ကရ်ဘလာ တိုက်ပွဲ

ကရ်ဘလာစစ်ပွဲသည် ဟစ်ဂျရီခုနှစ် (၆၁) မိုဟရမ်လ (၁၀) ရက်နေ့၊ နေနှစ်(၅၉)ခုနှစ် မဲဟ်ရ်လ ‎‎(၂၀)ရက်နေ့၊ ခရစ်နှစ်(၆၈၀)ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ စစ်ဖြစ်ပွားခဲ့သည့် နေ့သည် အာရူနေ့ဟုလည်း ကျော်ကြားလေသည်။ ဤစစ်သည် ‎တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ မြေးတော် ဟိုစိုင်န်အိဗ်နေအလီ(အ.စ)ဖက်မှ အနည်းငယ်သာရှိသည့် ‎စစ်သည်တော်များနှင့် ဘနီအိုမိုင်ယာတို့၏ ဒုတိယမြောက်မင်းဆက်ဖြစ်သည့် ယဇီးဒ်အိဗ်နေမိုအာဝီယာဖက်မှ ‎စစ်သည်တော်များဖြင့် အီရတ်နိုင်ငံ ကရ်ဘလာသဲကန္တရတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယဇီးဒ်ဘက်မှ ‎စစ်တိုက်ရသည့် အကြောင်းအရင်းမှာ ဟိုစိုင်န်(အ.စ)သည် သူ၏ အုပ်ချုပ်ရေးအား ‎သစ္စာမခံယူသောကြောင့်ဖြစ်သည်။ ဟိုစိုင်န်(အ.စ)သည်လည်း ယဇီးဒ်၏ အုပ်ချုပ်ရေးသည် ‎မတရားသောအုပ်ချုပ်သူ ဖြစ်ကြောင်း၊ နောင်တော် ဟစန်(အ.စ)နှင့် မိုအာဝီယာတို့အကြား ချုပ်ဆိုခဲ့သော ‎ပဋိညာဉ်ကို ချိုးဖောက်၍ မျိုးနွယ်အမွေဆက်ခံသည့် ဘုရင်စနစ်ကို ထူထောင်ကြောင်း ခံယူလေသည်။

ကရ်ဘလာ တိုက်ပွဲ

ဟိုစိုင်န်အိဗ်နေအလီ(အ.စ)သည် မိုဟရမ် (၂)ရက်နေ့တွင် ကရ်ဘလာသဲကန္တရသို့ ရောက်ရှိသည်။ ‎မိုဟရမ်(၃)ရက်နေ့တွင် အိုမရ်အိဗ်နေစာအ်ဒ်သည် စစ်သည်(၄၀၀၀)နှင့် ကရ်ဘလာသို့ လာရောက် ‎စစ်စခန်းချလေသည်။ မိုဟရမ်(၇)ရက်နေ့တွင် ဟိုစိုင်န်(အ.စ)နှင့် အိမ်တော်သူအိမ်တော်သားများ နှင့် ‎အပေါင်းအပါများအပေါ် ရေပိတ်ပင်ခဲ့သည်။ မိုဟရမ်(၉)ရက်နေ့တွင် ရှိမ်ရ်သည် စစ်သည် (၄၀၀၀)နှင့် ‎အိုဘိုင်ဒွလ္လာအိဗ်နေဇေယားဒ်၏ စာချွန်လွှာနှင့်အတူ ကရ်ဘာလာသို့ ရောက်လာခဲ့သည်။ ‎အိုဘိုင်ဒွလ္လာ၏စာတွင် အိုမရ်အိဗ်နေစာအ်ဒ်အား ဟိုစိုင်န်(အ.စ)နှင့် တိုက်ခိုက်ရန် အမိန့်ပေးထားလေသည်။ ‎အကယ်၍ ထိုအမိန့်အတိုင်း မဆောင်ရွက်နိုင်ပါလျှင် စစ်ဦးစီးချုပ်တာဝန်အား ရှိမ်ရ် ထံသို့ အပ်နှံရန်လည်း ‎ဆိုထားလေသည်။

မိုဟရမ်(၁၀)ရက်နေ့တွင် နှစ်ဦးနှစ်ဘက်မှ စစ်ဖြစ်ကြလေသည်။ အဘူမိခ်နဖ်၏ သမိုင်းအဆိုအရ ‎ဟိုစိုင်န်(အ.စ)၏ စစ်သည်များတွင် မြင်းတပ်(၃၂)ယောက်၊ ခြေလျင်တပ်(၄၀) ဦးတို့ပါဝင်ခဲ့လေသည်။ မိုဟမ္မဒ်ဘာကိရ်၏ သမိုင်းအဆိုအရ မြင်းတပ်(၄၅)ယောက်နှင့် ခြေလျင်တပ်(၁၀၀)ဦးတို့ ပါဝင်ခဲ့လေသည်။ ရန်သူစစ်သည်များဖြစ်သည့် အိုမရ်အိဗ်နေစာအ်ဒ်၏ စစ်သည်အင်အားမှာ (၃၀၀၀၀)ရှိကြောင်း ‎ဖော်ပြထားလေသည်။ ‎ စစ်ပွဲတွင် ဟိုစိုင်န်(အ.စ)နှင့် နောက်လိုက်များ ရှဟီးဒ်ဖြစ်ခဲ့ရသည်။ ထိုနောက် အိုမရ်အိဗ်နေစာအ်ဒ်သည် ‎ဟိုစိုင်န်(အ.စ)နှင့် ခြောက်လသားအရွယ် အလီအက်ဇ်ဂရ်နှင့် နောက်လိုက်များ၏ ဦးခေါင်းတော်(၇၂) ခုကို ‎ဒုတ်တိုင်များတွင် တင်၍ ယဇီးဒ်ထံသို့ ပို့ဆောင်ခဲ့သည်။ ခြောက်လသားအရွယ် အလီအက်ဇ်ဂရ်ကို ‎ရေငတ်နေသည့် ကြားမှ သုံးမြှောင့်အသွားပါ မြှားဖြင့်လည်မြိုကို ပစ်ခဲ့ကြလေသည်။ ထို့နောက် ရှဟီးဒ်ဖြစ် ‎ကျဆုံးခဲ့သော ခန္ဓာကိုယ်များအပေါ် မြင်းခွာများဖြင့် ပေါက်၍ ရက်စက်ယုတ်မာခဲ့ကြသည်။

ကိုးကား

Tags:

ကရ်ဘလာမိုဟာမက်အီရတ်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ဗန်းမော်ဆရာတော်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကရင်ပြည်နယ်ရွှေစည်းခုံ စေတီတော် (ပုဂံ)ဩကာသ ဘုရားရှိခိုးပါလီမန် ဒီမိုကရေစီ စနစ်မင်္ဂလသုတ်တွံတေးသိန်းတန်ပန်းချီကင်ဆာရောဂါညောင်ရမ်းမင်းဆက်မေတ္တေယျဘုရားအချစ်မြန်မာ့တော်လှန်ရေးဗုဒ္ဓအလက်ဇန္ဒား ဂရေဟမ် ဘဲလ်ဩစတြေးလျနိုင်ငံတဖုဿနှင့် ဘလ္လိကဗျသနတရားငါးပါးမြန်မာ့ပြည်တွင်းပဋိပက္ခများတွင်းနက်လေယာဉ်ပျံမြန်မာသဒ္ဒါဗမာလူမျိုးသံဃာဂုဏ်တော်စေတသိက်ယူကျု(ဘ်)မုန့်ဟင်းခါးမြန်မာစာပေကျောက်မဲမြို့ဗိုလ်ချုပ်မှူးကြီးသမ္မာကျမ်းစာစာစီစာကုံးကိုရီးယားနိုင်ငံနွေရာသီပဲခူးတိုင်းဒေသကြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလိင်စိတ် နိုးထခြင်းဖြူးမြို့တောင်ငူမင်းဆက်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရွှေတိဂုံစေတီတော်အရှေ့တောင်အာရှနိုင်ငံများအသင်းအင်းဝခေတ်စာရင်းအင်း ပညာပုပ္ပါးတောင်မြိတ်ကျွန်းစုအရက်မြန်မာမိဖုရားများ စာရင်းပညာသင်္ဃန်းကျွန်းမြို့နယ်ကားအမျိုးသားနေ့မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ရေးမြို့ဘိန်းအနော်ရထာကြာနီကန်ဆရာတော်တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)ဖိလစ်ပိုင်နိုင်ငံထားဝယ်မြို့အမျိုးသမီးနန်းဆုရတီစိုးပဉ္စဝဂ္ဂီငါးဦးတီဘီရောဂါနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ကျေးရွာအုပ်စုမြင့်မြတ် (ရုပ်ရှင်သရုပ်ဆောင်)အင်္ဂလိပ်ဘာသာစကားသုက်ပန်းခြင်းအာဋာနာဋိယသုတ်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများ🡆 More