အပင် တစ်ပင်ရွှေထီး: အပင်မျိုးစိတ်များ

အလှတရားဆိုတာ ကြည့်သောသူ၏မျက်စိထဲမှာ တည်ရှိတယ် ဆိုတဲ့စကားဟာ တစ်ပင်ရွှေထီးအပင်ကို ရည်ညွှန်းပြောလေသလားဟု မှတ်ထင်မိပါသည်။

Jatropha podagrica
အပင် တစ်ပင်ရွှေထီး: အပင်မျိုးစိတ်များ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Euphorbiaceae
မျိုးဇာတ်: Jatropheae
မျိုးစု: Jatropha
မျိုးစိတ်:
J. podagrica
ဒွိနာမ
Jatropha podagrica

ရုက္ခဗေဒအမည်အားဖြင့် Jatropha podagrica ဟုအမည်ခေါ်တွင်ပြီး အရပ်အခေါ် Buddha Belly ၊ Bottle Plant ,၊ Gout Stick ၊ Guatemalan Rhubarb ၊ Tartoga ဟု အမည်ခေါ်တွင်သော အံ့ဩစရာကောင်းလောက်အောင် အမြင်အာရုံကိုစွဲဆောင်နိုင်တဲ့ အပင်ကို မြန်မာလူမျိုးများက တစ်ပင်ရွှေထီး ဟုအမည်မှည့်ခေါ်ကြသည်။

အခြားအပင်များနှင့်မတူဘဲ သူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကိုကဆွဲဆောင်နိုင်လွန်းလှပါတယ်။ မီးခိုးရောင်ဖောင်းကြွတဲ့ပင်စည်ဟာ ကြွပ်ဆတ်ပါသည်။ အရွက်များသည် ဝက်သစ်ချရွက်နှင့် သဏ္ဌာန်တူပြီး အစမ်းရင့်ရောင် ရှိသည်။ အရွက်တစ်ရွက်စီသည် အချင်း ၁၂ လက်မအထိကြီးမားကျယ်ပြန့်ပါသည်။ အရွက်၏ အောက်ခြေဘက်အရောင်က အဖြူရောင်ဖြစ်သည်။ ထောင်မတ်သည့် ရိုးတံထိပ်မှာ လိမ္မော်နီရောင် ၊ အဝါရောင် အပွင့်လေးများ အစုလိုက် အပြုံလိုက် ပွင့်ကြသည်။ အဖိုပွင့်ရော၊ အမပွင့်ပါ နှစ်မျိုးစလုံးရှိသည်။ အမပွင့်သည် အဖိုပွင့်ထက်စောစီးစွာ ပွင့်ပါသည်။

တစ်နှစ်ပတ်လုံးပန်းပွင့်ပြီး ပူနွေးတဲ့ရာသီမှာ ပို၍ ပွင့်ပါသည်။ တစ်ပင်ရွှေထီးပန်းပွင့်များသည် လိပ်ပြာများကို ဆွဲဆောင်ပါသည်။ တစ်ပင်ရွှေထီးအပင်၏ မူလဇာတိနေရာကတော့ အမေရိကအလယ်ပိုင်း ၊ ဂွာတီမာလာ ၊ ပနားမား နဲ့ ကိုလံဘီယာနိုင်ငံ တို့ဖြစ်ကြသည်။ အပင်ငယ်စဉ်ကာလမှာ ရေကိုပုံမှန်လောင်းပေးရန် လိုအပ်သော်လည်း အပင်ကြီးထွားလာပြီးနောက်ပိုင်းမှာ ရေကို နေ့စဉ်မှန်မှန်လောင်းပေးဖို့ မလိုအပ်တော့ဘဲ ခြောက်သွေ့မှုကိုခံနိုင်ရည်စွမ်းရှိတဲ့ အပင်အမျိုးအစားဖြစ်သည်။ နေရောင်ခြည်အနည်းငယ်ရရှိရန်သာလိုအပ်ပြီး ရေစီးရေလာကောင်းမွန်တဲ့မြေဆီလွှာမျိုးကိုနှစ်သက်ပါသည်။ ပန်းပွင့်များကြီးထွားရင့်မှည့်လာပြီး လျှင် အစိမ်းရောင်အသီးလေးများသီးပါသည်။ ထိုအသီးများရင့်မှည့်လာသောအခါ မျိုးအောင်သောအစေ့များမှ မျိုးပွားပါသည်။ အသီးများပေါက်ကွဲပြီး အစေ့များသည် အဝေးသို့လွင့်စဉ်ပြီး အစေ့ကျတဲ့နေရာမှာ အပင်သစ်တစ်ပင် ပေါက်ပါသည်။

တစ်ပင်ရွှေထီးအပင်သည် ၁၈ လက်မမှ ၂၄ လက်မအထိ မြင့်မားကြီးထွားပါသည်။ ပန်းအိုးအတွင်းမှာထည့်ပြီးစိုက်ပျိုးလေ့ရှိကြသလို အိမ်ခြံဝင်းအတွင်းမှာလည်း မြေကြီးချ စိုက်ပျိုးလေ့ရှိကြသည်။

ပန်းပွင့်နေလျှင် အပင်၏ထူးခြားသည့် အလှကြောင့် ကလေးငယ်များသည် တစ်ပင်ရွှေထီးပင်ကို နှစ်သက်တတ်ကြပြီး အပွင့် ၊ အရွက် တို့ကိုချိုးယူဆော့ကစားတတ်ကြသည်။ တစ်ပင်ရွှေထီးအပင်၏ အစေ့နှင့် အပင်တစ်ပင်လုံး၏ မည်သည့်အစိတ်အပိုင်းမဆိုသည် အဆိပ်အတောက်ဖြစ်စေတဲ့အတွက် ကလေးငယ်ရှိသည့် အိမ်ရှင်မများ ဂရုတစိုက်ကြည့်ရှုဖို့တော့လိုအပ်ပါသည်။ ပန်းပွင့်များ၏ ထူးခြားသည့်အလှ ၊ အပင်၏ တစ်မူထူးသည့် အသွင်သဏ္ဌာန်တို့ကြောင့် နေအိမ်မှာစိုက်ပျိုးထားရှိမယ် ဆိုရင် အိမ်ကိုအလည်လာတဲ့ ဧည့်သည်များက အထူးစိတ်ဝင်စားမှာဖြစ်ပြီး စိုက်ပျိုးသူ ကိုလည်းထူးခြားတဲ့အမြင်အာရုံကိုပေးစေနိုင်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂလိပ်ဘာသာစကားဧရာဝတီမြစ်Bitlyသိကြားမင်းဂျောင်ဂျောင်ကုရဲယိုပင်နတ်ပင့်ဂါထာဗီယက်နမ်စစ်ပွဲဟိန္ဒူဘာသာမြန်မာနိုင်ငံ၏ ဘာသာစကားများနီပေါနိုင်ငံဘုရားဂုဏ်တော်ဖွေးဖွေးမြန်မာနိုင်ငံ၏ အမည်များသီလငြိမ်းချမ်းရေးအမျိုးသမီးကွန်ပျူတာဒူးရင်းသီးသဗ္ဗမင်္ဂလာဂါထာတော်ထားဝယ်မြို့နယ်ဓဇဂ္ဂသုတ်ဆေးမူဆယ်မြို့သာမဏေဂုဏ်ဆယ်ပါးကလေးမြို့ရေသည်ပြဇာတ်မော်လမြိုင် တက္ကသိုလ်အင်းစိန်မြို့နယ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)မအင်္ဂါ အစေ့မြန်မာ သက္ကရာဇ်ရခိုင်ဘာသာစကားဒီမိုကရေစီကံကန့်ဘုရားပင့်.mmငှက်ဖိလစ်ပိုင်နိုင်ငံနက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းဗီ (အဆိုတော်)တိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းသရေခေတ္တရာတောင်ငူမြို့မြန်မာနိုင်ငံ သစ်ပင်များသီပေါမင်းမြန်မာနိုင်ငံရှိ မြို့နယ်များမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များတရုတ်ပြည်သူ့သမ္မတနိုင်ငံအကြောပြတ်ခြင်းနန်းမတော်မယ်နုနန္ဒမာလာဘိဝံသတနင်္သာရီတိုင်းဒေသကြီးခင်မောင်တိုးဂျပန်နိုင်ငံလာအိုနိုင်ငံပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြိယာဝိသေသနနေမျိုးဇင်အပင်လောကသံလွင်မြစ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဂီတပဋ္ဌာန်းစုဖုရားလတ်သွေးလွန်တုပ်ကွေးမြန်မာဇာတ်မင်းသားများလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနကိုလိုနီခေတ်ဧရာဝတီတံတား (ပခုက္ကူ)သောတာပန်ဆုံးဟျဲကီယို🡆 More