ဘာဘရာ ဂျုံး ဘာဘရာ စတွိုင်းဆာန် (အင်္ဂလိပ်: Barbara Joan Barbra Streisand) (၁၉၄၂ ဧပြီလ ၂၄ မွေးဖွား) သည် အမေရိကန်အဆိုတော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူဖြစ်သည်။ ဆယ်စုနှစ်ခြောက်ခုကြာကြာ ဖျော်ဖြေရေးနယ်ပယ်များစွာတွင် အောင်မြင်မှုများရရှိခဲ့ပြီး အကယ်ဒမီဆု နှစ်ဆု၊ ဂန္ထဝင်ဂရမ်မီဆု (Grammy Legend Award )၊ တစ်သက်တာအောင်မြင်မှုဂရမ်မီဆု (Grammy Lifetime Achievement Award) အပါအဝင် စုစုပေါင်း ဂရမ်မီဆု ဆယ်ဆုရရှိသော သူဖြစ်သည်။ အမ်မီဆု ငါးဆု(Emmy Award) တိုနီအထူးဆု(Special Tony Award)၊ အမေရိကန်ရုပ်ရှင်အဖွဲ့ဆု(American Film Institute award)၊ ကနေဒီဌာနဂုဏ်ပြုဆု (Kennedy Center Honors prize) ပီးဘားဒီဆုလေးဆု (Peabody Award) သမ္မတ၏ လွပ်လပ်မှု ဆုတံဆိပ်နှင့်(Presidential Medal of Freedom) ရွှေကမ္ဘာလုံး (၉)ဆု(Golden Globe Award) စသည်တို့ကိုလည်း ရရှိခဲ့သည်။ အကယ်ဒမီ၊ တိုနီ၊ အမ်မီ၊ ဂရမ်မီဆု သုံးခုလုံးကို ရရှိသောသူအနည်းငယ်အနက်က တစ်ဦးလည်းဖြစ်သည်။
ဘာဘရာ စတွိုင်းဆာန် | |
---|---|
၁၉၆၆ ခုနှစ်တွင် တွေ့မြင်ရသော စတွိုင်းဆာန် | |
မွေးဖွား | ဘာဘရာ ဂျုံး စတွိုင်းဆာန် ဧပြီ ၂၄၊ ၁၉၄၂ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ |
ပညာရေး | အစ်ရက်ဇ်မာ့စ် ဟောလ် အထက်တန်းကျောင်း |
အလုပ်အကိုင် |
|
အိမ်ထောင်ဖက်(များ) | Elliott Gould (လက်ထပ် 1963; ကွာရှင်း 1971) James Brolin (လက်ထပ် ၁၉၉၈) |
သားသမီး | Jason Gould |
ဆွေမျိုးသားချင်း | Roslyn Kind (half-sister) |
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ | အသံ |
တက်ကြွသည့်နှစ်များ | ၁၉၆၀ – လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | Columbia |
ပူးတွဲ ပါဝင်မှု |
|
ဝက်ဘ်ဆိုက် | barbrastreisand.com |
၁၉၆၀ပြည့်နှစ်များတွင် အောင်မြင်သည့်အဆိုတော်လုပ်ငန်းစတင်ခဲ့ပြီးနောက် စတွိုင်းဆာန်သည် ထိုဆယ်စုနှစ်ကုန်ပိုင်းလောက်၌ ရုပ်ရှင်လုပ်ငန်းနယ်ပယ်ထဲသို့ စွန့်စားဝင်ရောက်ခဲ့သည်။ ဝေဖန်သုံးသပ်လက်ခံမှုကောင်းခဲ့သော Funny Girl ရုပ်ရှင်တွင် သရုပ်ဆောင်ခဲ့ရာ အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုကို အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။ အခြားသောရုပ်ရှင်များတွင် The Owl and the Pussycat ၊ The Way We Were တိုဖြစ်ကြ၍ A Star Is Born ဇာတ်ကား၌ အချစ်သီချင်း Evergreen ကိုရေးစပ်သူအဖြစ် သီချင်းဆုအကယ်ဒမီဆုကို ဒုတိယမြောက်ရရှိခဲ့၍ ထိုဆုသည် တေးရေးသူအဖြစ်ပထမဆုံးအမျိုးသမီးတစ်ယောက်ကို ပေးသောဆုလည်းဖြစ်သည်။ Yentl ရုပ်ရှင်ကား ၁၉၈၃တွင် ထွက်ရှိလာသောအခါ စတွိုင်းဆာန်သည်အဓိကစတူဒီယိုရုပ်ရှင်ကားကြီးတစ်ခုကို သရုပ်ဆောင်၊ ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်ခဲ့သော ပထမဆုံးအမျိုးသမီးလည်းဖြစ်ပေသည်။ ထိုရုပ်ရှင်သည် အကောင်းဆုံး ဂီတဆုကဏ္ဍ၌(Best Score) အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့်ပင် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိကာ ယနေ့ခေတ်ထိတိုင်ထိုဆုကို လက်ခံရရှိသော ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။
စတွိုင်းဆာန်သည် ယူအက်စ်တွင် သီချင်းချပ်ရေ (၆၈.၅) သန်း၊ ကမ္ဘာအနှံ့ စုစုပေါင်း သန်း(၁၅၀)ကျော် ရောင်းချခဲ့ရသဖြင့် ရောင်းအားအကောင်းဆုံး အနုပညာရှင်တစ်ဦးဖြစ်သည်။ အမေရိကတေးသံသွင်းလုပ်ငန်းအဖွဲ့ (RIAA) မှအသိအမှတ်ပြုသော ထိပ်တန်းရောင်းအားအကောင်းဆုံး အနုပညာရှင်များ၌လည်း ပထမဆုံးအမျိုးသမီးအနုပညာသည်ပင်ဖြစ်သည်။ အမေရိကတေးသံသွင်းလုပ်ငန်းအဖွဲ့နှင့် ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က စတွိုင်းဆာန်ကို အမျိုးသမီးအဆိုတော်တစ်ဦး၌ ထိပ်တန်းအကျဆုံးအခွေ(၁၀)ခွေအတွက် စံချိန်တစ်ရပ်ကိုပိုင်ဆိုင်သူအဖြစ် အသိအမှတ်ပြုကြသည်။ ၁၉၆၃မှစ၍ ယခုထိ စုစုပေါင်း (၃၄)ခွေဖြစ်သည်။ ဘီလ်ဘော့ဒ်အရဆိုလျှင် အဆင့်(၁)ရသော တေးအယ်လ်ဘမ်အများဆုံးပိုင်ဆိုင်သော အမျိုးသမီးဆိုသည့် စံချိန်(၁၁ ခွေ)ကိုလည်းရယူခဲ့သည်။ဘီလ်ဘော့ဒ်က ၎င်း၏ ထိပ်တန်းသီချင်း (၂၀၀)ဇယားတွင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အနုပညာရှင်အဖြစ်လည်းကောင်း ရေပန်းစားသီချင်း (၁၀၀)ဇယားတွင် ပါဝင်ခဲ့သော အကြီးကျယ်ဆုံးအမျိုးသမီးအနုပညာရှင်အဖြစ်လည်းကောင်း အသိအမှတ်ပြုခဲ့လေသည်။ စတွိုင်းဆာန်သည် ရွှေအဆင့်ရအခွေ (၅၃)ခွေ၊ ပလက်တီနမ်ပဆင့်ရအခွေ (၃၁)ခွေ၊ ထပ်ဆင့် ပလက်တီနမ်ရအခွေ (၁၄)ခွေကို အမေရိက၌ ထုတ်ဝေဖြန့်ချိခဲ့ရင်း လွန်ခဲ့သည့် နှစ်ခြောက်ဆယ်အတွင်းက ဆယ်စုနှစ်တစ်ခုချင်းဆီ၌ အဆင့်တစ်ရသော တေးအယ်လ်ဘမ်ရှိသည့် တစ်ဦးတည်းသော တေးသံသွင်းအနုပညာရှင်လည်းဖြစ်သည်။
ခုနှစ် | အမည် | ပါဝင်သည့်အခန်း | မှတ်ချက် |
---|---|---|---|
1968 | Funny Girl | Fanny Brice | အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ပူးတွဲ (Katharine Hepburn for The Lion in Winter (1968 film)) အကောင်းဆုံး နိုင်ငံခြား အမျိုးသမီးဇာတ်ဆောင်အတွက် David di Donatello ဆု ပူးတွဲ (Mia Farrow for Rosemary's Baby (film)) အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု – Motion Picture Musical or Comedy အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင် |
1969 | Hello, Dolly! | Dolly Levi | အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy |
1970 | On a Clear Day You Can See Forever | Daisy Gamble / Melinda Tentrees | |
The Owl and the Pussycat | Doris Wilgus / Wadsworth / Wellington / Waverly | အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy | |
1972 | What's Up, Doc? | Judy Maxwell | |
Up the Sandbox | Margaret Reynolds | ||
1973 | The Way We Were | Katie Morosky | အကောင်းဆုံး နိုင်ငံခြား အမျိုးသမီးဇာတ်ဆောင်အတွက် David di Donatello ဆု ပူးတွဲ (Tatum O'Neal for Paper Moon (film)) အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဆန်ကာတင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy |
1974 | For Pete's Sake | Henrietta "Henry" Robbins | |
1975 | Funny Lady | Fanny Brice | အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy |
1976 | A Star Is Born (1976 film) | Esther Hoffman Howard | အကောင်းဆုံး မူရင်းသီချင်း အကယ်ဒမီဆုPaul Williams (တေးရေးသူ နှင့်အတူ) (lyrics)/ "Evergreen (Love Theme from A Star Is Born)" ဖြင့်ဆုရရှိခြင်း။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု – Motion Picture Musical or Comedy အကောင်းဆုံး မူရင်းသီချင်း ရွှေကမ္ဘာလုံးဆု Paul Williams (တေးရေးသူ နှင့်အတူ) (lyrics)/ "Evergreen (Love Theme from A Star Is Born)" ဖြင့်ဆုရရှိခြင်း။ အကောင်းဆုံး ရုပ်ရှင်ဂီတ BAFTA ဆု Paul Williams (တေးရေး), Kenneth Ascher, Rupert Holmes, Leon Russell, Kenny Loggins, Alan and Marilyn Bergman, Donna Weiss များနှင့်အတူ |
1979 | The Main Event | Hillary Kramer | |
1981 | All Night Long | Cheryl Gibbons | အညံ့ဆုံး အမျိုးသမီးဇာတ်ဆောင် ရတ်စ်ဘယ်ရီဆု ဆန်ကာတင် |
1983 | Yentl | Yentl Mendel / Anshel Mendel | ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ပူးတွဲဇာတ်ညွှန်းရေးသူ အဖြစ်လည်း အကောင်းဆုံး ဒါရိုက်တာ ရွှေကမ္ဘာလုံးဆု အကောင်းဆုံး နိုင်ငံခြား ဒါရိုက်တာဆုအတွက် Special Nastro d'Argento ဆု အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy အညံ့ဆုံး အမျိုးသားဇာတ်ဆောင် ရတ်စ်ဘယ်ရီဆု ဆန်ကာတင် |
1987 | Nuts (1987 film) | Claudia Faith Draper | အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင် – Drama |
1991 | The Prince of Tides | Dr. Susan Lowenstein | ဒါရိုက်တာ၊ ထုတ်လုပ်သူ အဖြစ်လည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဆန်ကာတင် (ပူးတွဲ) Andrew S. Karsch အမေရိကဒါရိုက်တာများအဖွဲ့ဆု ဆန်ကာတင် အကောင်းဆုံး ဒါရိုက်တာ ရွှေကမ္ဘာလုံးဆု ဆန်ကာတင် |
1996 | The Mirror Has Two Faces | Rose Morgan | ဒါရိုက်တာ၊ ထုတ်လုပ်သူ အဖြစ်လည်း အကောင်းဆုံး မူရင်းသီချင်း အကယ်ဒမီဆု ဆန်ကာတင်(Marvin Hamlisch, Robert John Lange and Bryan Adams) နှင့်အတူ၊ "I Finally Found Someone" သီချင်းဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင် – Motion Picture Musical or Comedy အကောင်းဆုံး မူရင်းသီချင်း ရွှေကမ္ဘာလုံးဆု ဆန်ကာတင် (Marvin Hamlisch, Robert John Lange and Bryan Adams) နှင့်အတူ၊ "I Finally Found Someone" သီချင်းဖြင့် |
2004 | Meet the Fockers | Rozalin "Roz" Focker | |
2010 | Little Fockers | Rozalin "Roz" Focker | အညံ့ဆုံး အမျိုးသမီးဇာတ်ပို့ ရတ်စ်ဘယ်ရီဆု ဆန်ကာတင် |
2012 | The Guilt Trip | Joyce Brewster | အညံ့ဆုံး အမျိုးသမီးဇာတ်ပို့ ရတ်စ်ဘယ်ရီဆု ဆန်ကာတင် |
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ဘာဘရာ စတွိုင်းဆာန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.