နန်းဘုရားကျောင်း

နန်းဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ပုဂံရှိ ဘုရားတစ်ဆူ ဖြစ်သည်။ ကွမ်းတောင်ပေါက် လိုဏ်တဆင့် ဂူဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိစည်သူမင်း၏ သားမက်၊ မနူဟာမင်း၏ မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၎င်း၏ဘေးတော်ဖြစ်သော မနူဟာမင်း နေထိုင်ခဲ့ရာနေရာ၌ အထိမ်းအမှတ်အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။

နန်းဘုရားကျောင်း
နန်းဘုရားကျောင်း
နန်းဘုရားကျောင်း
  • စေတီပုထိုးအမှတ် = ၁၂၃၉/၅၇၄

နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရားအတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်း ကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီးလေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖက်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့် ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများနှင့် ထောင့်ချိုးဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။ ထိုရုပ်ပုံများကို ကျောက်သားတစ်တုံးစီ၌ ရုပ်ပုံအပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။

နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ ဆောက်လုပ်ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကလသာအိုး (ကြာသွတ်အိုး) ပုံခံထားပြီး အထက်တွင် ကြာပန်းကြာနွယ်များအကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန်ဆာ ဆင်ထားသည်။ နန်းဘုရား၏ ဇာပြတင်းပေါက်များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက်ပတ်လည်တွင် ကျောက်ဆစ်ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင်မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေနတ်သမီး (ကျောက်ဂြီ) (Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုးပုံများကို ထွင်းထုထားသည်။

နန်းဘုရား၌ အတွင်းဆောင်နှင့် ရှေ့ဆောင် ပါဝင်သည်။ အပေါ်ဆင့်သို့တက်ရန် လှေကားအိမ်မပါ။ အတွင်းဆောင်တွင် မူလက အလယ်တွင် ဆင်းတုရှိသည်။ ဆင်းတုကို ရံ၍ လေးထောင့်တိုင်ကြီး လေးခု အပေါ်မျက်နှာကြက်ကို ထောက်ထားသည်။ တိုင်များတွင် ဗြဟ္မာပုံနှင့် ပန်းပုံစံများကို ဆစ်ထုထားသည်။ အဆောက်အအုံ အပြင်ဘက်တွင် ကျောက်များ အပြည့်စီ၍ ဘီလူးပန်းဆွဲ၊ ထောင့်ပန်း၊ တိုင်ဖုံး၊ ကျောက်ဆစ်ပန်းများ ရှိသည်။ အတွင်းဆောင်မှ ကျောက်ပြတင်းပေါက်များ၏ အပြင်နံရံ၌ လှပသော ကျောက်ဆစ်လက်ရာများ ပြုလုပ်ထားသည်။ အထွတ်သီခရမှာလည်း ကျောက်ဆစ်များ မွမ်းမံထားသော ကွမ်းထောင်ပုံ ဖြစ်သည်။ ပုဂံဒေသတွင် ဤအမျိုးအစား ဤအဆောက်အအုံ တစ်ခုသာရှိသည်။

ကိုးကား

Tags:

နရပတိစည်သူ(ပုဂံ)ပုဂံမနုဟာမင်းမန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးရာငါးဆယ်ဇာတ်တော်များစာရင်းမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နတ်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဆိုရိုးစကားကန်စွန်းတောက်တဲ့လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များစွမ်းအင် ဝန်ကြီးဌာနပြည်သူ့ခုခံတော်လှန်စစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)တပ်မတော် (ရေ)နန်းမတော်မယ်နုပြေတီဦးမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များပိုပေါ့စီးပွားရေးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဒီမိုကရေစီကြောင် (တိရစ္ဆာန်)စုန်းကဝေအတတ်ယောက်ျား အင်္ဂါတံအာနန္ဒာဘုရားစကောကရင်ဘာသာစကားကြည့်မြင်တိုင်မြို့နယ်မေတျာချင်းရတနသုတ်သီတင်းကျွတ်လပြည့်နေ့ဇာတ်ကြီးဆယ်ဘွဲ့ကာလီမယ်တော်ဇော်ဂျီကလောမြို့ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)တောင်ကိုရီးယားနိုင်ငံအင်းဝခေတ်တပ်မတော်ဒုံးတပ်ဖွဲ့ချင်းပြည်နယ်ဦးနုတပ်မတော်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမြင့်မြတ်ဟင်္သာတမြို့သိမ်းငှက်ခရစ်ယာန်ဘာသာကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မြန်မာအက္ခရာသမိုင်းသောတာပန်နို့တပ်မဟာ၉၉၉ကျိုက်ထီးရိုးဘုရားပြစ်မှုဆိုင်ရာဥပဒေစွယ်စုံကျမ်းတောင်တွင်းကြီးမြို့လာအိုနိုင်ငံကောသလမင်း အိပ်မက် (၁၆)ချက်လျှပ်စစ်ဓာတ်အားပီမိုးနင်းဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်စိုင်းထီးဆိုင်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းငပလီကမ်းခြေလ (ကမ္ဘာရံဂြိုဟ်)ဧရာဝတီတိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ကြိတ်မှန်ပင်တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးတပ်ရင်း (၇)ဂျာမနီနိုင်ငံခန္ဓသုတ်မြသန်းတင့်တရားဂုဏ်တော်🡆 More