ကျောက်ဆည်မြို့နယ်

ကျောက်ဆည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ဆည်မြို့ ဖြစ်သည်။

ကျောက်ဆည်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
ကျောက်ဆည်မြို့နယ်
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
ကျောက်ဆည်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်ဆည်မြို့နယ်
ကျောက်ဆည်မြို့နယ်
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°36′47″N 96°7′49″E / 21.61306°N 96.13028°E / 21.61306; 96.13028
နိုင်ငံကျောက်ဆည်မြို့နယ် မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ကျောက်ဆည်
မြို့နယ်ရုံးစိုက်ရာမြို့ကျောက်ဆည်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၅၇,၅၄၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

ကျောက်ဆည်အဖြစ် အမည်မတွင်မီက မြစ်သာ (မ္လစ်သာ)ဟု အမည်တွင်ပြီး သာယာသောမြစ်ရှိသောနေရာဖြစ်၍ မြစ်သာရွာဟုခေါ်သည်။ ကျောက်ဆည်ဟူသောအမည်သည် ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကြောင့် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၆မိနစ်နှင့် ၂၂ဒီဂရီ ၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၉၇မိနစ်နှင့် ၉၆ဒီဂရီ ၅၈မိနစ် အကြားတွင် တည်ရှိသည်။ ၇၂၅.၂၈စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

ကျောက်ဆည်နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်များဖြင့် ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင်

ကျောက်ဆည်မြို့နယ်အတွင်းတွက် ဇော်ဂျီမြစ်၊ပန်းလောင်မြစ်နှင့် စမုံမြစ်တို့သည် အရှေ့တောင်မှ အနောက်မြောက်ဘက်သို့ စီးဆင်းနေသည်။ ကျောက်ဆည်မြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၁ပေတွင် တည်ရှိသည်။ မြို့နယ်အတွင်းရှိ ရွှေသာလျောင်းတောင်မှာ ၉၇၃ပေမြင့်ကာ အမြင့်ဆုံးတောင်ဖြစ်သည်။

လူဦးရေ

ကျောက်ဆည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး

ကျောက်ဆည်မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည်တို့ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။ဤမြို့နယ်တွင် စိုက်ပျိုးရေးနှင့်အသက်မွေးသူ များစွာနေထိုင်ကြပြီး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းပြီး စီးပွားရေး အထိုက်အလျောက်ကောင်းမွန်သည်။

ဈေးများ

  • မြို့မဈေး
  • အေးမြကြည်လင်ဈေး

ကျောက်ဆည်မြို့နယ် 

  • သံရွာဈေး

ပို့ဆောင်ဆက်သွယ်ရေး

ကျောက်ဆည်မြို့နယ်အတွင်းတွင် ရန်ကုန်-မန္တလေးလမ်းသည် ၁၅.၃မိုင်ခန့်ဖြတ်သန်းသွားသည်။ ဘဲလင်း-ရဲရွာလမ်း၊ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ-အောင်ပန်း-တောင်ကြီးမြို့များသို့ အချိန်တိုစွာသွားလာနိုင်သည့် ဟံမြင့်မိုရ်လမ်းခွဲတို့မှာလည်း ထင်ရှားသည်။ ရန်ကုန်-မန္တလေး ရထားလမ်းမှာလည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။

ပညာရေး

အဆင့်မြင့်ပညာ

ကျောက်ဆည်မြို့နယ်တွင်

ကျောက်ဆည်တက္ကသိုလ် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တည်ရှိသည်။  

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက ၁

ကျောက်ဆည်မြို့နယ် 

  • အထက ၂
  • အထက ၃
  • အထက သံရွာ
  • အထက ဟံမြင့်မိုရ်
  • အထက မင်းစု
  • အထက ရွာသစ်
  • အထက ညောင်ရွှေ
  • အထက ကုန်းကြီး

အထက (ခွဲ)/အလက

  • အလက (ထ(ခွဲ)) မြို့မ
  • အလက (ထ(ခွဲ)) ဆူးလေကုန်း
  • အလက (ထ(ခွဲ)) ကျောက်ဆောင်ကုန်း
  • အလက (ထ(ခွဲ)) မြေစို
  • အလက (ထ(ခွဲ)) လက်ပန်
  • အလက (ထ(ခွဲ))ဒွေးလှ
  • အလက ရဲဘော်လေး
  • အလက မှိုင်းပန်
  • အလက န-သာဂရ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း (ခွဲ) ၁၆၇ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • အထွေထွေရောဂါကုဆေးရုံကြီး (ကျောက်ဆည်)
  • မင်းစုတိုက်နယ်ဆေးရုံ
  • သံရွာတိုက်နယ်ဆေးရုံ
  • ဖျောက်ဆိပ်ပင်တိုက်နယ်ဆေးရုံ
  • စမာတိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ

  • ရွှေမုဌော
  • ရွှေသာလျောင်း
  • မဟာမြတ်လေးဆူ
  • လေးမျက်နှာ
  • ရွှေသိမ်တော်
  • ရွှေဆပ်သွား
  • ရွှေတောင်ထီး
  • တမုတ်ရှင်ပင်ရွှေဂူကြီး
  • လောကမာန်အောင်ရွှေဂူကြီး
  • မြင်စိုင်းမြို့ဟောင်း
  • ဓာတ်တော်တောင်

ကိုးကား


Tags:

ကျောက်ဆည်မြို့နယ် သမိုင်းကြောင်းကျောက်ဆည်မြို့နယ် ပထဝီဝင်အနေအထားကျောက်ဆည်မြို့နယ် လူဦးရေကျောက်ဆည်မြို့နယ် စီးပွားရေးကျောက်ဆည်မြို့နယ် ပို့ဆောင်ဆက်သွယ်ရေးကျောက်ဆည်မြို့နယ် ပညာရေးကျောက်ဆည်မြို့နယ် ကျန်းမာရေးကျောက်ဆည်မြို့နယ် ထင်ရှားသောနေရာများကျောက်ဆည်မြို့နယ် ကိုးကားကျောက်ဆည်မြို့နယ်ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့မန္တလေးတိုင်းဒေသကြီး

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂလိပ်ဘာသာစကားစစ်ကိုင်းမြို့အောင်ရဲလင်းစာဖတ်ခြင်းရွှေစည်းခုံ စေတီတော် (ပုဂံ)ကြို့ထိုးခြင်းအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဂျာနယ်ကျော် မမလေးယောက်ျား အင်္ဂါတံအပ္ပမာဒကျောက်ဆည်မြို့ဆူးလေစေတီတော်ကရင် အမျိုးသား အစည်းအရုံးကရင်အမျိုးသားအလံတော်ရန်ကုန်-မန္တလေး အမြန်လမ်းဆင်စိုးဝင်း၊ ဗိုလ်ချုပ်ကြီးပုသိမ်မြို့ခရေပင်မြန်မာတိုင်းရင်းသားမျိုးနွယ်များသဇင်ပန်းနှလုံးသွေးကြောကျဉ်းရောဂါမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များလယုန်မြန်မာလများတရားဂုဏ်တော်ဝပြည်နယ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ပတ္တမြားဝိညာဉ်ကျောက်ချဉ်တာချီလိတ်မြို့ကိုရီးယားနိုင်ငံအာဖရိကကွန်ဒုံးလောကနီတိစွယ်စုံကျမ်းကြူကြူလှယူကျူ့ဘ်သန်လျင် မင်းကျောင်းဆရာတော်ကျွန်းနက်ညောင်ရေသွန်းပွဲမာမာအေးရဲဘော်သုံးကျိပ်ငါးပါးသီလခြင်းလုံးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်စက္ကူပန်းစိန်ပန်းပင်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများပြည်ထဲရေး ဝန်ကြီးဌာနခန္ဓာငါးပါးကိုလိုနီခေတ်ကာဗွန်ဒိုင်အောက်ဆိုက်ဓမ္မရံကြီးဘုရားမိမိကိုယ်ကို သတ်သေခြင်းစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မြင်းမိုရ်အစ္စလာမ်ဘာသာဖားကန့်မြို့ရာသီဥတုအာဇာနည် ခေါင်းဆောင်ကြီးများကျန်းမာရေး ဝန်ကြီးဌာနပိဋကတ် သုံးပုံ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများစိုးလွင်လွင်ဘာသာမဲ့ အယူဝါဒရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ပုလွေမှုတ်ခြင်းကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများဖားဘန်ကောက်မြို့ပန်းချီရာပြည့်မိုင်းလားမြို့🡆 More