အိုအေစစ်: ကန္တာရ၌ရေရင်းမြစ်ရှိသောနေရာ

အိုအေစစ် (အင်္ဂလိပ်: oasis) သည် ပထဝီဝင်ဘာသာရပ်၌ ကန္တာရ (သို့) တစ်ပိုင်းကန္တာရတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သောမြေ (ရံခါတွင် စွန်ပလွံပင်များရှိသောမြေ) ဟူ၍ ဖွင့်ဆိုသည်။ အိုအေစစ်များသည် တိရစ္ဆာန်၊ အပင်များအတွက် ပေါက်ဖွားမှီခိုရာနယ်မြေကိုလည်း ထောက်ပံ့ပေးထားကြ၏ ။

အိုအေစစ်: ကန္တာရ၌ရေရင်းမြစ်ရှိသောနေရာ
ဆာဟာရ သဲကန္တာရ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လစ်ဗျားနိုင်ငံရှိ အိုအေစစ်တစ်ခု

လေယူဆောင်သွားသော သဲများသည် တစ်နေရာ၌ ကျရောက်စုပုံမိသောအခါ ရိုးကလေးများ၊ တောင်တန်းကလေးများသဖွယ် သဲခုံများဖြစ်ပေါ်လာသည်။ ကန္တာရအတွင်း၌ စိမ့်စမ်းများ၊ ရေတွင်းများ၊ မြက်ပင်များ၊ စွန်ပလွံပင်များရှိသော နေရာကလေးများ ရှိ၏။ ထိုနေရာမျိုးကို အိုအေစစ်ဟု ခေါ်သည်။ ရေမွတ်သိပ်လျက် ပင်ပန်းနွမ်းနယ်လာသော ကန္တာရခရီးသည်များသည် ထိုအိုအေစစ်ခေါ် ကန္တာရရိပ်သာများ၌ ခေတ္တဝင်နားကြရ၏။ အချို့အိုအေစစ်များမှာ ခရီးသည်များအပန်းဖြေရန် စခန်းငယ် မျှသာ ဖြစ်သော်လည်း အချို့မှာမူ လူနေအိမ်ခြေ စည်ကားသော ရွာကြီးများဖြစ်ကြသည်။ ကန္တာရများအတွင်း သက်ရှိသတ္တဝါဟူ၍ မရှိသလောက် ရှားပါး၏။ သစ်ပင်ဆိုကလည်း အချို့နေရာများ၌သာ ရှား စောင်းပင်များကို တွေ့ရ၏။ လူများသည်လည်း အိုအေစစ်ခေါ် ကန္တာရရိပ်သာတို့နှင့် သဲကန္တာရအစွန်အဖျား အရပ်များ၌သာ အိုးအိမ် အတည်တကျနှင့် နေထိုင်ကြသည်။ မြက်အနည်းငယ် ပေါက်ရောက်သော နေရာများ၌ သိုးဆိတ်များကို ထိန်းကျောင်း ၍ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေထိုင်ကြ သည်။

ယေဘုယျဖော်ပြချက်

အိုအေစစ်များသည် မြေအောက်ရှိမြစ်များ (သို့) မြေအောက်ရေများ ပုန်းခိုအောင်းနေသည့်အလွှာကဲ့သို့သော ရေချိုရင်းမြစ်များသည် မြေမျက်နှာပြင်ပေါ်သို့ သဘာဝအတိုင်းသော်လည်းကောင်း လူလုပ်တွင်းများမှသော်လည်း ရောက်ရှိလာသောအခါ ဖြစ်ပေါ်လာကြသည်။ သို့မဟုတ်ပါက ခြောက်သွေ့သောနယ်မြေသာဖြစ်ပေါ်နေမည်ဖြစ်၏ ။ အိုအေစစ်များသည် တစ်ခုနှင့်တစ်ခု အရွယ်အစားမတူညီကြပေ။ ရေတွင်း (သို့) စမ်းချောင်းငယ်ဘေးရှိ စွန်ပလွံပင်များပေါက်ရောက်မှုမှသည် မြို့ကြီးတစ်ခုနှင့် ရေသွင်းစိုက်ပျိုးနိုင်သော ကောက်ပဲသီးနှံ့စိုက်ခင်းများရှိသည်အထိ ဖြစ်နိုင်သည်။ စွန်ပလွံပင်၊ ဝါပင်၊ သံလွင်ပင်၊ ရှောက်ပင်၊ ဂျုံ၊ ပြောင်း စသည်တို့သည် အိုအေစစ်များတွင် တွေ့ရများသော အပင်များဖြစ်ကြ၏ ။

ကန္တာရကတိုက်သောလေကြောင့် သဲများသည် ရေတွင်း၊ ရေအိုင်နှင့် စိုက်ပျိုးနိုင်သောနေရာများကို ခြိမ်းခြောက်ကြသည့်အပြင် သဲများသည် ကောက်ပင်များကို ဖျက်ဆီးပြီး ရေထုကို ညစ်ညမ်းစေနိုင်လေသည်။ အိုအေစစ်များတွင် နေထိုင်သော လူမှုအသိုင်းအဝိုင်းများက အိုအေစစ်ပတ်လည်တွင် ထန်းပင်ကဲ့သို့သော သန်မာခိုင်ခန့်သည့် အပင်များကို စိုက်ပျိုးကြသည်။ အကြောင်းမှာ ကန္တာရ၏ သဲများက အပင်များကို မဖျက်ဆီးစေရန်နှင့် ရေထုကို ကာကွယ်ရန်ဖြစ်သည်။

မိုးရွာသွန်းမှုသည် သဘာဝအတိုင်းဖြစ်ပေါ်နေသော အိုအေစစ်များကို အရှည်တည်တန့်စေရန် မြေအောက်ရေကို ဖြစ်ပေါ်စေသည်။ ရေစိမ့်မဝင်နိုင်သော ကျောက်တုံး၊ ကျောက်ခဲ မြေအောက်အလွှာများက ရေကို ဖမ်းယူထား၍ ၎င်းတို့၏ အပေါက်များထဲတွင် ထိန်းသိမ်းထားသည်။ နောက်ထပ်ထိန်းသိမ်းထားနိုင်ပုံမှာ မြေလွှာပြတ်ရွေ့မှုများကြောင့် ဖြစ်ပေါ်လာသော မြေအောက်တောင်ကြောတစ်လျှောက် (သို့) မီးတောင်ချော်ရည်လမ်းကြောင်းများတွင် ရေများစုဝင်နိုင်ပြီး မြေပြင်ပေါ်သို့ စမ့်ထွက်လာသည့်ပုံစံဖြစ်သည်။

ဆာဟာရကန္တာရအောက်တွင် ကမ္ဘာ့အကြီးဆုံး မြေအောက်ရေကြောအချို့တည်ရှိကြသဖြင့် အိုအေစစ်ပေါင်း (၉၀) ခန့် ဆာဟာရတွင်ရှိသည်။ အမေရိကန်ပြည်ထောင်စု ပမာဏခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ဆာဟာရကန္တာရသည် အိုအေစစ်များစွာရှိသော်လည်း တစ်လုနှင့်တစ်ခုကြား ခရီးသွားရန် ရက်များစွာကြာနိုင်သည်။

ထိုအကြောင်းများကြောင့် ဆာဟာရနှင့် အခြားသော ကန္တာရများ၏ အိုအေစစ်များသည် ကုန်သွယ်ရေးခရီးအတွက် အရေးပါသော တစ်ထောက်နားစခန်းများဖြစ်လာခဲ့ကြလေသည်။ ဆော်ဒီရှိ အယ်လ် ဟာဆာ အိုအေစစ်သည် နှစ်ပေါင်းထောင်ချီ၍ အာရေးဘီးယားကျွန်းဆွယ်အတွက် အရေးပါသော စိုက်ပျိုးရေးနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ယနေ့ထိတိုင် စိုက်ပျိုးရေးဒေသအဖြစ် ဦးဆောင်တာ်ရှိနေဆဲဖြစ်၏ ။

ကန္တာရအချို့ကို ဖြတ်သန်းစီးဆင်းသော မြစ်များသည် ကြီးမားရှည်လျားသော အိုအေစစ်ကြီးများ၏ ထာဝရရေထောက်ပံ့ရာရင်းမြစ်ဖြစ်သည်။ စိုက်ပျိုးဖြစ်ထွန်းသော နိုင်းမြစ်ဝှမ်းနှင့် အီဂျစ်မြစ်ဝကျွန်းပေါ်သည် နိုင်းမြစ်မှ ရေအထောက်အပံ့ရယူ၍ ကြီးမားသော အိုအေစစ်အမျိုးအစား၏ စံပြဖြစ်လေသည်။ ၂၂,၀၀၀ စတုရန်း ကီလိုမီတာရှိကာ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အိုအေစစ်ဖြစ်သည်။

ကိုးကား

Tags:

စွန်ပလွံပင်ပထဝီဝင်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သမ္ဗုဒ္ဓေမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များနန်းမွေစံလွှမ်းမိုးကိုးကန့်လူမျိုးလူသားနရသီဟပတေ့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ရှမ်းပြည်နယ်ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ဝ လူမျိုးဒီမိုကရေစီမစ်(ဂ်)-၂၉ပန်းဆယ်မျိုးထားဝယ်မြို့မြန်မာဝီကီပီးဒီးယားသရပါတံခါးရန်ကုန်ပြည်သူ့ဆေးရုံကြီးမျောက်ဘုရားသုံးဆူမြို့အင်္ဂလိပ်ဘာသာစကားကာအသုံးလုံးဗောဇ္ဈင်္ဂသုတ်မြန်မာလများဗုဒ္ဓမြွေတက္ကသိုလ်ဘုန်းနိုင်နွားဥရောပဣန္ဒြေပါရမီယေရှု ခရစ်တော်အိန္ဒိယနိုင်ငံထိုင်းဘာသာစကားနီပေါနိုင်ငံမာရဝိဇယဗုဒ္ဓရုပ်ပွားတော်တရုတ်ကထိန်မေတ္တေယျဘုရားရုရှားနိုင်ငံပျူမြို့ပြနိုင်ငံများသိမ်းငှက်ဂျပန်သမိုင်းဩစတြေးလျတိုက်ရှင်သီဝလိဂါထာတပင်ရွှေထီးရှမ်းဘာသာစကားကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သဲအင်းဂူဆရာတော်အီမီ ဖူကာဒါအာဇာနည် ခေါင်းဆောင်ကြီးများကွန်မြူနစ်ဝါဒရိုဟင်ဂျာမြင်းခွာပင်မိုးကုတ်မြို့အင်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မိုးလေဝသခင်ကြည်တင်မိုးချင်းပြည်နယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံခွေးတောက်ပင်တယ်လီဖုန်း ကုတ်နံပါတ်ဇော်ဂျီ (စာရေးဆရာ)ချဉ်ပေါင်မီလန်မြို့စိုးလွင်လွင်ကျန်စစ်သားဂျူးဘာသာမြန်မာနိုင်ငံရှိ မြို့နယ်များဆွီဒင်နိုင်ငံကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အနေကဇာတင်ခြင်းဆားပုလင်းနှင်းမောင်အလောင်းမင်းတရားလများ (အချိန်အတိုင်းအတာ)🡆 More