ကလိုးဗစ်ဘုရင်

ကလိုးဗစ်ဘုရင် (ခရစ် ၄၆၆-၅၁၁) သည် ဖရန့်လူမျိုးများ၏ မျိုးတူစု တစ်စုဖြစ်သော ဆေးလယန်းဖရန့် တို့၏ အကြီးအကဲဖြစ်သူ ချီလဒါရစ်ဘုရင်၏ သားတော် ဖြစ်သည်။ ၄၈၁ ခုနှစ်တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံသောအခါ အသက် ၁၅ နှစ်မျှသာ ရှိသေး၏။ ထိုစဉ်က ဖရန့်ဘုရင်များသည် မျိုးတူစုများ၏ အကြီးအကဲများသာ ဖြစ် ကြ၍ ကလိုးဗစ်မှာ ထိုဖရန့်ဘုရင်အများတွင် တစ်ပါး အပါ အဝင် ဖြစ်သည်။ ၄၈၆ ခုနှစ်တွင် ကလိုးဗစ်သည် ဆွားဆွန်း အနီးတိုက်ပွဲ၌ ရောမတို့ကို အောင်နိုင်လိုက်သဖြင့် စိန်းမြစ်ဝှမ်း ကို စိုးမိုးရလေသည်။

ကလိုးဗစ်ဘုရင်
ကလိုးဗစ် တစ်

၄၉၃ ခုနှစ်တွင် ကလိုးဗစ်သည် ကလိုတီးလဒါး အမည်ရှိ ဗါဂန်ဒီမင်းသမီးကို မိဖုရားမြှောက်သည်။ ကလိုတီးလဒါးမှာ ခရစ်ယန်ဖြစ်သည့်အလျောက် ဘုရင်ကြီးအား ခရစ်ယန် အယူဝါဒသို့ ကူးပြောင်းရန် မကြာခဏ တိုက်တွန်းခဲ့၏။ ကလိုးဗစ်သည် သူ၏သားတော် သမီးတော်များအား ရေနှစ်မင်္ဂလာ ခံယူစေခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ဂျာမန် အနွယ် အယ်လမန်းနိုင် လူမျိုးတို့အား တိုက်ခိုက်အောင်မြင် ခဲ့ပြီးသည့်နောက်မှ ခရစ်ယန်ဖြစ်လာခဲ့လေသည်။

ကလိုးဗစ်ဘုရင်သည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသောဘုရင် ဖြစ်သည့်အလျောက်၊ အကွဲကွဲအပြားပြား ဖြစ်နေသော ဖရန့် နိုင်ငံကို တစည်းတလုံးတည်း ဖြစ်စေခဲ့သည်သာမက၊ မြောက် ဘက်နှင့်အရှေ့ဘက်တွင် ရိုင်းမြစ်မှ တောင်ဘက်ပီးရနီး တောင်တန်း အထိ ကျယ်ပြန့်သောနိုင်ငံကို တည်ထောင်ခဲ့ သည်။ ကလိုးဗစ်ဘုရင် တည်ထောင်ခဲ့သောနိုင်ငံမှာ နောင် အခါတွင် ပြင်သစ်နိုင်ငံ ဖြစ်လာရာ၊ပါရစ်မြို့မှာ ထိုစဉ်ကပင် မြို့တော်ဖြစ်ခဲ့ပေသည်။

ကလိုးဗစ်ဘုရင်သည် ၅၁၁ ခုနှစ်တွင် နတ်ရွာစံလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ရေနံဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ဘုရင့်နောင်မြန်မာနိုင်ငံ၏ အလံများ စာရင်းပြည်ထောင်စုနေ့မြသန်းတင့်ရွေးပင်ကွန်မြူနစ်ဝါဒမရမ်းကုန်းမြို့နယ်ငါးပါးသီလသံချပ်ကာယန္တရားတပ်ဖွဲ့မင်္ဂလသုတ်မြဝတီမြို့မယ်နုအုတ်ကျောင်းဆိုရှယ်လစ်ဝါဒရှစ်လေးလုံးအရေးအခင်းစကားထာကွန်တိုမျဉ်းပလောင်လူမျိုးမင်းအောင်လက်ပံတောင်းတောင်သပိတ် အရေးအခင်းဩစတြေးလျတိုက်လိမ်လည်မှုနန်းမွေစံဆယ်ပါးသီလရခိုင်လူမျိုးသဇင်ပန်းမေတ္တသုတ်မြန်မာနိုင်ငံ၏ ရွာများမြန်မာ့သမိုင်းလိင်စိတ်ဆွခြင်းသူငယ်နာမင်းသိင်္ခမြန်မာအဘိဓာန်ပါရမီဆီးချိုရောဂါလက္ခဏာများမြန်မာ အမျိုးသား ဘောလုံးအသင်းဆိုရိုးစကားကုလသမဂ္ဂအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ပန်းမြန်မာနိုင်ငံကမ္ဘာ့လေထုဖွေးဖွေးမြန်မာ့အသံနှင့်ရုပ်မြင်သံကြားကျောက်မီးသွေးချဉ်ပေါင်ဗြိတိသျှအင်ပါယာမိုးဟေကိုဖေ့စ်ဘွတ်ခ်ဗမာလူမျိုးဗဟိုစာမျက်နှာကဆုန်လပြည့် ဗုဒ္ဓနေ့ကုန်သည်လေစောမွန်လှပန်ထွာဘုရင်မပါရာဇိကတောင်ငူမြို့ကျုံးရာသီဥတုမိမိကိုယ်ကို သတ်သေခြင်းစစ်ပွဲဆာရာဝပ်ပြည်နယ်သိဒ္ဓတ္ထမင်းသားနွားနောက်ကိုကိုဦး (ဗိုလ်ချုပ်)ဇီးကွက်ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံအီဂျစ်မှ ပိရမစ်များသမုဒ္ဒရာ🡆 More