌ ကိုယ်တွင်းအပူကို ထိန်းနိုင်ရန်ဟု သုံးသပ်သည်။ သို့သော် နဏ္ဍသဲတို့မှာ တောထူသောနေရာတို့၌နေ၍၎င်း၊ လှုပ်လှုပ်ရှားရှားပြု၍ ကိုယ်ကို နွေးအောင်လုပ်ရန်ကို၎င်း သိနှင့်လေပြီ။ သို့သော်လည်း ကိုယ်တွင်းအဆီလှောင်မှုကို အဓိကထားသည်ကိုကြည့်၍ အအေးပိုင်းနှင့်ကိုက်သောကိုယ်ရှိခြင်းမှာ သေချာသည်။ လေနွေးနွေးဝင်ရန် နှာခေါင်းပေါက်ကျယ်ကျယ်လည်း ပါသည်။ (နှာခေါင်းမှာ ဗီဇအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သည်။) ပုံမှန် နဏ္ဍသဲ ယောက်ျားသည် ၁၆၅ စင်တီ (၅ ပေ ၅ လက်မ) ရှည်ပြီး အမျိုးသမီးတို့မှာ ၁၅၃ စင်တီ (၅ ပေ) မျှ အရပ်ရှည်သည်။ စက်မှုခေတ်မရောက်မီ ခေတ်သစ်လူတို့အရပ်မျှ ဖြစ်သည်။ ဦးနှောက်အိမ်မှာ နဏ္ဍသဲအမျိုးသားတွင် ၁၆၀၀ ကုဗစင်တီ (၉၈ ကုဗလက္မ) နှင့် အမျိုးသမီးတွင် ၁၃၀၀ ကုဗစင်တီ (၇၉ ကုဗလက္မ) ရှိကြသည်။ လက်ရှိ ခေတ်သစ်လူတို့၏ ပမာဏအတိုင်းပင်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ရှမ်းလူမျိုးမြန်မာအက္ခရာသမိုင်းလား (တိရစ္ဆာန်)မဟာဗန္ဓုလမြဝတီမြို့လက်ဖက်သီတင်းကျွတ်လအင်္ဂလိပ်-မြန်မာ စစ်ပွဲများလေးဖြူဗင်းဆင့် ဗန်ဂိုးမိုးကုတ်မြို့ဗိဿနိုးမြို့ဟောင်းအောက်ချင်းငှက်တပေါင်းလပြည့်နေ့ကရင်ပြည်နယ်အသံထိုင်းနိုင်ငံအဲလ်ဘတ် အိုင်းစတိုင်းဆေးခြောက်မကွေးတိုင်းဒေသကြီးစက်တော်ရာသန်လျင် မင်းကျောင်းဆရာတော်ဂျိန်းဘာသာပဋိစ္စသမုပ္ပါဒ်ပုပ္ပါးတောင်မြန်မာနိုင်ငံမြန်မာ စံတော်ချိန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းစိတ်ပညာတိုကျိုမြို့တိရစ္ဆာန်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ရူပဗေဒတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုမြန်မာနိုင်ငံရှိ မြို့များကျွန်မက နှင်းဆီပါမောင်ဦးသန့်ပြေတီဦးရွှေတိဂုံစေတီတော်ဗောဇ္ဈင်္ဂသုတ်ဇဏ်ခီသွေးလွန်တုပ်ကွေးမြင့်မြတ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့ဗမာအစည်းအရုံးအမျိုးသားနေ့နေ့နံနတ်သျှင်နောင်ငလျင်လှုပ်ခြင်းအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကကုန်းဘောင်ခေတ်နေအဖွဲ့အစည်းစစ်ပင်လစ်ဘာတီ ရုပ်တုဟာဝိုင်ယီကျွန်းစုစုန်းကဝေအတတ်သစ္စာလေးပါး၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းသန်လျင်မြို့စင်ကာပူနိုင်ငံကျောက်ကပ်အီရန်နိုင်ငံအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခင်ဝင့်ဝါCanal+ Myanmarသနပ်ခါးအချိန်ပါရာဇိကဘိုက်ဒန်းစ်တပ်မတော်မလေးရှားနိုင်ငံဟာဝိုင်ယီပြည်နယ်မြန်မာနိုင်ငံ၏ စီးပွားရေးသီပေါမင်း🡆 More