နယူးယောက်တိုင်းစ်

နယူးယောက်တိုင်းစ် (အင်္ဂလိပ်: the New York Times, N.Y.T.

or N.Y. Times) သည် နယူးယောက်မြို့တွင် အခြေစိုက်သည့် အမေရိကန် နေ့စဉ်သတင်းစာဖြစ်သည်။ ၁၈၅၁ တွင်တည်ထောင်ခဲ့သော ဤသတင်းစာသည် ပူလစ်ဇာဆု ၁၃၀ ခုကို ရရှိထား၍ သတင်းစာလောကတွင် အများဆုံးဖြစ်သည်။ သတင်းစာလုပ်ငန်း အဝန်းအဝိုင်းတွင် ယုံကြည်ခိုင်မာသော အမျိုးသားသတင်းစာအဖြစ် ကြာလရှည်ကြာသတ်မှတ်ခံရသော သတင်းစာလည်းဖြစ်သည်။ သတင်းစာစောင်ရေအရ အမေရိကန်ပြည်ထောင်စုတွင် တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။ သတင်းစာကို အများပြည်သူပိုင်ဖြစ်သည့် နယူးယောက်တိုင်းစ် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ရှယ်ယာများကို အများပြည်သူထံ ရောင်းချပြီးနောက် ရှယ်ယာပုံစံ နှစ်မျိုး/ဆင့် တည်ဆောက်ပုံ (dual-class share) မှတစ်ဆင့် ဆာ(လ်တ်စ်)ဘာဂါမိသားစုက ၁၈၉၆ ကတည်းက အုပ်ချုပ်စီမံခဲ့ကြသည်။ အေ. ဂျီ ဆာ(လ်တ်စ်)ဘာဂါ နှင့် ၎င်း၏ဖခင် အာသာ အောခ်စ် ဆာ(လ်တ်စ်)ဘာဂါ ဂျူနီယာ (Ochs Sulzberger Jr.) တို့သည် ထိုမိသားစုမျိုးဆက်၏ ပဉ္စမမြောက်၊ စတုတ္ထမြောက် ထုတ်ဝေသူ၊ ကုမ္ပဏီဥက္ကဋ္ဌတို့ အသီးသီး ဖြစ်ကြသည်။ ၁၉၇၀ ခုနှစ်များမှစ၍ သတင်းစာ၏ အပြင်အဆင်၊ အစီအစဉ်များကို တိုးချဲ့ခဲ့၍ ပုံမှန်သတင်း၊ အယ်ဒီတာအာဘော် (ခေါင်းကြီးပိုင်း)၊ အားကစား၊ အထူးအကြောင်းအရာများကို ဖြည့်စွက်အားဖြည့်ပေးနိုင်သော အမျိုးမျိုးသော အကြောင်းအရာများအပေါ် အပတ်စဉ် အထူးကဏ္ဍများကိုလည်း ထည့်သွင်းခဲ့ကြသည်။ ၂၀၀၈ မှစ၍ နယူးယောက်တိုင်းစ်တွင် သတင်း၊ အယ်ဒီတာအာဘော်၊ ရှုထောင့်အမြင်ဆိုင်ရာ ကော်လံများ/ဆန့်ကျင်ဘက်မျက်နှာရှိ အကြောင်းအရာများ၊ နယူးယောက်မြို့တော်ဆိုင်ရာအကြောင်း၊ စီးပွားရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံ၊ ဖက်ရှင်၊ နေအိမ်၊ ခရီးသွားနှင့် အခြားအကြောင်းအရာများကို စုစည်းစီစဉ် ဖော်ပြသည်။ တနင်္ဂနွေနေ့များ၌ သတင်းစာကို "တနင်္ဂနွေသုံးသပ်ချက်" စာစောင် "စာအုပ်ရေးရာသုံးသပ်ချက်"စာစောင်၊ နယူးယောက်တိုင်း မဂ္ဂဇင်း"အားဖြည့်စာစောင် တို့နှင့် အားဖြည့်၍ ထုတ်ဝေကြသည်။

The New York Times
ကောင်းနိုးရာရာ စုံလင်သတင်း ပုံနှိပ်ခြင်း"
"All the News That's Fit to Print
နယူးယောက်တိုင်းစ်
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူThe New York Times Company
တည်ထောင်သူ
  • Henry Jarvis Raymond
  • George Jones
ထုတ်ဝေသူA. G. Sulzberger
အယ်ဒီတာချုပ်Dean Baquet
စီမံအယ်ဒီတာများJoseph Kahn
Opinion editorKathleen Kingsbury (လက်ရှိ)
အားကစား အယ်ဒီတာRandal C. Archibold
Staff writersသတင်းသမား ၁,၃၀၀ (၂၀၁၆)
တည်ထောင်ခြင်းစက်တင်ဘာ ၁၈၊ ၁၈၅၁; ၁၇၂ နှစ် အကြာက (၁၈၅၁-၀၉-18) ( နယူးယောက်နေ့စဉ်တိုင်းစ်အဖြစ်)
ဌာနချုပ်များအမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊
အမှတ် (၈) ရိပ်သာလမ်း၊ အမှတ် (၆၂၀)၊နယူးယောက်တိုင်းစ် အဆောက်အဦ။
စောင်ရေ
    • 5,496,000 news subscribers
    • 4,665,000 digital-only
    • 831,000 print
    • 1,398,000 games, cooking, and Audm subscribers
(as of ၂၀၂၀ နိုဝင်ဘာ)
ISSN0362-4331
OCLC နံပါတ်1645522
ဝက်ဘ်ဆိုဒ်
နိုင်ငံအမေရိကန်ပြည်ထောင်စု

ကိုးကား

Tags:

နယူးယောက်မြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ရခိုင်ဘုရင်များ စာရင်းဖွေးဖွေးကံ့ကော်ပင်လီတာမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များသိန်းစိန် (နိုင်ငံတော်သမ္မတ)မတ္တရာမြို့အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ကာလာမသုတ်မြန်မာ ကာတွန်းရုပ်ရှင်ခြင်းလုံးနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)နန်း​တော်​ရှေ့ ဆရာတင်အနုပညာဘိန်းစာပင်စီးပွားရေးတိရစ္ဆာန်မန္တလေး နန်းတော်ဝိပတ္တိတရားလေးပါးပြင်ဦးလွင်မြို့ကြွက်တက်ခြင်းကားကွန်ပျူတာပဲခူးရိုးမတောင်မကွေးတိုင်းဒေသကြီးစုဖုရားလတ်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလုံချည်တပ်မတော် (လေ)ရေးမြို့မြန်မာ-အင်္ဂလိပ် အဘိဓာန်ကွန်မြူနစ်ဝါဒရခိုင်ဘာသာစကားမြန်မာ့ အစားအစာခင်နှင်းယုမြန်မာ့သမိုင်းရှင်သီဝလိဂါထာပအိုဝ်းလူမျိုးအင်ဒိုနီးရှားနိုင်ငံပန်းမန်ချက်စတာ ယူနိုက်တက်ငရဲ (၃၁-ဘုံ)တောင်ငူမြို့ပုတီးစိပ်နည်းတစ်သောင်းကျပ်တန် ငွေစက္ကူအီရန်နိုင်ငံသံဃာဂုဏ်တော်နန်းမတော်မယ်နုအကြောပြတ်ခြင်းစက္ကူပန်းသူနာပြုအတတ်မန္တလေး ဘိုးတော်ဟစ်တလာမြန်မာနိုင်ငံကျောက်စိမ်းညောင်ရေသွန်းပွဲကျော်စွာနတ်ကြော့၊ ဦးကိုလိုနီခေတ်မဟာဗန္ဓုလငါးသလောက်မြိုလူမျိုးကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)ကြာနီကန်ဆရာတော်ပါပီယွန်ကယားလူမျိုးဆူဒန်နိုင်ငံအီမီ ဖူကာဒါငပလီကမ်းခြေဝိုင်ဝိုင်းဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းဂေဟစနစ်🡆 More