ကျော်ကျော်မောင်

ဦးကျော်ကျော်မောင် (၁၉၃၉ ဖွား) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရအဖွဲ့ ၃ ဆက်အထိ ၃ကြိမ်တိုင်တိုင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရ၍ သူသည် သက်တမ်းအရှည်ကြာဆုံး တာဝန်ပေးခံရသူ အဖြစ် စံချိန်တင်သည်။သူ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ထမ်းဆောင်သက်မှာ ၁၈ နှစ် အထိ ရှိခဲ့သည်။


ကျော်ကျော်မောင်
၁၂ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ယခင်လူဦးသန်းညိန်း
ဆက်ခံသူဦးသန်းညိန်း
၁၁ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၁၃ – ၃၁ ဇူလိုင် ၂၀၁၈
သမ္မတဦးသိန်းစိန်
ဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဦးသန်းညိန်း
ဆက်ခံသူဦးသန်းညိန်း
၉ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀ နိုဝင်ဘာ ၁၉၉၇ – ၁၁ ဧပြီ ၂၀၀၇
ခေါင်းဆောင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ယခင်လူဦးကြည်အေး
ဆက်ခံသူဦးသန်းညိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၃၉-0၄-၁၂) ဧပြီ ၁၂၊ ၁၉၃၉ (အသက် ၈၅)
မန္တလေးမြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ညွှန့်ညွှန့်ရီ
သားသမီးစောထွန်းကျော်
နေထွန်းကျော်
မီမီကျော်
ဖြူဖြူကျော်
အလုပ်အကိုင်စီးပွားရေးပညာရှင်

ငယ်ဘဝ

အဖ ဦးမောင်မောင်၊အမိ ဒေါ်ကြင်ကြင် တို့က သူ့အား မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။

ပညာအရည်အချင်း

သူသည် ဆယ်တန်း အောင်ပြီးနောက် စီးပွားရေးဆိုင်ရာပညာရပ်အား ဆည်းပူးသင်ကြားသည်။ B.Com (ဝါဏိဇ္ဇဝိဇ္ဇာ) ဘွဲ့ ရရှိသည်။

ဝန်ထမ်းဘဝ

သူသည် ဘွဲ့ရပြီးနောက် မြန်မာ့စီးပွားရေးဘဏ် တွင် ဝန်ထမ်းအဖြစ် အလုပ်ဝင်ပြီး ဘဝဖြတ်သန်းခဲ့သည်။ရာထူးအဆင့်ဆင့် တိုးသည်။၁၉၇၀ ပြည့်နှစ် အလွန်ကာများတွင် မြန်မာ့စီးပွားရေးဘဏ် မှ တဆင့် ဗဟိုဘဏ် သို့ ကူးပြောင်းသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဘဝ

၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၀ရက် တွင် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က ခန့်အပ်လိုက်၍ သူသည် ဗဟိုဘဏ် ၏ ၉ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုတာဝန် ကို ၁၀ နှစ် ကြာ တာဝန်ထမ်းသည်။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ လက်ထက် ၂၀၁၃ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် သူသည် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ သက်တမ်း ၅နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ က သူ့ကိုပင် ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန် ပေးသည်။ ထိုတာဝန် အား ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဝေဖန်ခံရမှုများ

အရေးယူပိတ်ဆို့ခံရမှုများကြောင့် နိုင်ငံတကာ နှင့် ကင်းကွာနေသည့်ကာလ အပါအဝင် ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းအကျပ်အတည်း ကာလတစ်လျှောက် သူသည် ဗဟိုဘဏ် ဦးဆောင်ခဲ့သူဖြစ်ခဲ့သော်လည်း အကျပ်အတည်းအား ကန့်သတ်ရန် လုံလောက်သည့် လုပ်ဆောင်ချက်များ မလုပ်ခဲ့သူ ဟု စွပ်စွဲခံရဖူးသည်။ ယင်းအပြင် ၂၀၁၈ ခုနှစ်က ၎င်း၏ နောက်ထပ်သက်တမ်းအား သမ္မတဦးဝင်းမြင့် က တိုးသည့်အခါတွင်လည်း မြန်မာ့စီးပွားရေးအား တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် ပုံဖော်ဝေဖန်ခံရသည်။

မိသားစုဘဝ

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး၊သားသမီး ၄ ဦး ထွန်းကားခဲ့သည်။

ကိုးကား

Tags:

ကျော်ကျော်မောင် ငယ်ဘဝကျော်ကျော်မောင် ပညာအရည်အချင်းကျော်ကျော်မောင် ဝန်ထမ်းဘဝကျော်ကျော်မောင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘဝကျော်ကျော်မောင် မိသားစုဘဝကျော်ကျော်မောင် ကိုးကားကျော်ကျော်မောင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကြာသပတေးဂြိုဟ်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်မြန်မာသရုပ်ဆောင်များစာရင်းစစ်ရေးသနပ်ခါးရခိုင်ပြည်နယ်လိင်နက္ခတ် ၂၇ လုံးဆလုံလူမျိုးပြေတီဦးအရှေ့တောင်တိုင်းစစ်ဌာနချုပ်နေအဖွဲ့အစည်းစက္ကူပန်းအာဠာဝကဘီလူးမန္တလေးတိုင်းဒေသကြီးမြန်မာတိုင်းရင်းသားမျိုးနွယ်များမြွေကနောင်မင်းသားစောမွန်လှဒန့်သလွန်လိင်ဆက်ဆံခြင်းပေပင်၃၈ ဖြာ မင်္ဂလာတရားဂုဏ်တော်ဘီလူးသိပ္ပံပညာမရမ်းကုန်းမြို့နယ်ရာသီခွင်ကွန်တိုမျဉ်းတယ်လီနော မြန်မာဆင်ဖြူမရှင်မြန်မာနောင်းနန်းဆုရတီစိုးပဋ္ဌာန်းမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များမိုင်းမောမြို့ဟောင်းမြသလွန်ဘုရားမြန်မာ အမျိုးသား ဘောလုံးအသင်းအရှေ့တောင်အာရှနိုင်ငံများအသင်းအက်တမ် အမှတ်စဉ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအချစ်ခန့်စည်သူနှင်းဆီစကားကျွန်မက နှင်းဆီပါမောင်ဓဇဂ္ဂသုတ်လယ်တီဆရာတော်ပျားမက်သနောလ်တြိဂံဒေသတိုင်းစစ်ဌာနချုပ်စုဖုရားလတ်နေပြည်တော်မြို့ဗိုလ်ချုပ်မှူးကြီးချင်းလူမျိုးယာဘနွားဟော့ဘစ်မင်္ဂလာတရား ၃၈-ပါးဒိုင်အာခီပြည်သူ့ခုခံတော်လှန်စစ်ရက်ကန်းသမားငှက်ထားတယ်လီဖုန်း ကုတ်နံပါတ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဝဘ်ဘရောက်ဆာဂုဏ်ဆယ်ပါးကူဗလိုင်ခန်မြန်မာနိုင်ငံရှိ မြို့များဖျားနာခြင်းရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းထူးအိမ်သင်မြန်မာကျပ်ငွေမြန်မာလများ🡆 More