မဟေသီမဂ္ဂဇင်း

မဟေသီမဂ္ဂဇင်းကို အမျိုးသားစာပေဆုရ စာရေးဆရာ မှူးသမိန် ခေါ် တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) က ၁၉၈၄ ခုနှစ် ဩဂုတ်လ တွင် စတင်ထုတ်ဝေခဲ့သည်။ မှူးသမိန်က အယ်ဒီတာချုပ် အဖြစ် စတင်ထုတ်ဝေသည်မှ ၎င်းကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် သမီးဖြစ်သူ ဒေါက်တာယုဇနစောမြင့် (ယုယ (ဆေး ၁)) က အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

တာဝန်ခံအယ်ဒီတာများ

  1. ဦးခင်မောင်မြင့်
  2. ဦးခင်မောင်ညွန့်
  3. ဦးဝင်းသူရ

အုပ်ချုပ်ရေးမှူးများ

  1. ဗိုလ်မှူးကြီး (ငြိမ်း) သီဟသူရ စိုးသိန်း

လူသိများသော ဝတ္ထု ဆောင်းပါးများ

ဝင်းဝင်းလတ်၏ အချစ်၏နောက်ဆက်တွဲစာမျက်နှာ

မဟေသီမဂ္ဂဇင်းတွင် ၁၉၉၆ ခုနှစ် ဧပြီလမှ ၁၉၉၇ ခုနှစ် ဩဂုတ်လအထိ စာရေးဆရာမ ဝင်းဝင်းလတ် ရေးသားခဲ့သော အချစ်၏နောက်ဆက်တွဲစာမျက်နှာ အခန်းဆက်ဝတ္ထုရှည်ကို ၁၉၉၇ ခုနှစ်တွင် လုံးချင်းဝတ္ထုရှည်အဖြစ် ထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု (ဝတ္ထုရှည်) ရရှိခဲ့သည်။

ပတ္တမြားခင်၏ ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ

စာရေးဆရာမကြီး ပတ္တမြားခင်ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ အခန်းဆက်ဆောင်းပါးသည်လည်း လူအများစောင့်မျှော်ဖတ်ရှုခဲ့ကြသည်။

ဟိန်းလတ်၏ အင်တာဗျူးများ

မဟေသီမဂ္ဂဇင်းတွင် စာရေးဆရာ ဟိန်းလတ်၏ ၁၂ နှစ်ကြာ ပြုလုပ်ခဲ့သော အင်တာဗျူးများမှာ ထင်ရှားသည်။

စိန်ခင်မောင်ရီ၏ ရုပ်ရှင်ဝေဖန်ရေးများ

စိန်ခင်မောင်ရီသည် ကွယ်လွန်ချိန်အထိ မဟေသီမဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသားခဲ့သည်။

ကိုစောနု၏ ဂီတဝေဖန်ရေးများ

ကိုစောနု၏ ဂီတဝေဖန်ရေးဆောင်းပါးများသည် ထိုခေတ်က အလွန်ပွဲဆူစေသော ဆောင်းပါးများဖြစ်ပြီး အဆိုတော် ထူးအိမ်သင်က ၎င်းအပေါ်ဝေဖန်သည့် ကိုစောနု၏ ဆောင်းပါးများကို မဟေသီမဂ္ဂဇင်းတွင်ပင် ပြန်လှန်ဝေဖန်ခဲ့ဖူးသည်။

ကိုးကား


Tags:

မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာများမဟေသီမဂ္ဂဇင်း အုပ်ချုပ်ရေးမှူးများမဟေသီမဂ္ဂဇင်း လူသိများသော ဝတ္ထု ဆောင်းပါးများမဟေသီမဂ္ဂဇင်း ကိုးကားမဟေသီမဂ္ဂဇင်းတော်လှန်ရေးကောင်စီဒေါက်တာမှူးသမိန်ယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်)အမျိုးသားစာပေဆု

🔥 Trending searches on Wiki မြန်မာဘာသာ:

တောင်တွင်းကြီးမြို့မင်္ဂလာပါရှင်စောပုရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးတရားဂုဏ်တော်နေတိုးအစ္စလာမ် သမိုင်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဘီလူးကိလေသာခရစ်ယာန်ဘာသာမြန်မာနိုင်ငံ၏ ပထဝီဝင်ရုရှားနိုင်ငံငါးမျိုးစိတ်များ စာရင်းမော်လမြိုင်မဟာဘုတ်ရှမ်းဘာသာစကားလာလီဆာကြည့်မြင်တိုင်မြို့နယ်မင်းလူသီလဆောက်လုပ်ရေး ဝန်ကြီးဌာနကြောင် (တိရစ္ဆာန်)ကမ္မဋ္ဌာန်းဘရာဇီးနိုင်ငံတွင်းနက်ဗန်းမော်ဆရာတော်ဟောင်ကောင်ပြင်ဦးလွင်မြို့နယ်ဒန့်သလွန်ကိုးပါးသီလရတုပြေတီဦးဘိသိက်မင်္ဂလာစေတီပုထိုးများတိမ်သမုဒ္ဒရာတီဘီရောဂါမြေပုံဆွဲပညာခုနစ်နေ့ဘုရားရှိခိုးအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးချဉ်ပေါင်ဘဂျမ်း (ကာတွန်း)သာသနာတော်ယူကျု(ဘ်)အရက်အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံတော်ဗဟိုဘဏ်အေ (အက္ခရာ)အင်္ဂလိပ်-မြန်မာ စစ်ပွဲများရှရွတ်ခန်းကရင်နွယ်ဘာသာစကားများထန်းရည်ထိုင်းဘာသာစကားမန္တလေး နန်းတော်အင်းဝမင်းဆက်ကမ္ဘာဂြိုဟ်ဘိုးမင်းခေါင်ငွေတာရီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဝက်ဝံကံမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများဒူဘိုင်းမြို့စုန်းကဝေအတတ်သမ္ဗုဒ္ဓေခွေးမနုဿဗေဒနှလုံးဘူရိဒတ်ဇာတ်တော်ရခိုင်ရိုးရာ ကျင်ကိုင်ပွဲဗိဿနိုးမြို့ဟောင်းအဋ္ဌာရသ ၁၈ ရပ်လာအိုနိုင်ငံ🡆 More