မြန်မာ့သစ်လုပ်ငန်း (အင်္ဂလိပ်: Myanma Timber Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၈၉ |
ယခင်အဖွဲ့အစည်း | သစ်လုပ်ငန်းကော်ပိုရေးရှင်း |
ဌာနချုပ် | ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ |
ဝန်ကြီးများ | ဦးခင်မောင်ရီ |
ဌာနအကြီးအမှူးများ | ဦးစောဂျွန်ရွှေဘ၊ ဦးဆောင်ညွှန်ကြားရေးမှူး |
မိခင်အဖွဲ့အစည်း | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | myanmatimber.com.mm |
မြန်မာ့သစ်လုပ်ငန်းတွင် အောက်ပါဌာနများ ပါဝင်ဖွဲ့စည်းထားသည်။
စီမံကိန်းနှင့်စာရင်းအင်းဌာန၏ အထွေထွေမန်နေဂျာသည် မြန်မာ့သစ်လုပ်ငန်း၏ ဒုတိယအကြီးအကဲအနေဖြင့် တာဝန်ယူရသည်။ စီမံကိန်းနှင့်စာရင်းဌာန၏ အဓိက တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်သည်။
စီမံခန့်ခွဲရေးဌာနသည် -
ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနကို ဌာနခွဲ( ၅ )ခုဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသည် သစ်ထုတ်ရေးဌာနမှ လွှဲပြောင်း ပေးပို့လာသော ကျွန်းနှင့် သစ်မာသစ်လုံး၊ ခွဲသားများကို နိုင်ငံခြားဝင်ငွေရရှိစေရန် ရောင်းချခြင်းနှင့် ထုတ်လုပ် ဖြန့်ဖြူးခြင်းတို့ကို အဓိက ဆောင်ရွက်သည်။
ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသည် သစ်ထုတ်ရေးဌာနကြီးမှ လက်ခံရရှိသော သစ်လုံးများကိုခွဲစိတ်၍ သစ်ခွဲသားများ ထုတ်လုပ်ကာ ပြည်တွင်းဝင်ငွေ ရှာဖွေပေးနေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ပြည်တွင်းသုံး သစ်ခွဲသား ခွဲစိတ်ခြင်းလုပ်ငန်းကို ပြည်နယ်/တိုင်း ဒေသကြီး အသီးသီးရှိ သစ်စက်များဖြင့် လည်ပတ်ဆောင်ရွက်ပြီး၊ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော် သစ်ခွဲသားလိုအပ်ချက်၊ မြန်မာ့ မီးရထား ဇလီဖား၊ သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် လိုအပ်သောသစ်ခွဲသားများကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ သစ်စက်/သစ်ဆိုင်များမှ ဖြန့်ဖြူး ရောင်းချပေးလျက် ရှိသည်။ ပုံမှန် ဖြန့်ဖြူးရောင်းချပေးခြင်းအပြင် သစ်လုံး/ရောင်းတန်းဝင် သစ်ခွဲသား၊ ရွေးကျန်/အတို အသေးများအားပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် ဈေးပြိုင်/အိတ်ဖွင့်လေလံ ဆောင်ရွက်၍ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
သစ်အခြေခံစက်မှုလုပ်ငန်းဌာနသည် ယခင်က မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနလက်အောက်တွင် ဌာနခွဲတစ်ခုအဖြစ် တည်ရှိခဲ့ပြီး ၁၉၉၉ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့တွင် သစ်အခြေခံစက်မှုလုပ်ငန်းဌာန ( Wood-based Industry Department ) အဖြစ် ယာယီဖွဲ့စည်းပုံဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၄၅/၂၀၀၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အထွေထွေမန်နေဂျာဦးဆောင်သော ဌာနကြီးတစ်ခု အဖြစ် သီးခြားရပ်တည်လာခဲ့သည်။ သစ်အခြေခံစက်မှုလုပ်ငန်း ဌာန၏အဓိကတာဝန်မှာ နိုင်ငံပိုင်သစ်တော သယံဇာတများဖြစ်သည့် ကျွန်းနှင့်သစ်မာ ကုန်ကြမ်းများဖြင့် သစ်အခြေခံအချောထည် ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့ပြီး ပြည်တွင်းဝင်ငွေ၊ ပြည်ပဝင်ငွေများရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။
မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ ယာဉ်/ယန္တရားများ၊ သစ်စက်များနှင့် သစ်အခြေခံစက်များအား အသစ်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူးခြင်း၊ စက်မှုဆိုင်ရာအကြံဉာဏ်များပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအား ကြီးကြပ်ခြင်းစသည်တို့ကို မြန်မာ့သစ်လုပ်ငန်း ရည်မှန်းချက်များနှင့်အညီ ကုန်ထုတ်ဌာနကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အင်ဂျင်နီယာဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယခင် ဘုံဘေဘားမား (အမှတ် ၃ သစ်စက်)၊ စတီးဘရားသား (အမှတ် ၆ သစ်စက်) စသည်တို့တွင် အင်ဂျင်နီယာဝန်ထမ်းများ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယန္တရားဖြင့် သစ်ထုတ်ခြင်းလုပ်ငန်းအတွက် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) မှ နည်းပညာ ကူညီထောက်ပံ့ မှုများပေးခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် စက်ယန္တရားဖြင့် လမ်းဖောက်ခြင်း၊ သစ်ဆွဲခြင်း၊ သစ်တိုက်ခြင်း လုပ်ငန်းများကို အထက် ချင်းတွင်းမော်လိုက်ခရိုင်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို ဝန်ထမ်း(၂၆၃၄)ဦးဖြင့်လည်းကောင်း၊ ၁.၄.၁၉၉၀ တွင် အင်ဂျင်နီယာဝန်ထမ်း (၅၉၅၈) ဦးဖြင့်လည်းကောင်း ပြန်လည် ဖွဲ့စည်းခဲ့သည်။
ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှာ မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်ရေး၊ ဖေါင်ဖွဲ့ရေး၊ ပြည်တွင်း/ပြည်ပ ခွဲစိတ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ သစ်အခြေခံစက်မှုလုပ်ငန်းများ နှင့်အခြား ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ တည်ဆဲညွှန်ကြားချက်များနှင့် ညီညွတ်စေရန် ညွှန်ကြားလွှာများ၊ ဖြန့်ဝေစာများ ထုတ်ပြန်ပြီး သင်တန်းများ ပို့ချပေးခြင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက်လျက် ရှိသကဲ့သို့ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ၊ မှန်ကုန်ညီညွတ်မှုရှိ/မရှိ တို့ကို စိစစ်တင်ပြဆောင်ရွက်ရသည့် ဌာနဖြစ်သည်။
မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသော သင်တန်းကျောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
နန်ချွန်၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၈၀-၈၁ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အကျယ်အဝန်းမှာ ၄၄၁.၄၁ ဧက ရှိသည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -
ပျဉ်းမနားမြို့နယ်၊ နေပြည်တော် တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ် တွင် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အကျယ်အဝန်းမှာ ၂၈.၂၄ ဧကရှိသည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -
အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ် တွင် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -
This article uses material from the Wikipedia မြန်မာဘာသာ article မြန်မာ့သစ်လုပ်ငန်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.