ဇနကကံ

ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကံ။ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက် နာမက္ခန္ဓာ, ကမ္မဇရုပ်, ကမ္မပစ္စယဥတုဇရုပ် တရားတို့ကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်စေတနာသည် “ဇနကကံ” မည်၏ ။

ကမ္မပထ မြောက်သော ဇနကကံသည် ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ၂-မျိုးလုံးကို ပေးစွမ်းနိုင်သည်၊ ကမ္မပထ မမြောက်သော ဇနကကံသည် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်၊ ပဝတ္တိကျိုးကိုသာ ပေးစွမ်းနိုင်သည် ။

ဇနကကံသည် ပဋိသန္ဓေ, ပဝတ္တိကျိုးကို ပေးရာ၌ ကံတခုသည် တကြိမ်တခါသာ ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သည်၊ အကြိမ် များစွာ ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်။ ပဝတ္တိကျိုးကိုကား ဘဝအရာ, ဘဝအထောင်ပင် ပေးစွမ်းနိုင်သည် ။

သူ့ အသက်တကြိမ်သတ်မှ ဆွမ်းတကြိမ် လှူမှု စသော အကုသိုလ်, ကုသိုလ်ကံကြောင့် အပါယ်ဘုံ, လူ့ဘုံ, နတ်ဘုံတို့၌ ထပ်ကာထပ်ကာ အကြိမ်များစွာ ဖြစ်ရခြင်းသည် ပုဗ္ဗစေတနာ, အပရစေတနာတို့၏ အစွမ်းသတ္တိကြောင့်ပင် ဖြစ်ပေသည် ။

ဇနကကံနှင့် ဥပဃာတကကံတို့သည် အကျိုးကို ပေးစွမ်းနိုင်ခြင်း သဘောတူညီသော်လည်း အကျိုးပေးပုံအခြင်းအရာမတူပါချေ။ မှန်၏ ... ဇနကကံသည် ကံတပါး၏အကျိုးကို မတားမြစ်ပဲ အကျိုးပေးသည်၊ ဥပဃာတကကံသည် ကံတပါး၏အကျိုးကို တားမြစ်၍ အကျိုးပေးသည်၊ တနည်း— ဥပဃာတကကံသည် ကံတပါး၏အကျိုးကို ဖြတ်တောက် တားမြစ်၍ တပါးသောကံအား အကျိုးပေး ခွင့်ကို ပြုသည်၊ မိမိကိုယ်တိုင်မူ အကျိုးကို မပေးစွမ်းနိုင်၊ ဤသို့ ကွဲပြားခြားနားသည် ။ ကမ္မ, စေတနာ-တို့လည်း ကြည့်။


ဇနကကံသည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက် ကမ္မဇရုပ်ကလာပ်များကို၎င်း, နတ်ပြည်၌ နတ်တို့၏ ဘုံဗိမာန်များ ငရဲပြည်၌ သင်ဓုန်းစက်စသော ကမ္မပစ္စယဥတုဇရုပ်များကို၎င်း ဖြစ်စေ၏။ ။ ပဝတ္တိအခါ၌ ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ မဟာဝိပါက်စ သော နာမ်ဝိပါက်များကို၎င်း ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များကို၎င်း ဖြစ်စေ၏။

အကုသိုလ်ဇနကကံကြောင့် တိရစ္ဆာန်ဘုံ၌ နဂါး ဂဠုန်စသည် ဖြစ်ရသော်လည်း ပဝတ္တိ အခါ၌ လှပသောအဆင်းနှင့် ဘုံဗိမာန်စသည်ကို ရရှိအောင် ပဝတ္တိကုသိုလ် ဇနကကံက ဖြစ်စေနိုင်သည်၊ ကုသိုလ်ဇနကကံကြောင့် လူ့ဘုံ နတ်ဘုံ၌ ဖြစ်ရသော်လည်း ပဝတ္တိအခါ ရုပ်ဝါ အဆင်းလှပခြင်းမရှိအောင်, ဝေမာနိကပြိတ္တာကဲ့သို့ နေ့၌ ချမ်းသာသုခ ခံစားရသော်လည်း ည၌ ဆင်းရဲဒုက္ခခံရအောင် ပဝတ္တိဇနကကံက ဖြစ်စေသည်။

ကမ္မပထမြောက်သော ဇနကကံသည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သည်၊ ကမ္မပထ မမြောက်သော ဇနကကံသည် ပဝတ္တိအကျိုးကိုသာ ပေးနိုင်သည်။ (-၌ ဇနကကံသည် ပဋိသန္ဓေအကျိုးကိုသာ ဖြစ်စေနိုင်သည်၊ ပဝတ္တိအကျိုးကို မဖြစ်စေနိုင်ဟု ဆိုသေး၏။)

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂုဏ်ဆယ်ပါးဗြိတိသျှအင်ပါယာဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များတယ်လီဖုန်း ကုတ်နံပါတ်အမ်းမြို့ပြည်ထောင်စုနေ့သောတာပန်ပရိတ်ကြီး ၁၁ သုတ်ဂျပ်စတင် ဘီဘာစက်တော်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအမျိုးသမီးယူဂန်ဒါနိုင်ငံလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမြန်မာနောင်းအီစတာပွဲတော်နေ့ပြင်သစ်နိုင်ငံမြန်မာ့ဝတ်စားဆင်ယင်မှုတပ်မတော် (ရေ)ငလျင်လှုပ်ခြင်းစစ်မှုထမ်းခြင်းကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများသဘာဝပတ်ဝန်းကျင်လေဖြတ်ခြင်းကာဗွန်ဒိုင်အောက်ဆိုက်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်နေကျိုက်ထိုမြို့ဗုဒ္ဓနွားနောက်လစ်ဘရယ်ဝါဒစကော့တလန်နိုင်ငံဟက်စတင်းစ်တိုက်ပွဲသီတင်းကျွတ်လ၃၈ ဖြာ မင်္ဂလာပန်းကျိုင်းတုံမြို့ကုလသမဂ္ဂစစ်ပွဲအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဂင်္ဂါမြစ်၂၄ ပစ္စည်းဒိုးလုံးဗိဿနိုးမြို့ဟောင်းမြင့်မြတ်အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)၃၁-ဘုံရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းတြိဂံဒေသတိုင်းစစ်ဌာနချုပ်နို့တိုက်သတ္တဝါငှက်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများကာလသားရောဂါလီယွန်နယ် မက်ဆီချဉ်ပေါင်ဒိုင်အာခီကျုံးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုရှားသဒ္ဒါစိတ်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကြူကြူလှမြင်းခြံမြို့ပြည်ထဲရေး ဝန်ကြီးဌာနအာနန္ဒာဘုရားပလောင်လူမျိုးဆော်ဒီအာရေဗျနိုင်ငံရဲဘော်သုံးကျိပ်မြန်မာ စံတော်ချိန်အရှေ့တောင်တိုင်းစစ်ဌာနချုပ်ငပလီမြို့လိပ်ချောင်းသာကမ်းခြေဂဠုန်ဂျိန်ဖော့လူမျိုး🡆 More