နော်ရထာ မင်းရဲ

နော်ရထာ မင်းရဲ သည် စစ်ကိုင်းမင်းဆက် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ ခုနှစ်တွင် ၇ လကြာ ထီးနန်းစိုးစံခဲ့သည်။ နော်ရထာမင်းရဲသည် ကျစွာဘုရင် ရယူခဲ့သော ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို စစ်မက်ကင်းစင်မှုဖြင့် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ နော်ရထာမင်းရဲလွန်ပြီးနောက် ထီးနန်းကို ညီတော်ဖြစ်သူ တရဖျားငယ်မှ ဆက်ခံခဲ့သည်။

စစ်ကိုင်း နော်ရထာ
နော်ရထာ မင်းရဲ
စစ်ကိုင်းဘုရင်
နန်းသက်c. ဧပြီ – နိုဝင်ဘာ ၁၃၄၉
ရှေ့မင်းဆက်ကျစွာ
ဆက်ခံသူတရဖျားငယ်
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၅ နိုဝင်ဘာ ၁၃၂၆
မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက်၊ ဗုဒ္ဓဟူး
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်c. နိုဝင်ဘာ ၁၃၄၉ (အသက် ၂၃)
c. မြန်မာသက္ကရာဇ် ၇၁၁၊ နတ်တော်လ
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
စံအိမ်မြင်စိုင်း
ခမည်းတော်အသင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အကျဉ်းချုပ်

အနော်ရထာမင်းသည် စစ်ကိုင်း ဘုရင် အသိင်္ခယာစောယွန်း နှင့် မိဖုရား စောနှောင်း တို့၏ တတိယသားတော် ဖြစ်သည်။ ပင်းယဘုရင် တစ်စီးရှင် သီဟသူနှင့် ပုဂံဘုရင် ကျော်စွာတို့၏ မြေး ဖြစ်သည်။

မင်းရဲအား မွေးဖွားပြီး သုံးလအကြာတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ နောင်တော်ဖြစ်သူ ကျစွာသည် လေးနှစ်ခန့်သာရှိသေးသဖြင့် ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။ မင်းရဲသည် ကိုးနှစ်အရွယ်အထိ စစ်ကိုင်းတွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ ရွှေတောင်တက်၏ ထီးနန်းသိမ်းပိုက်မှုကြောင့် မင်းရဲနှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် မင်းတုန်းမြို့သို့ ပုန်းရှောင်ခဲ့ကြရသည်။ မိခင်နှင့် ဝန်ကြီးချုပ် နန္ဒပကြံတို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။ သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။

ကျစွာသည် ကိုးနှစ်ကျော် ထီးနန်းစိုးစံခဲ့သည်။ တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် မင်းရဲသည် နောင်တောင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။ သို့သော် ၁၃၄၉ ခုနှစ်တွင် ကျစွာဘုရင်သည် ထီးနန်းဆက်ခံမည့်ယောက်ျားသား မချန်ထားနိုင်ခဲ့ဘဲ ကွယ်လွန်ခဲ့ရာ မင်းရဲသည် အရေးပါသူ ဖြစ်လာခဲ့သည်။ မင်းရဲသည် နော်ရထာဘွဲ့ခံကာ ဘုရင်ဖြစ်လာခဲ့သည်။ မင်းရဲသည် သူ့ကိုယ်သူ ဆင်ဖြူရှင် ဟု ခံယူခဲ့သဖြင့် ထီးနန်းစိုးစံစဉ် ကာလအတွင်း ဆင်ဖြူတစ်ကောင်ကို ရရှိခဲ့ဟန်တူသည်။

မင်းရဲ၏ နန်းသက်သည် ၇ လကျော်သာ ကြာမြင့်ခဲ့သည်။ ကျစွာဘုရင် ရယူခဲ့သော ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ပင်လယ်မြို့စား ကန်းနီ နော်ရထာသည် နောင်တော်ဘုရင်ဖြစ်သူ ငါးစီးရှင်ကျော်စွာထံမှ ထွက်ပြေးလာခဲ့ပြီး မင်းရဲထံတွင် ခိုလှုံခဲ့သည်။ သို့သော်လည်း မည်သည့် စစ်မက်မှ မဖြစ်ပွားခဲ့ပေ။ မင်းရဲသည် ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။ မင်းရဲသည်လည်း ထီးနန်းဆက်ခံမည့် ယောက်ျားသား မကျန်ခဲ့သည့်အတွက် ညီတော်ဖြစ်သူ တရဖျားငယ်မှ ထီးနန်းရယူခဲ့သည်။

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် နော်ရထာမင်းရဲ၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် မွေးရက် အသက် နန်းသက် ထီးနန်းသက် ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၅ နိုဝင်ဘာ ၁၃၂၆ – ၁၃၅၂ အင်္ဂါနေ့ ၂၅ ၁၃၄၄–၁၃၅၂ ၈ နှစ်
မဟာရာဇဝင်ကြီး c. ၁၃၂၇–၁၃၅၂/၅၃ ဗုဒ္ဓဟူးနေ့ ၁၃၄၄/၄၅–၁၃၅၂/၅၃
မဟာရာဇဝင်သစ် c. ၁၃၂၀–၁၃၄၉/၅၀ ၂၉ ၁၃၄၉–၁၃၄၉/၅၀ ၇ လ
မှန်နန်း ရာဇဝင်
ကျောက်စာများ – ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်း ၁၃၄၉ ဧပြီ ၁၆ နောက်ပိုင်း – ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်း

မျိုးရိုး

မှတ်စုများ

ကိုးကား

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII. 
နော်ရထာ မင်းရဲ
မွေးဖွား ၅ နိုဝင်ဘာ ၁၃၂၆ ကွယ်လွန် c. နိုဝင်ဘာ ၁၃၄၉
Regnal titles
ယခင်က
ကျစွာ
စစ်ကိုင်းဘုရင်
c. ဧပြီ – နိုဝင်ဘာ ၁၃၄၉
ဆက်ခံသူ
တရဖျားငယ်

Tags:

နော်ရထာ မင်းရဲ အကျဉ်းချုပ်နော်ရထာ မင်းရဲ ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများနော်ရထာ မင်းရဲ မျိုးရိုးနော်ရထာ မင်းရဲ မှတ်စုများနော်ရထာ မင်းရဲ ကိုးကားနော်ရထာ မင်းရဲ ကျမ်းကိုးစာစုများနော်ရထာ မင်းရဲကျစွာ (စစ်ကိုင်း)စစ်ကိုင်းမင်းဆက်တရဖျားငယ်ပင်းယခေတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မန်ချက်စတာ ယူနိုက်တက်စင်ကာပူနိုင်ငံစစ်တွေမြို့မြန်မာနိုင်ငံသမိုင်းပုလွေမှုတ်ခြင်းခရေပင်သစ္စာမင်းထီးသဇင်ပန်းချင်းပြည်နယ်ရာဟုလာတဖုဿနှင့် ဘလ္လိကဖောင်တော်ဦးဘုရား (အင်းလေး)စိန်ပန်းပင်အင်တာနက်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကင်းစီးရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမန္တလေးတိုင်းဒေသကြီးဘိုးမင်းခေါင်သစ်သီးဝလံအစ္စရေးနိုင်ငံဆယ့်နှစ်လရာသီပွဲတော်များရှစ်ပါးသီလသံဖြူဇရပ်မြို့နို့တောင်ငူမင်းဆက်ကိုရီးယားနိုင်ငံအနတ္တလက္ခဏသုတ်အဖြူဆင်းခြင်းဧရာဝတီမြစ်သူရဿတီလေဖြတ်ခြင်းခါကာဘိုရာဇီမြင်းခြံမြို့မြန်မာနာမည်ကုန်းဘောင်ခေတ်ပုဂံခေတ်သမ္ဘူလဆော်ဒီအာရေဗျနိုင်ငံပင့်ကူအင်းလေးကန်အောင်ဆန်းစုကြည်စကားထာခေါင်းဆောင်မှုကယားလူမျိုးမောရသုတ်ပြစ်မှုဆိုင်ရာဥပဒေဒြပ်စင်မာ့ခ် ဇက်ကာဘာ့ဂ်မြန်မာပိတောက်ကျေးရွာအုပ်စုတွင်းနက်ရှရွတ်ခန်းခရစ်ယာန်ဘာသာကျောက်ခေတ်သစ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဂုဏ်တော်ကွန်ချာဓူဝံကြယ်အာဖရိကဝတ်စားဆင်ယင်မှုမြန်မာစာရေးဆရာများ စာရင်းဆေးခြောက်မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းသံလွင်မြစ်မေထုနပါရာဇိကစုန်းကဝေအတတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးမဏိစန္ဒာဂျပန်နိုင်ငံဝေလငါးဆခွဲကိန်းစစ်ကိုင်းတိုင်းဒေသကြီးစီအက်စ်အမ်အေမြန်မာစာပေတွံတေးမြို့ဂျန် အော🡆 More