ဂျနီဖာ လိုပက်ဇ်

ဂျနီဖာ လင်း လိုပက်ဇ် (အင်္ဂလိပ်: Jennifer Lynn Lopez) (၁၉၆၉ ဇူလိုင် ၂၄ မွေး) သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ဖက်ရှင်ဒီဇိုင်းနာ၊ ထုတ်လုပ်သူ နှင့် အဆိုတော် တစ်ယောက် ဖြစ်သည်။ သူမသည် ၁၉၈၆ ခုနှစ်ထုတ်ဝေသော ရုပ်ရှင် ဖြစ်သည့် မိုင် လစ်တဲလ် ဂဲလ် (My Little Girl) တွင် မထင်ရှားသော အခန်းမှ ပါဝင်သရုပ်ဆောင်ပြီးနောက် ဖျော်ဖြေရေး လုပ်ငန်းတွင် ဆက်လက်လုပ်ကိုင်ရန် စိတ်ဝင်စားလာခဲ့သည်။ သူမ၏ ပြူရီတိုရီကန်လူမျိုး မိဘများကမူ စပိန်မျိုးနွယ် တို့အတွက် မဖြစ်နိုင်သည့် အလုပ်ဟု ဆိုကာ အားမပေးပဲ နေခဲ့သည်။ ၁၉၉၁တွင် သူမသည် အင် လစ်ဗင်း ကာလာ (In Living Color) ရုပ်မြင်သံကြား အစီအစဉ်တွင် အကမယ် အဖြစ် နေရာကောင်းမှ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့ပြီး ၁၉၉၃ သူမ သရုပ်ဆောင် လုပ်ငန်း မလုပ်မီ အထိ ပုံမှန် လုပ်ကိုင်နေခဲ့သည်။ ၁၉၉၇ ဆယ်လီနာ (Selena) ရုပ်ရှင်တွင် အဓိက မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခွင့် ရရှိခဲ့သည်။ နောက်တစ်နှစ်တွင်မူ အောက်အော့ဖ်ဆိုက်ဒ် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီးနောက် လက်တီနာ သရုပ်ဆောင် မင်းသမီး များထဲမှ ပထမဆုံး ဒေါ်လာ ၁သန်းကျော် ဝင်ငွေ ရရှိသူ ဖြစ်လာခဲ့သည်။ သူမသည် တေးဂီတ နယ်ပယ်သို့ ၁၉၉၉ တွင် စွန့်စား ဝင်ရောက်ခဲ့ပြီး အွန်သည်ဆစ် (On the 6) အယ်လ်ဘမ် ထွက်ရှိပြီးနောက် ရုပ်ရှင် သရုပ်ဆောင် အဖြစ်မှ တေးဂီတလောကသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့သော လူပေါင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့လေသည်။

ဂျနီဖာ လိုပက်ဇ်
ဂျနီဖာ လိုပက်ဇ်
Lopez in 2021
မွေးဖွားJennifer Lynn Lopez
(1969-07-24) ဇူလိုင် ၂၄၊ ၁၉၆၉ (အသက် ၅၄)
New York City, U.S.
အခြား အမည်များ
  • J.Lo
  • Jennifer Affleck
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
  • အကသမား
  • မော်ဒယ်
  • စီးပွားရေးလုပ်ငန်းရှင်
တက်ကြွလှုပ်ရှားနှစ်များ1986–present
ဖန်တီးမှုများ
  • Discography
  • songs recorded
  • videography
  • filmography
  • performances
အိမ်ထောင်ဖက်(များ)
  • Ojani Noa (လက်ထပ် 1997; ကွာရှင်း 1998)
  • Cris Judd (လက်ထပ် 2001; ကွာရှင်း 2003)
  • Marc Anthony (လက်ထပ် 2004; ကွာရှင်း 2014)
  • Ben Affleck (လက်ထပ် 2022)
သားသမီး2
မိဘများ
  • David López (ဖခင်)
  • Guadalupe Rodríguez (မိခင်)
ဆွေမျိုးသားချင်းLynda Lopez (sister)
ရရှိသည့်ဆုများFull list
ဝက်ဘ်ဆိုဒ်jenniferlopez.com
ဂီတခရီးလမ်း
ဂီတဟန်
  • Pop
  • R&B
  • Latin
  • hip hop
  • dance
တူရိယာVocals
တေးသံသွင်း ကုမ္ပဏီ
  • Work
  • Epic
  • Island
  • Capitol
  • Hitco
ပူးတွဲ ပါဝင်မှု
  • Sean Combs
  • Fat Joe
  • Marc Anthony
  • LL Cool J
  • Pitbull
လက်မှတ်
ဂျနီဖာ လိုပက်ဇ်

သူမ၏ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်သော ဂျေလိုး (J.Lo) နှင့် သူမ၏ ရုပ်ရှင် ဝဲလ်ဒင် ပလန်နာ (The Wedding Planner) ကို ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေပြီးနောက် ဂျနီဖာ လိုပက်ဇ်သည် တစ်ပတ်အတွင်း တေးအယ်လ်ဘမ် နှင့် ရုပ်ရှင် တစ်ပြိုင်တည်း ထွက်ခဲ့သူ ပထမဆုံး ဖြစ်ခဲ့သည်။ သူမ၏ ၂၀၀၂ ခုနှစ် ရီမစ်ဇ် အယ်လ်ဘမ် ဖြစ်သော J to tha L–O! The Remixes သည် ထွက်ထွက်ချင်း ယူအက်စ် ဘီလ်ဘုတ် ထိပ်ဆုံး ၂၀၀ တွင် ပထမနေရာ ရခဲ့သော အယ်လ်ဘမ် အဖြစ် သမိုင်းတွင်ခဲ့ပြီး သူမ၏ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ် ဖြစ်သော Como Ama una Mujer (၂၀၀၇) သည် အမေရိကန် ပြည်ထောင်စုတွင် ပထမပတ် အတွင်း အရောင်းရဆုံး စပိန်အယ်လ်ဘမ် အဖြစ် စံချိန်တင်ခဲ့သည်။ သီချင်းခွေ ရောင်းရသည့် ဝင်ငွေ ၅၅ သန်းနှင့် စုစုပေါင်း ရုပ်ရှင် ဝင်ငွေ ၂ ဘီလီယံ ရှိသဖြင့် လိုပက်ဇ်သည် အမေရိကန်တွင် ဩဇာလွှမ်းမိုးမှု အရှိဆုံး စပိန် အဆိုတော် သရုပ်ဆောင် နှင့် လက်တင် ဖျော်ဖြေရေး သမားများထဲမှ ဝင်ငွေ အများဆုံး ရရှိသူ အဖြစ် သတ်မှတ်ကြသည်။၂၀၁၄ မတ်လတွင် သူမသည် အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကျော် ချမ်းသာသည်ဟု ခန့်မှန်းကြသည်။ သူမသည် ပစ်တ်ဘူးလ်၊ ကလော်ဒီယာ လေတီ တို့နှင့် အတူ ၂၀၁၄ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား တရားဝင် သီချင်း ဖြစ်သည့် We Are One (Ole Ola) ကို ရိုက်ကူး အသံသွင်းခဲ့သည်။

ဖျော်ဖြေရေး လုပ်ငန်းအပြင် ဂျနီဖာ လိုပက်ဇ်သည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်လာခဲ့သည်။ သူမသည် ပေါ့ပ် ယဉ်ကျေးမှုတွင် ကမ္ဘာသိသူ တစ်ယောက် အဖြစ် ထင်ရှားမှုကို အသုံးပြု၍ သူမ၏ ကိုယ်ပိုင် စီးပွားရေး အင်ပိုင်ယာကို တည်ထောင်ခဲ့ပြီး အဝတ်အထည်၊ အသုံးအဆောင်၊ ရေမွှေး၊ ကုန်ထုတ်လုပ်ငန်း၊ တယ်လီဗွီးရှင်း အစီအစဉ်များ နှင့် ပရဟိတ ဖောင်ဒေးရှင်းများ ပါဝင်သည်။ သူမသည် ရုပ်ရှင်နှင့် ဂီတလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော် ကျင်လည်ပြီးနောက် ထင်ရှားသူ တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ အများပြည်သူသိ ပုံရိပ်နှင့် ကိုယ်ရေးကိုယ်တာ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများက ကမ္ဘာတဝှမ်းရှိ မီဒီယာများ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။ လိုပက်ဇ်၏ ပထမဆုံး ကျော်ကြားသူများ နှင့် တွဲခြင်းမှာ ရက်ပ်ပါနှင့် ဖျော်ဖြေရေး လုပ်ငန်းတွင် ထင်ရှားသူ ရှောင်ကုမ်း နှင့် ဖြစ်ပြီး သူသည် ၂၀၀၀ ခုနှစ် ဂရမ်မီ ဆုပေးပွဲသို့ သူမနှင့် အတူ တက်ရောက်ခဲ့သည်။ သူမ၏ ဒုတိယခင်ပွန်း ခရစ် ဂျဒ် နှင့် ပေါင်းသင်းနေစဉ်မှာပင် ရုပ်ရှင်မင်းသား ဘန် အဖလက် နှင့် အချစ်ဇာတ်လမ်း ဖြစ်ခဲ့သည်။ လိုပက်ဇ်သည် သူမ၏ နှစ်ရှည် သူငယ်ချင်း ဖြစ်သည့် မာ့ခ် အန်သိုနီနှင့် ၂၀၀၄ ခုနှစ်တွင် လက်ဆက်ခဲ့ပြီး ၇နှစ်ကြာ ပေါင်းသင်းပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ သူမသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် အမြွှာညီအမ အမ်မီနှင့် မက်ဆီလီယံတို့ကို မွေးဖွား ခဲ့သည်။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘန်ကောက်မြို့သုက်ပန်းခြင်းနွားရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုယ်ဝန်ဖျက်ချခြင်းကျောက်ပန်းတောင်းမြို့နယ်ကျောက်မျက် ရတနာစကြဝဠာလူသားသစ်တောဆဒ္ဒန်ဆင်မင်းဝန်ဇော်ဂျီ (စာရေးဆရာ)စောင်းကောက်တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)ကျောက်ခေတ်သစ်သဿမေဓခွန်မြန်မာပြည် စာတိုက် သင်္ကေတများအန်ကောဝပ်သံလွင်မြစ်မြန်မာနိုင်ငံ၏ ဘာသာစကားများပန်းဆယ်မျိုးမော်လမြိုင်တရုတ် - မြန်မာ စစ်ပွဲများဧရာဝတီတိုင်းဒေသကြီးကျောက်စိမ်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနစစ်ကိုင်းမြို့ဥပုသ်နီပေါနိုင်ငံစွယ်စုံကျမ်းချောင်းသာကမ်းခြေဖိုးကျား၊ ဦးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြည်ထောင်စုအစိုးရအဖွဲ့ပြင်သစ်နိုင်ငံကြာနီကန်ဆရာတော်သရဲမြန်မာသင်ပုန်းကြီးကုန်းဘောင်မင်းဆက်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပါရီမြို့ဓူဝံကြယ်ရခိုင်ပြည်နယ်အိတ်ချ်အိုင်ဗွီ ရောဂါပိုးနေထိုင်းဘတ်ငွေကိုရီးယားနိုင်ငံရောဘတ် ကွက်ပုသိမ်မြို့ဆင်ဉာဏ်စဉ်မြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်နိဗ္ဗာန်ရာသီဥတုစတုမဟာရာဇ်နတ်မင်းကြီးလေးပါးဘုရားပင့်သရေခေတ္တရာစောမောင် (ဗိုလ်ချုပ်မှူးကြီး)သီပေါမင်း၃၁-ဘုံမဟာဘူတတိုင်းစစ်ဌာနချုပ်လ (ကမ္ဘာရံဂြိုဟ်)ကရင်လူမျိုးမြဦးသန့်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မြန်မာနိုင်ငံ၏ လူဦးရေမြေပုံဆွဲပညာနှလုံးဝိနည်းပိဋကတ်ဘုရား (ဗုဒ္ဓဘာသာ)လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မြွေဦးဆောင်းကျန်းမာရေး ဝန်ကြီးဌာန🡆 More