ကွန်ပျူတာတက္ကသိုလ်မကွေး

ကွန်ပျူတာတက္ကသိုလ် (မကွေး)သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကြီးကန်ကျေးရွာအုပ်စု၊ မကြီးကန်ကွင်းအမှတ် (၁၆၆၀)၊ မကွေး-တောင်တွင်းကြီးကားလမ်းမဘေး မိုင်တိုင်အမှတ် ၃၂၅/၂ နှင့် ၃၂၅/၅ ကြားတည်ရှိပြီး၊ အကျယ်အဝန်းမှာ (၅၀)ဧက ရှိသည်။သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်ပြီး ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ များကိုသင်ကြားပေးနေသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဒေါက်တာ စိုးလင်းအောင်၊ Ph.D(Engg: IT, Russia)၊ တွဲဖက်ပါမောက္ခ မှ တာဝန်ထမ်းဆောင် လျက်ရှိသည်။ ကွန်ပျူ တာတက္ကသိုလ်(မကွေး)မှ ဒီပလိုမာဦးရေ (၁၀ဝ၇) ဦး၊ ဘွဲ့ရဦးရေ(၁၅၈၂) ဦး၊ မဟာဘွဲ့ရဦးရေ(၈၁)ဦး စုစုပေါင်း (၂၆၇၀) ဦး မွေးထုတ်ပြီးဖြစ်သည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း (၂၆၀) ယောက် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ် (မကွေး)
Computer University (Magway)
မြန်မှန်တွက်ချက် တိုင်းပြည်တွက်
ကွန်ပျူတာတက္ကသိုလ် (မကွေး)
{{{အမည်}}}
တည်ထောင်ခုနှစ် ၂၀၀၀ ခုနှစ်
ပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်
ဘွဲ့ကြို ၂၆၀ (၂၀၁၃-၂၀၁၄) ယောက်
တည်နေရာ မကွေးမြို့မကွေးတိုင်းဒေသကြီး
အကျယ်အဝန်း ၅၀ ဧက
ပိုင်ဆိုင်မှု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
အထိမ်းအမှတ်အရောင် အဝါရောင်  
ဝဘ်ဆိုတ် Official site

သမိုင်းကြောင်း

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(မကွေး)ကို မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးနှင့် တွဲဖက်၍ ပထမနှစ် ကွန်ပျူတာ သိပ္ပံသင်တန်းနှင့် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၀၁ခုနှစ်၊ဇွန်လ(၁၀) ရက်နေ့တွင် မြသလွန်စေတီ အရှေ့မြောက်ဘက်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (မကွေး) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့မှ စ၍ သုံးထပ်ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဒုတိယနှစ်ဝက်မှ စတင်၍ အဆိုပါသုံးထပ်ကျောင်းဆောင်သစ်တွင် သင်ကြားပို့ချလျက်ရှိသည်။

ပရိုဂရမ်များ

တက္ကသိုလ်သည် ၃ နှစ်ရိုးရိုးဘွဲ့ နှင့် ၄ နှစ်ဂုဏ်ထူးဘွဲ့များ ချီးမြင့်ပေးသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၄ နှစ်သင်ကြားရမည်ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၅ နှစ်သင်ကြားရမည်ဖြစ်သည်။

ပရိုဂရမ် ရိုးရိုးဘွဲ့များ မာစတာဘွဲ့ ဒေါက်တာဘွဲ့
ကွန်ပျူတာ သိပ္ပံ B.C.Sc., B.C.Sc (Hons:) မရှိ မရှိ
ကွန်ပျူတာ နည်းပညာ B.C.Tech., B.C.Tech (Hons:) မရှိ မရှိ
အသုံးပြု သိပ္ပံ မရှိ မရှိ မရှိ
သတင်းအချက်အလက် သိပ္ပံ မရှိ မရှိ မရှိ

သင်ခန်းစာများ

ပထမနှစ်

ပထမနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104 ဒုတိယနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104

ဒုတိယနှစ်

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206

တတိယနှစ်

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306

ဂုဏ်ထူးတန်း

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406

တက္ကသိုလ် သင်ကြားရေး

သင်ကြားရေးဌာနများ

  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • ရူပဗေဒဌာန
  • ပရိုဂရမ်နည်းပညာဌာန(Department of Software Technology)
  • စက်နည်းပညာဌာန(Department of Hardware Technology)
  • သုတသိပ္ပံဌာန(Department of Information Science)
  • တွက်ချက်ရေးသင်္ချာဌာန(Department of Computational Mathematics)

တို့ဖြစ်သည်။

ကိုးကားကျမ်း



Tags:

ကွန်ပျူတာတက္ကသိုလ်မကွေး သမိုင်းကြောင်းကွန်ပျူတာတက္ကသိုလ်မကွေး ပရိုဂရမ်များကွန်ပျူတာတက္ကသိုလ်မကွေး သင်ခန်းစာများကွန်ပျူတာတက္ကသိုလ်မကွေး တက္ကသိုလ် သင်ကြားရေးကွန်ပျူတာတက္ကသိုလ်မကွေး ကိုးကားကျမ်းကွန်ပျူတာတက္ကသိုလ်မကွေးမကွေးတိုင်းဒေသကြီးမကွေးမြို့သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန

🔥 Trending searches on Wiki မြန်မာဘာသာ:

ပလေးတိုးသီပေါမင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရာသီခွင်ဆေးလိပ်အမေရိကန်ပြည်ထောင်စုအင်းလေးကန်သနပ်ခါးလင်းနို့မြန်မာစာရေးဆရာများ စာရင်းခွန်ဆာမဟာဘုတ်တရားတောင်သူလယ်သမားနေ့ပရိမိတ္တဇာလသုတ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထေရဝါဒလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ပန်းချီကဗျာလင်္ကာအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်လောက်ကိုင်မြို့မြန်မာဘာသာစကားရုရှားနိုင်ငံဟစ်တလာအာဋာနာဋိယသုတ်မဟာဗန္ဓုလပဲခူးမြို့လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များဝဲရေမွန်လွတ်လပ်ရေးကြေညာစာတမ်းမင်းတုန်းမင်းအမေနေ့ဘုရားဂုဏ်တော်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းကြိတ်မှန်ပင်ရေသည်ပြဇာတ်မြစ်ကြီးနားမြို့တောင်ကြီးမြို့အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ငါးပါးသီလငသိုင်းချောင်းမြို့ဝပြည်နယ်အချိန်မြထွန်းဦးဟံသာဝတီဥဩခွေးတောက်ပင်နက္ခတ် ၂၇ လုံးအော်ကာအင်းဆက်ကချင်လွတ်မြောက်ရေးတပ်မတော်ထက်ထက်မိုးဦးခင်ပွန်းကြီးဆယ်ပါးငလျင်လှုပ်ခြင်းကြာမြန်မာ သက္ကရာဇ်မြန်မာ့သမိုင်းကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပြင်ဦးလွင်မြို့ရာသီဥတုပြောင်းလဲမှုစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးကုန်းဘောင်ခေတ် နာမည်တွက်နည်းဘန်ကောက်မြို့မေတ္တေယျဘုရားတယ်လီဖုန်း ကုတ်နံပါတ်ဆိုရှယ်လစ်ဝါဒပါဠိမိုင်တဲလ် မြန်မာ🡆 More