လူ-နာရီ

လူ-နာရီ သို့မဟုတ် မဲန်-အာဝါ (man-hour) ဆိုသည်မှာ ပုံမှန် အလုပ်သမားတစ်ယောက် တစ်နာရီ အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ အလုပ်တစ်ခုကို ပြီးမြောက်ရန် လိုအပ်သည့် အပြတ်အတောက်မရှိသော လုပ်အားစုစုပေါင်းကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြုသည့် အတိုင်းအတာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကောလိပ် သုတေသနစာစောင်တစ်ခုကို ပြီးမြောက်အောင်မြင်ရန် သုတေသနပြုခြင်းနှင့် ရေးသားခြင်းတို့ အပါအဝင် စုစုပေါင်း လုပ်အား ၈၀ လူ-နာရီ (man-hour) လိုအပ်သည်ဟု ခန့်မှန်းခြင်းမျိုး ဖြစ်သည်။ မိသားစုစုံညီ စားသောက်ပွဲတစ်ခုအတွက် အစမှအဆုံး ပြင်ဆင်မှုကို ပြီးမြောက်ရန် ၁၀ လူ-နာရီ လိုအပ်သည်ဟု မှန်းဆခြင်းမျိုးတွင်လည်း အသုံးပြုနိုင်သည်။

လူ-နာရီစုစုပေါင်း တွက်ချက်ရာ၌ အနားယူမှုအတိုများ၊ စားသောက်ချိန်များ၊ အပေါ့အလေးသွားခြင်းများစသည့် အလုပ်သမားများ လိုအပ်သော အလုပ်ခေတ္တရပ်ချိန်တိုများကို ထည့်သွင်းခြင်း ပြုလေ့မရှိပေ။ မန်နေဂျာများက လူ-နာရီများကို အရင်တွက်ချက်၍၊ အလုပ်ခေတ္တရပ်ချိန်တိုများ စုစုပေါင်းကို ပေါင်းထည့်ခြင်းဖြင့် အလုပ်တစ်ခုကို လုံးဝပြီးမြောက်အောင်မြင်ရန် အမှန်တကယ်လိုအပ်သော အချိန်ကို ခန့်မှန်းလေ့ရှိကြသည်။ ထို့ကြောင့်လည်း ကောလိပ် သုတေသနစာစောင်တစ်ခုကို ၂၀ လူ-နာရီ ကြာမည်ဟု ခန့်မှန်းရာတွင်၊ စတင်ချိန်မှ ဆက်တိုက် နာရီ ၂၀ အကြာတွင် ပြီးစီးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်း၏ ပြီးစီးမှုနှုန်းမှာ အခြားဘာသာရပ်များ အတွက် အသုံးချရသည့် အချိန်များ၊ စားသောက်ခြင်း အိပ်စက်ခြင်းစသော လူတို့၏ နေ့တဓူဝလုပ်ငန်းစဉ်များက ကြားဖြတ်ဝင်ရောက်မှုအပေါ် မူတည်သေးပေသည်။

ဆင်တူသော အတိုင်းအတာယူနစ်များ

လူ-ရက် သို့မဟုတ် မဲန်-ဒေး (man-day)၊ လူ-ပတ် သို့မဟုတ် မဲန်-ဝိ(ခ်) (man-week)၊ လူ-လ သို့မဟုတ် မဲန်-မန်းသ် (man-month)၊ လူ-နှစ် သို့မဟုတ် မဲန်-ရီးယား (man-year) တို့ကိုလည်း ကြီးမားသော စီမံကိန်း ပရောဂျက်တို့တွင် သုံးလေ့ရှိသည်။ လူ-နာရီ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် အလားတူပင် ပုံမှန် အလုပ်သမားတစ်ယောက် တစ်ရက် အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို လူ-ရက် (man-day) ဟူ၍ လည်းကောင်း၊ တစ်ပတ်ဆိုလျှင် လူ-ပတ် (man-week) ဟူ၍ လည်းကောင်း၊ တစ်လဆိုလျှင် လူ-လ (man-month) ဟူ၍ လည်းကောင်း၊ တစ်နှစ်ဆိုလျှင် လူ-နှစ် (man-year) ဟူ၍ လည်းကောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်တွင် အလုပ်သမားတစ်ဦး မည်မျှနာရီ အလုပ်လုပ်သည်မှာ နိုင်ငံ၏ အလုပ်ခွင် ယဉ်ကျေးမှုစံအပေါ်တွင် လည်းကောင်း၊ စီးပွားရေးအပေါ်တွင် လည်းကောင်း မှီတည်ပြီး ပြောင်းလဲတတ်ပေသသည်။ ၂၀၀၇-ခုနှစ် အိုအီးစီဒီ (OECD) နိုင်ငံများမှ စာရင်းအရ အလုပ်သမားတစ်ဦး ယေဘုယျ တစ်နှစ်အတွင်း အလုပ်လုပ်သော နာရီပေါင်းမှာ အနိမ့်ဆုံး ၁၃၈၉ နာရီ (နယ်သာလန်နိုင်ငံ)နှင့် အများဆုံး ၂၃၁၆ နာရီ (တောင်ကိုရီးယား)အတွင်း ကွာခြားမှုရှိပေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကြွက်နို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဝတ်မှုန်ရွှေရည်ပြည်သူ့ခုခံတော်လှန်စစ်ဥရောပ သမဂ္ဂမထိုးသွင်းသော လိင်ဆက်ဆံခြင်းတျာချင်းဇီဝဇိုးငှက်မစ်(ဂ်)-၂၉ရေမွန်အချိန်၊ မြန်မာ့ရိုးရာညစ်ညမ်းခြင်းများခွေးမြန်မာနိုင်ငံ၏ ရပ်ကွက်များအရှေ့မြောက်တိုင်းစစ်ဌာနချုပ်စက္ကူပန်းငလျင်လှုပ်ခြင်းကွန်ပျူတာcxaieအပြင် ၃၇ မင်းငါးမျိုးစိတ်များ စာရင်းမဟာသတိပဋ္ဌာနသုတ်မွန်ဘာသာစကားပုဗ္ဗဏှသုတ်ကရင်ပြည်နယ်ဓဇဂ္ဂသုတ်မောရသုတ်လီတာမော်စကိုမြို့ဆီးချိုရောဂါလက္ခဏာများမြန်မာနိုင်ငံရှိ ခရိုင်များသာယာဝတီမင်းချောင်းသာကမ်းခြေသက်ရင်းကြီးပင်တနင်္သာရီမြို့ကပ်မင်းတုန်းမင်းမြထွန်းဦးဆင်ဖြူရှင်မင်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဦးပိန်တံတားဗောဇ္ဈင်္ဂသုတ်ဒဏ္ဍာရီအောင်ဆန်းအာဇာနည်နေ့ကိုကိုးကျွန်းလေးဖြူခွန်ဆာနေ့နံကြာနီကန်ဆရာတော်ကမ္ဘာ့အထိမ်းအမှတ်နေ့မြန်မာသရုပ်ဆောင်များစာရင်းတွံတေးသိန်းတန်အာဇာနည် ခေါင်းဆောင်ကြီးများကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)အပူအစ္စလာမ်ဘာသာနိကာယ် ငါးရပ်တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးကာလာမသုတ်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရခိုင်လူမျိုးသိန်းစိန် (နိုင်ငံတော်သမ္မတ)ကရမက်အောင်ခြင်း ၈ ပါးကြောင် (တိရစ္ဆာန်)နာဇီဂျာမနီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအောင်ဆန်းစုကြည်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)လွှမ်းမိုးသိဒ္ဓတ္ထမင်းသားငါးပါးသီလအင်းဆက်HTTP cookie🡆 More