၁၉၇၀ အာရှ အားကစားပြိုင်ပွဲ

၁၉၇၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1970 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၀ပြည့်နှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၇၀ အာရှ အားကစားပြိုင်ပွဲ
VI Asian Games
ကျင်းပရာမြို့ထိုင်းနိုင်ငံဘန်ကောက်မြို့
ပါဝင်သော နိုင်ငံများ၁၈
ပါဝင်ဆင်နွဲသော အားကစားသမားများ၂,၄၀၀
ကစားပွဲအမျိုးအစား၁၃၅ (၁၃နည်း)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၀ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဘူမိဘော အဒူလျာဒက်
(ဘုရင်)
အဓိကအားကစားကွင်းစူပါချာလာဆိုင် အားကစားကွင်း
၁၉၆၆ ၁၉၇၄  >

နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၂,၄၀၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံကိုရီးယားသမ္မတနိုင်ငံထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

၁၉၇၀ပြည့်နှစ်အတွက် မူလအိမ်ရှင်မှာ ကိုရီးယားသမ္မတနိုင်ငံဖြစ်သည်။ သို့သော် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မှ ခြိမ်းခြောက်မှုများနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့သည်။

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

မူလက ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ လက်ခံကျင်းပရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် တိုင်းပြည်၏ လုံခြုံရေးနှင့် ဘဏ္ဍာရေး ပြဿနာများကြောင့် ကျင်းပနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံကပင် လက်ခံကျင်းပခဲ့သည်။ ထို့ကြောင့် ဘန်ကောက်မြို့သည် အာရှအားကစားပြိုင်ပွဲ သမိုင်းကြောင်းတွင် (၂)ကြိမ်ဆက်တိုက် အိမ်ရှင်ဖြစ်ခွင့်ရသည့် ပထမဆုံးနှင့် တစ်ခုတည်းသော မြို့ဖြစ်လာခဲ့သည်။

အားကစားကွင်းများ

အမျိုးသားအားကစားပြိုင်ဝင်း

  • စူပါချာလာဆိုင် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
  • Chantanayingyong အားကစားရုံ (ဘော်လီဘော)
  • Dhephatsadin အားကစားကွင်း (ဟော်ကီ)
  • Nimibutr မိုးလုံလေလုံအားကစားရုံ (ဘတ်စကက်ဘော)
  • Wisutarom ရေကူးကန် (ဒိုင်ဗင်၊ ရေကူး)

ဟွာမက် အားကစားပြိုင်ဝင်း

  • ဟွာမက် မိုးလုံလေလုံအားကစားရုံ (ကြက်တောင်ရိုက်၊ လက်ဝှေ့)
  • သေနတ်ပစ်ကွင်း (သေနတ်ပစ်)
  • စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး)

ချူလာလောင်ကွန်းတက္ကသိုလ် အားကစားပြိုင်ဝင်း

  • ချူလာ ဘောလုံးအားကစားကွင်း (ဘောလုံး)
  • ချူလာ ရေကူးကန် (ဝါတာပိုလို)

ဓမ္မသတ်တက္ကသိုလ်

  • အားကစားရုံ (ဘော်လီဘော)

အခြား (ဘန်ကောက်)

  • ယဉ်ကျေးမှုခန်းမ (အလေးမ)
  • Amporn Garden ခန်းမ (နပန်း)

ပတ္တရား

  • ပတ္တရား ကမ်းခြေ (ရွက်လှေ)

ပွဲများနှင့်အားကစား

ပါဝင်သည့်နိုင်ငံများ

ဧည့်သည်​တော်များသာ ​စေလွှတ်ခဲ့သည့် နိုင်ငံများ

ပါဝင်​သော အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဒိုင်ဗင်
    • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ​ရေကူး
    • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဝါတာပိုလို
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ​ပြေးခုန်ပစ်
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ကြက်​တောင်ရိုက်
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဘတ်စကက်​ဘော
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ လက်​ဝှေ့
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  စက်ဘီးစီး
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ​ဟော်ကီ
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ​ဘောလုံး
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ရွက်​လှေ
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ​သေနတ်ပစ်
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဘော်လီ​ဘော
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  အ​လေးမ
  • ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ နပန်း

ဆုတံဆိပ်ဇယား

    Key

  *   အိမ်ရှင်

၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ဂျပန် ၇၄ ၄၇ ၂၃ ၁၄၄
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  တောင်ကိုရီးယား ၁၈ ၁၃ ၂၃ ၅၄
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ထိုင်း* ၁၇ ၁၃ ၃၉
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  အီရန် ၂၃
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  အိန္ဒိယ ၁၀ ၂၅
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  အစ္စရေး ၁၇
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  မလေးရှား ၁၃
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  မြန်မာ ၁၂
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  အင်ဒိုနီးရှား ၁၃ ၂၀
၁၀ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ဆီလွန်
၁၁ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ဖိလစ်ပိုင် ၁၂ ၂၂
၁၂ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  တရုတ်သမ္မတနိုင်ငံ ၁၂ ၁၈
၁၃ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ပါကစ္စတန် ၁၀
၁၄ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  စင်ကာပူ ၁၅
၁၅ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ခမာသမ္မတနိုင်ငံ
၁၆ ၁၉၇၀ အာရှ အားကစားပြိုင်ပွဲ  ​တောင်ဗီယက်နမ်
စုစုပေါင်း (16 NOCs) ၁၃၇ ၁၃၃ ၁၅၃ ၄၂၃

ကိုးကား

Tags:

၁၉၇၀ အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပခြင်း၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ပွဲများနှင့်အားကစား၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ကိုးကား၁၉၇၀ အာရှ အားကစားပြိုင်ပွဲထိုင်းနိုင်ငံဘန်ကောက်မြို့ဘူမိဘော အဒူလျာဒက်အင်္ဂလိပ်ဘာသာစကားအာရှ အားကစားပြိုင်ပွဲ၁၉၆၆ အာရှ အားကစားပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

စက္ကူပန်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပန်းစကားပုံတပ်မတော် (ကြည်း)တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အိုမန်နိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကောသလမင်း အိပ်မက် (၁၆)ချက်ခြင်းလုံးမြန်မာနိုင်ငံ၏ အလံများ စာရင်းဆိုင်းဝိုင်းသီတဂူဆရာတော်တို့ဗမာအစည်းအရုံးအာဠာဝကဘီလူးဒိုင်းခင်ခင်Minecraftအောင်ခြင်း ၈ ပါးအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံအိတ်ချ်အိုင်ဗွီ ရောဂါပိုးဂဠုန်ဆရာစံကချင်လူမျိုးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဂျပန်ယန်းငွေပျော်ဘွယ်မြို့ဗုဒ္ဓဗီယင်ကျန်းမြို့သံလွင်မြစ်ယောက်ျား အင်္ဂါတံဘုရားဂုဏ်တော်သာသနာတော်ယဉ်ကျေးမှုကဗျာလင်္ကာပြစ်မှုဆိုင်ရာဥပဒေဟိုချီမင်းဆိုကရေးတီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆားစောမွန်လှမိဖုရားစောစစ်ကိုင်းတိုင်းဒေသကြီးဂေဟစနစ်လားရှိုးမြို့ယွန်းလူမျိုးမြန်မာနိုင်ငံတော်ဗဟိုဘဏ်စပါးထိုင်းနိုင်ငံကုလသမဂ္ဂနေဆေးခြောက်သူငယ်နာမြန်မာ သက္ကရာဇ်အင်တာနက်သဘာဝပတ်ဝန်းကျင်မြန်မာဝီကီပီးဒီးယားအရက်ကျောက်ခေတ်သစ်စတိဗ် ဂျော့စ်စေတီပုထိုးများလောက်ကိုင်မြို့သီပေါမင်းမာသာ ထရီဆာဗန်းမော်ဆရာတော်ဂျပန်နိုင်ငံ၏ ဒေသများပညာရေးဝန်ကြီးဌာနအနေကဇာတင်ခြင်းရန်ကုန်တက္ကသိုလ်ခင်မောင်တိုးလွတ်လပ်ရေးကြေညာစာတမ်းမြသန်းတင့်နယူတန်မိုးကုတ်မြို့တောင်ငူခေတ်မကွေးတိုင်းဒေသကြီး🡆 More