ကြွက်သား

ကိုယ်ခန္ဓာရှိ အရေအပြားနှင့် အရေအောက်ရှိ အဆီတို့ကို လုံးဝဖယ်ရှားလိုက်လျှင် ကြွက်သားများကို တွေ့ရပေမည်။ တစ်ကိုယ်လုံး၌ ကြွက်သားပေါင်း ၅၀၀ကျော် ရှိသည်ဟု ဆို၏။ ကြွက်သားသည် လူကိုယ်ခန္ဓာတစ်ခုလုံး၏ အလေးချိန်တစ်ဝက်နီးပါးမျှလေး၏။ ကြွက်သားတို့၏ သဏ္ဌာန်မှာ အမျိုးမျိုးဖြစ်သည်။ ကြွက်သားများသည် လှုပ်ရှားနေစဉ် ပြေးနေသော ကြွက်ကလေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က ကြွက်ကလေးဟူသော အဓိပ္ပာယ်ရှိသည့် မတ်စကျူလပ်ခေါ် လက်တင်ဝေါဟာရကို အစွဲပြုပြီးလျှင် ကြွက်သားကို မတ်ဆယ်ဟု ခေါ်ဝေါ် အမည်မှည့်ကြသည်။

ကြွက်သား

ကြွက်သားများသည် လူတို့၏ စိတ်ဆန္ဒအလျောက်ဖြစ်စေ၊ စိတ်ဆန္ဒမပါဘဲ အလိုအလျောက်ဖြစ်စေ၊ ကိုယ်ခန္ဓာရှိ အစိတ်အပိုင်းများကို လှုပ်ရှားစေနိုင်သည်။ ကြွက်သားမရှိဘဲ အရိုးတို့သည် မိမိတို့ဖာသာ လှုပ်ရှားခြင်း မပြုနိုင်ကြချေ။ လူ၏ ကိုယ်တွင် အနှံ့အပြားရှိကြသည့် အသီးသီးသော ကြွက်သားများသည် အသုံးပြုခြင်း၊ လှုပ်ရှားခြင်း များလေ၊ ကြီးထွားလေ သန်မာလေဖြစ်သည်။ အသုံးနည်းလျှင် သို့မဟုတ် လှုပ်ရှားမှု နည်းလျှင် ပျော့စိစိနှင့် အားမရှိ ဖြစ်နေတတ်သည်။ ထို့ကြောင့် အားရှိစေရန် ကြွက်သားများကို လှုပ်ရှားစေသော လေ့ကျင့်မှုများ ပြုလုပ်ပေးရသည်။ ကာယဗလ လေ့ကျင့်လိုက်စားကြသော သူများသည် လူကျန်းမာ၍ ကြီးထွားစေရန် ကြွက်သားလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ကြလေသည်။ ကြွက်သားတို့သည် ကျုံ့နိုင်ခြင်း၊ ဆန့်နိုင်ခြင်း စသောသတ္တိများ ရှိသည်။ လက်မောင်း၊ ခြေထောက်၊ လက်ပြင်နှင့် ကျောက်ကုန်းတို့ရှိ ကြွက်သားများသည် ခန္ဓာတွင် အကြီးဆုံးသော ကြွက်သားများ ဖြစ်ကြသည်။

ကြွက်သားကို နှစ်မျိုးနှစ်စား ခွဲခြားထားသည်။

  1. စိတ်အလိုအတိုင်းမဟုတ်ဘဲ အလိုအလျောက် လှုပ်ရှားခြင်း ပြုနိုင်သော၊ ထိန်းမရ ကြွက်သား၊
  2. စိတ်အလိုအတိုင်း လှုပ်ရှားခြင်း ပြုနိုင်သော ထိန်းရကြွက်သားတို့ ဖြစ်ကြသည်။

ထိန်းရကြွက်သားကြောင့် အချို့အမှုများကို စိတ်အလို ရှိသကဲ့သို့ လှုပ်ရှားနိုင်သော်လည်း ထိန်းမရကြွက်သားများကြောင့် မည်သည့်အမှုကိုမျှ စိတ်အလိုအတိုင်း ပြုလုပ်၍ မရပေ။ ဥပမာအားဖြင့် ရေတစ်ခွက်ကို သောက်မည်ဆိုပါစို့။ ထိုရေသည် ပါးစပ်ထဲတွင် ရှိနေသမျှ ကာလပတ်လုံးပါးနှင့် လျှာတို့ရှိ ထိန်းရကြွက်သားများကြောင့် မျိုချလိုသည့် အချိန်တွင် မျိုချနိုင်၍ ထွေးထုတ်လိုသည့်အခါ၌လည်း ထွေးထုတ်နိုင်၏။ ထွေးထုတ်လိုသည့်အခါ၌ပင် ဖြည်းဖြည်း သို့မဟုတ် ခပ်ပြင်းပြင်း စသည်ဖြင့် မိမိစိတ်အလိုရှိသည့်အတိုင်း ထိန်းသိမ်း၍ ထွေးထုတ်နိုင်ကြသည်။ သို့သော် ထိုရေကို မျိုချလိုက်၍ လည်ချောင်းထဲသို့ ရောက်သွားသောအခါ လည်ချောင်းတွင် ထိန်းရကြွက်သား မရှိတော့ဘဲ ထိန်းမရကြွက်သားသာ ရှိသောကြောင့် ပါးစပ်ထဲမှာကဲ့သို့ မိမိဆန္ဒရှိသလို ထိန်းသိမ်းကာ ထွေးထုတ်လို၍ မရတော့ချေ။ ထိန်းရကြွက်သားမျိုးသည် အရိုးများတွင် တွယ်ကပ်နေတတ်သည်။ ခြေထောက်၊ လက်နှင့် ရင်ဘတ်ရှိ ကြွက်သားတို့မှာ ထိန်းရကြွက်သားမျိုး ဖြစ်ကြသည်။ သို့ဖြစ်၍ လက်ရုံးကို ဆန့်တိုင်း ကွေးတိုင်း ကြွက်သားသည် ဖောင်းကြွခြင်း၊ သေးသိမ်ခြင်းဖြစ်သည်။ ဤသို့ဖြစ်ပုံကို လက်ရုံးကြွက်သားများအား လှုပ်ရှားကြည့်က ထင်ထင်ရှားရှား သိသာမြင်တွေ့နိုင်၏။ ထိုကြွက်သားသည် အညိုရောင် ရှိ၍ အစင်းပေါ်နေလေသည်။

ထိန်းမရကြွက်သားများကား သွေးကြော၊ နှလုံး၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အစရှိသည့် အင်္ဂါအစိတ်အပိုင်းများတွင် ရှိသည်။ အူသိမ်အူမတွင် ရှိသော ကြွက်သားများကို ဆန္ဒရှိသကဲ့သို့ အစာမြန်မြန်မကြေအောင် ပြုလုပ်ပေးရန် ခိုင်းစေ၍ မရချေ။ ထိုကြွက်သားများကား လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ မိမိတို့တွင် အင်အားရှိသလောက်သာ အလုပ်လုပ်သွားကြသည်။ ထိန်းရကြွက်သားတို့ကဲ့သို့ အရောင်ညိုခြင်း၊ အစင်းရာပေါ်ခြင်း မရှိကြချေ။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျပန်နိုင်ငံမဟာဘုတ်သိပ္ပံပညာကာလီမယ်တော်ဒဏ္ဍာရီဖင်လန်နိုင်ငံအာနန္ဒာဘုရားသာယာဝတီမင်းငါး (တိရစ္ဆာန်)မြင်းခွာပင်ကွန်ပျူတာမြန်မာစာရေးဆရာများ စာရင်းဘုန်းကြီးကျောင်းဗဒလင်းဂူကဗျာလင်္ကာဆယ်ပါးသီလနီယွန်မဟာဓမ္မရာဇာဓိပတိအင်္ဂလိပ်-မြန်မာ စစ်ပွဲများဇီးကွက်ဗုဒ္ဓဘာသာဘကြီးတော်(စစ်ကိုင်းမင်း)ဒုတိယ ကမ္ဘာစစ်ငါးပါးသီလရဲယိုပင်ဟော်မုန်းချင်းပြည်နယ်အယ်လ်နီညိုအောင်ဆန်းလူ့အခွင့်အရေးအင်းဆက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျောက်စိမ်းမြန်မာ့သမိုင်းအင်းလေးကန်ရတနသုတ်ဂူဂယ်ယူကျူ့ဘ်သံချပ်ကာယန္တရားတပ်ဖွဲ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကာလသားရောဂါအမျိုးသမီးကာပအိုဝ်းလူမျိုးတရုတ်ပြည်သူ့သမ္မတနိုင်ငံစကောကရင်ဘာသာစကားမင်းအောင်စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးအင်းအရှေ့တောင်အာရှနိုင်ငံများအသင်းအကြည်တော်ရခိုင်ပြည်နယ်ကာလာမသုတ်အလောင်းစည်သူပြည်သူ့ခုခံတော်လှန်စစ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ရှင်ပြုခြင်းမော်စကိုမြို့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဥဩနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှားစောင်းလက်ပတ်ပင်ရှစ်လေးလုံးအရေးအခင်းမေကင်ဂိုအွန်ဗမာပြည် ကွန်မြူနစ်ပါတီကမ္ဘာ့လေထုသင်္ဂါယနာမြန်မာနာမည်အဘိညာဉ်ဖားကြေးမုံ သတင်းစာမြန်မာစာစတင်ဖြစ်ပေါ်လာပုံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ချင်းတွင်းမြစ်ထွန်းမြတ်နိုင်🡆 More