မနူဟာဘုရား

မနူဟာဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ၊ မြင်းကပါအရပ်၌ တည်ရှိသည်။

မနူဟာဘုရား
မနူဟာဘုရား
မနူဟာဘုရား
မနူဟာဘုရား
  • စေတီပုထိုးအမှတ် = ၁၂၄၀/၅၇၅

စေတီတော်သမိုင်း

မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း(မကုတ) မှခရစ်နှစ် ၁၀၆၇ နှစ်တွင် တည်ခဲ့သော ဘုရားဖြစ်သည်။ သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည်ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထာအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ဝတ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။ ပုဂံမြို့၊ မြင်းကပါအရပ်တွင် တည်ထားသည်။

ဗိသုကာ လက်ရာများ

ကုလားကျောင်းခံ လိုဏ်ဂူဘုရား တည်သည်။ လိုဏ်ဂူမှာ စတုရန်းပုံနှစ်ထပ် ဆောက်ထားပြီး အပေါ်ထပ်လိုဏ်သည် အောက်ထပ်ထက်ငယ်သည်။ ပစ္စယာများအထက်၌ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ရည်၍ စေတီငယ် (၃၇)ဆူ တည်သည်ဟု ယူဆကြလေသည်။ ဘုရားဂူအတွင်း၌ ရှေ့ဘက်တွင် ဘူမိဖဿမုဒြာ အနေအထားဖြင့် တင်ပျဉ်ခွေ တစ်ဆူနှင့် ဘေးတစ်ဘက်တစ်ချက်တွင် အရန်ဆင်းတုတော် တစ်ဆူစီရှိ၍ ဂူပြည့်လုနီးပါး ဖြစ်သည်။ လိုဏ်ဂူ အနောက်ဘက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမားတော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာအပြည့် ဖြစ်နေကြသည်။ ဆင်းတုတော်ကြီးများသည် မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့ မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။

မနူဟာဘုရား 

မနူဟာဘုရားသည် အကျဉ်းသားအဖြစ် ပုဂံတွင်နေရသော မနူဟာမင်း၏ ကောင်းမှုတော် ကြောင့်လည်းကောင်း၊ လိုဏ်ဂူအတွင်း၌ ပူဇော်ထားသော ထိုင်တော်မူ ဆင်းတုတော် သုံးဆူနှင့် လျောင်းတော်မူ ဆင်းတုတော်ကြီးမျာ၏ အလွန်တရာကြီးမားမှုကြောင့် လည်းကောင်း ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူ ဖြစ်သည်။ သို့သော် နောက်ပိုင်းလေ့လာတွေ့ရှိချက်များ အရမူ ယနေ့တွေ့မြင်တည်ရှိနေသော ကျဉ်းမြောင်းကျပ်တည်းသော ဘုရားကျောင်းဆောင်မှာ နဂိုမနူဟာမင်းတည်သည့် လက်ရာမျိုးမဟုတ်ကြောင်း ထပ်မံသိရှိရသည်။

မနူဟာမင်းသည် "ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို" ဟူ၍ ဆုတောင်းသွားကြောင်း သမိုင်းစာ၌ တွေ့ရလေသည်။

ရုပ်ပုံများ

ကိုးကား

Tags:

မနူဟာဘုရား စေတီတော်သမိုင်းမနူဟာဘုရား ဗိသုကာ လက်ရာများမနူဟာဘုရား ရုပ်ပုံများမနူဟာဘုရား ကိုးကားမနူဟာဘုရားပုဂံမန္တလေးတိုင်းဒေသကြီးမြင်းကပါမြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

အသုံးလုံးဣန္ဒြေသင်္ကြန်ကိုလိုနီခေတ်သောမတ် အက်ဒီဆင်လများ (အချိန်အတိုင်းအတာ)ပြည်သူ့ကာကွယ်ရေးတပ်မတော်ဝဲမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းပထဝီဝင်မောင်သာချိုတယ်လီဖုန်း ကုတ်နံပါတ်ရဲဘော်သုံးကျိပ်တောက်တဲ့ငှက်ဖျားရောဂါရိုဟင်ဂျာဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမြန်မာ-အင်္ဂလိပ် အဘိဓာန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လူသားမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသသွေးတိုးရောဂါအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမန္တလေးတိုင်းဒေသကြီးထေရဝါဒအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဘကြီးတော်(စစ်ကိုင်းမင်း)မြန်မာဘာသာစကားကီလိုမီတာလိင်ဖြင့်မျိုးပွားခြင်းကိုးပါးသီလအင်္ဂုလိမာလသုတ်သစ္စာလေးပါးဗမာပြည် ကွန်မြူနစ်ပါတီအင်္ဂလိပ်ဘာသာစကားမြသန်းတင့်ကမ္ဘာ့လေထုသဘာဝပတ်ဝန်းကျင်အရှေ့တောင်အာရှနိုင်ငံများအသင်းဝတ်မှုန်ရွှေရည်အင်္ဂါဂြိုဟ်ထွန်းမြတ်နိုင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများပညာရေးထားဝယ်လူမျိုးမင်းအောင်ကချင်လွတ်မြောက်ရေးတပ်မတော်အောင်လအန်ဆန်းနိဗ္ဗာန်ကုန်းဘောင်ခေတ် နာမည်တွက်နည်းငသိုင်းချောင်းမြို့သစ္စာအာရက္ခတပ်တော်ခရမ်းလွန်ရောင်ခြည်တောင်သူလယ်သမားနေ့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးဘီလူးခန္ဓာဗေဒမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြန်မာနိုင်ငံ၏ စီးပွားရေးအိတ်ချ်အိုင်ဗွီ ရောဂါပိုးမန်ဂျပ်ရှားလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဘဒ္ဒကမ္ဘာအရေပြားလေးဘက်နာရောဂါဆားပုလင်းနှင်းမောင်ဓမ္မစကြာသုတ္တန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒြပ်စင်ဗျည်းမြန်မာမုန့်များ🡆 More