မြန်မာယူနီကုဒ်ဧရိယာ

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် Myanmar Mobile Users Group ရှိ ပို့စ်တစ်ခုမှ စတင်ကာ မြန်မာယူနီကုဒ်ဧရိယာ အဖွဲ့တစ်ခုအဖြစ် ဖေ့စ်ဘွတ်ခ်တွင် တည်ထောင်ခဲ့သည်။ အဖွဲ့ဝင်တော်တော်များများဖြင့် တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့ကြသည်။ မြန်မာယူနီကုဒ်ဧရိယာ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားအားလုံး စံသတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာစာစနစ်ကို သုံးစွဲစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်သည်။ အဖွဲ့၏ လက်ရှိဆောင်ပုဒ်မှာ ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံးစံနှုန်းများကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်း ကာကွယ်ပါ ဟူ၍ ဖြစ်သည်။

မြန်မာယူနီကုဒ်ဧရိယာ
အတိုကောက်MUA
ဖွဲ့စည်းခြင်း၁၈ စက်တင်ဘာ ၂၀၁၄
ဦးတည်ချက်မြန်မာနိုင်ငံသားအားလုံး စံသတ်မှတ်ချက်နဲ့ ညီသော ဖောင့်များသုံးစွဲစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန်
ကြော်ငြာဆောင်ပုဒ်"ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံးစံနှုန်းများကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်း ကာကွယ်ပါ"
ဝက်ဘ်ဆိုဒ်www.mmunicode.org

မြန်မာယူနီကုဒ်ဧရိယာမှ အွန်လိုင်းလူမှုကွန်ယက်များတွင် တနင်္ဂနွေတိုင်း ယူနီကုဒ် အသုံးပြုကြရန် စတင်၍ စည်းရုံးလှုံဆော်ခဲ့သည်။ ထို့စည်းရုံးရေးကိုပြုလုပ်နေစဉ်အတွင်း မန္တလေး FM နှင့်ချိတ်ဆက်၍ အဖွဲ့၏ ပထမဆုံးသော ပညာပေး အစီအစဉ်ကို လေလှိုင်းပေါ်မှ တိုက်ရိုက်လွှင့်၍ အသိပညာပေးခဲ့သည်။ ထို့နောက် PEN Office တွင် မီဒီယာများကို ဖိတ်ကြား၍ တနင်္ဂနွေနေ့တိုင်း အသုံးပြုပေးကြဖို့ တိုက်တွန်းခဲ့သည့်အပြင် မီဒီယာများကိုလည်း ယူနီကုဒ်စနစ် သုံးစွဲကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။ ကေအမ်ဒီ(KMD)မြေနီကုန်း ကွန်ပျူတာ သင်တန်းကျောင်းတွင်လည်း လူငယ်များအတွင်း အသိပညာ ပြန့်ပွားစေရန် ကူညီဟောပြောခဲ့ကြသည်။ ထို့နောက် ၁၈.၁.၂၀၁၅ တွင် မန္တလေးမြို့ ယုံကြည်ရာစာဖတ်အသင်းနှင့် ချိတ်ဆက်၍ ယူနီကုဒ်အသုံးပြုသင့်ကြောင်း ဟောပြောခဲ့ကြသည်။ ဘားကမ့်ရန်ကုန်၂၀၁၅ တွင်လည်း "Unicode နှင့် အဆင်မပြေမှုများ အကြောင်း ဆွေးနွေးရအောင်" ခေါင်းစဉ်ဖြင့် ထပ်မံ၍ ယူနီကုဒ် စနစ်မည်သို့ အားသာသည်ကို ဟောပြော အသိပညာဖြန့်ဝေခဲ့ပြီး ယူနီကုဒ်ပြောင်းလဲ အသုံးပြုလိုသူများကို MICT Park မြက်ခင်းပြင်တွင် ကူညီထည့်သွင်းပေးခဲ့သည်။

မြန်မာယူနီကုဒ်ဧရိယာ၏ ထုတ်ကုန်တစ်ခုအဖြစ် အန်းဒရွိုက်စနစ်သုံး ဖုန်းများတွင် မြန်မာစာ စနစ်တကျ ရေးနိုင်ရန် ဗေ ကီးဘုတ် ကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ ဗေကီးဘုတ်တွင် ရှမ်း၊ မွန်၊ ပအိုဝ်ႏ၊ ပလောင်၊ ဗမာ စသော မြန်မာတိုင်းရင်းသား ဘာသာများ ပါဝင်ပြီး မပါဝင်သေးသောတိုင်းရင်းသားဘာသာများကိုလည်း ထပ်မံဖြည့်သွင်းပေးရန် ကြိုးစားလျက်ရှိသည်။ ယူနီကုဒ်သုံးစွဲသူများ အဆင်ပြေစေရန် MUA News Apk ကိုလည်း အခမဲ့ ဖြန့်ဝေခဲ့သည်။ ယူနီကုဒ်မပါဝင်သေးသောဖုန်းများတွင် ယူနီကုဒ်အလွယ်တစ်ကူထည့်သွင်းနိုင်ရန် MUA Font Changer ကိုလည်း ဖြန့်ဝေပေးခဲ့ပြီး နောက်ပိုင်းတွင် မော်ဒယ်နိမ့်ဖုန်းများတွင်ပါ အသုံးပြုနိုင်ရန် ကြိုးစားလျက်ရှိသည်။

ယူနီကုဒ်အသုံးပြုသူများအတွက် ဆော့ဝဲများကိုလည်း developer အပေါင်းမှ ကူညီရေးသားပေးခဲ့ကြသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ဖေ့စ်ဘွတ်ခ်

🔥 Trending searches on Wiki မြန်မာဘာသာ:

စာရင်းကိုင်ပညာငုရွှေဝါပင်မိုးကုတ်မြို့အာနန္ဒာဘုရားနေဝင်း (ဗိုလ်ချုပ်ကြီး)ကျောက်မျက် ရတနာအစ္စရေးနိုင်ငံတရားဂုဏ်တော်ဝ လူမျိုးလုံချည်အစ္စလာမ်ဘာသာခင်ပွန်းကြီးဆယ်ပါးငှက်ဖျားရောဂါလတ္တီကျူဧရာဝတီမြစ်ကွန်ပျူတာTaqwacoreသာသနာ့ အလံကားခွေးအရင်းရှင်ဝါဒထားဝယ်မြို့တတိယ အင်္ဂလိပ် - မြန်မာစစ်မြန်မာ စံတော်ချိန်မင်းကွန်းတိပိဋကဆရာတော်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဦးသန့်ကျောရိုးမဲ့သတ္တဝါနာဂစ်မုန်တိုင်းနန်းမတော်မယ်နုဒီအန်အေပိန္နဲပင်ဟိန္ဒူဘာသာငွေတာရီသွေးလွန်တုပ်ကွေးပွေး(ရောဂါ)တရုတ်ဖေ့စ်ဘွတ်ခ်ညစ်ညမ်းခြင်းများပအိုဝ်းလူမျိုးနဂါးနီသီချင်းရှင်စောပုလား (တိရစ္ဆာန်)ဗမာ့လွတ်လပ်ရေးတပ်မတော်လူ့အခွင့်အရေးမှော်ပညာတံခွန်တိုင်မန်ချက်စတာ ယူနိုက်တက်ဖားသိပ္ပံပညာမင်းတုန်းမင်းကြယ်ကျွန်းနက်မြစနေဂြိုဟ်ထိုင်ဝမ်ကျွန်း၏ ပထဝီဝင်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရှေ့တောင်အာရှနိုင်ငံများအသင်းပုသိမ်မြို့ထိုင်းတော်ဝင်တပ်မတော်ဇော်ဂျီ (စာရေးဆရာ)ထိုင်းနိုင်ငံ၏ ပြည်နယ်များနတ်မင်းကြီးလေးပါးမိုးမောက်မြို့လိင်စိတ် နိုးထခြင်းနေ့နံစံကားဝါသိင်္ဃသူ့သမီးမေတ္တာအပူချိန်မင်းခေါင်နော်ရထာသဗ္ဗညုဘုရား(ပုဂံ)အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်တက္ကသိုလ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပုပ္ပါးတောင်ယောက်ျား အင်္ဂါတံစိတ်ပညာ🡆 More