စစ်ငြိမ်းအေး

စစ်ငြိမ်းအေး (၁၉၅၆-၂၀၂၃) သည် မြန်မာ ပန်းချီဆရာတစ်ဦး ဖြစ်သည်။

စစ်ငြိမ်း‌အေး
စစ်ငြိမ်းအေး
ပန်းချီစစ်ငြိမ်းအေး
မွေးဖွားစိန်အေး
(1956-04-24)၂၄ ဧပြီ၊ ၁၉၅၆
ညောင်ဦး၊ မန္တလေးတိုင်း
ကွယ်လွန်၁ စက်တင်ဘာ၊ ၂၀၂၃(2023-09-01) (အသက် ၆၇)
အမေရိကန်နိုင်ငံ
ပညာရေးပန်တျာနှင့် ပန်းချီပန်းပုကျောင်း၊ မန္တလေး
ကျော်ကြားမှုအရင်းခံစီးပွားရေးပန်းချီ
ထင်ရှားသည့်
လုပ်ဆောင်မှု
ပန်းရိုးမ ပြက္ခဒိန် ပန်းချီသရုပ်ဖော်၊ ကြော်ငြာ၊ ဆိုင်းဘုတ်များတွင် ထုစာလုံး အသုံးပြုမှု

စစ်ငြိမ်းအေး ကို အဖ ဦးထွန်းဖေ၊ အမိ ဒေါ်သန်းဆွေတို့က ၁၉၅၆ ခု၊ ဧပြီ ၂၄ ရက်နေ့ ပုဂံ ညောင်ဦးမြို့နယ်၊ မအူပင်တွင် မွေးဖွားသည်။ အမည်ရင်းက ဦးစိန်အေး ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေး ပန်းချီ ပန်တျာကျောင်းသို့ တက်ရောက်ခဲ့ပြီး၊ ပန်တျာကျောင်းမှ ကျောင်းပြီးခဲ့သည်။

မန္တလေး မှ ဆရာ ဦးအေးကျော်နှင့် ဆရာ ဦးခင်မောင်တို့ထံမှ ပန်းချီ ပညာကို လေ့လာ ဆည်းပူးခဲ့သူ ဖြစ်သည်။ ၁၉၇၇ မှာ "စစ်ငြိမ်းအေး" စီးပွားရေး ပန်းချီလုပ်ငန်းကို တည်ထောင် လုပ်ကိုင်ခဲ့ပြီး၊ စီးပွားရေး ပန်းချီခေတ် တခေတ်ဆန်းစေခဲ့သူ ဖြစ်သည်။

မန္တလေးတိုင်း၊ တိုင်းသမ၏ ပန်းရိုးမ ပြက္ခဒိန်များတွင် သူ၏ လက်ရာများ ဖော်ပြပါရှိသည်။ ၁၉၈ဝ နဲ့ ၁၉၈၈ မတိုင်မီ ကြားကာလမှာ အထူး အောင်မြင်ခဲ့ပြီး၊ နာမည်ကြီး ကြော်ငြာမှန်သမျှ စစ်ငြိမ်းအေး လက်ရာနဲ့ မကင်းခဲ့ပေ။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ “ဂဠုန်နီ“ သံဃာအဖွဲ့၏ အာဘော် “ဂဠုန်နီ သတင်းစာ“ကို စာရေးဆရာ မြတ်ထက်နဲ့အတူ ဦးစီး ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို အကြမ်းဖက် အုပ်စီးလိုက်တဲ့ အခါ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လက် ဆင်နွဲရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ အိန္ဒိယနိုင်ငံ မဏိပူရ နှင့် မီဇိုပြည်နယ်တို့တွင် လှည့်လည် နေထိုင်ခဲ့သည့်အပြင် နယူးဒေလီမြို့တွင်လည်း အခြေချ နေထိုင်ခဲ့သည်။ယင်းနောက် အမေရိကန်သို့ ပြောင်းရွေ့သည်။

ဘဝနိဂုံး

အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သော စစ်ငြိမ်း‌အေးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အာရက္ခတပ်တော်ခွေးရူးပြန်ရောဂါဦးနုအမေဇုံမြစ်စတော်ဘယ်ရီငါးမျိုးစိတ်များ စာရင်းအမျိုးသမီး၃၈ ဖြာ မင်္ဂလာသထုံမြို့မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များရှားစောင်းလက်ပတ်ပင်အယ်ဆာဗေဒိုနိုင်ငံကိုရီးယားနိုင်ငံဦးပိန်တံတားမြန်မာ့ယဉ်ကျေးမှုအပယ်ရတနာစစ်ကိုင်းတိုင်းဒေသကြီးသတိုးမဟာသရေစည်သူစိုးဝင်း၊ ဗိုလ်ချုပ်ကြီးအရက်မြန်မာနာမည်ရဲရင့်အောင်လင်းနို့စစ်တွေမြို့ဖက်ဒရယ်ပြည်ထောင်စုစနစ်အီရန်နိုင်ငံဆယ်ပါးသီလတောင်ဖီလာဆရာတော်ပဲခူးတိုင်းဒေသကြီးဖိုးစိန်၊ ဦး (ဂရိတ်)မြန်မာနိုင်ငံ၏ လူဦးရေသောမတ် အက်ဒီဆင်ခရမ်းလွန်ရောင်ခြည်မောင်မောင်အေးမြန်မာနိုင်ငံ၏ စီးပွားရေးလိင်မဟာယာနဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတယ်လီဖုန်း ကုတ်နံပါတ်ဆွီဒင်နိုင်ငံမြဝတီမြို့နယ်အပြင် ၃၇ မင်းသီရိလင်္ကာနိုင်ငံကိုယ်ကျင့်တရားချောင်းသာကမ်းခြေချမ်းမြေ့မောင်ချိုနာဂစ်မုန်တိုင်းသိပ္ပံမောင်ဝအကြည်တော်ရခိုင်ပြည်နယ်မုတ္တမမြို့ပန်းပဲဝန်မုန့်ဟင်းခါးမလေးရှားနိုင်ငံဂျက်ကီချန်းသွေးလှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်းငှက်သိုက်ရှမ်းဘာသာစကားမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ရေးမြို့အောင်လအန်ဆန်းရန်ကုန်တက္ကသိုလ်အစားအစာပုဂံခေတ်စိုင်းစိုင်းခမ်းလှိုင်ခရစ္စတိုဖာ ကိုလံဘတ်မြင့်လှိုင်ကာကွယ်ရေးဦးစီးချုပ်(လေ)မိုးဟေကိုဒုက္ခသစ္စာဟားခါးမြို့မြန်မာနိုင်ငံ၏ ပထဝီဝင်မေတ္တသုတ်ဂေါတမဗုဒ္ဓအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဇာတက🡆 More