အဇစ် ဇက်ခနို့

အဇစ် ဇာခနို့ (၁၉၆၁ ဘွား) သည် မော်ရိုကိုနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးဖြစ်ပြီး ၂၀၀၃ ခုမှစ၍ နိုင်ငံရေးလောကသို့ဝင်သည်။ အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်ချုပ်ဖြစ်ပြီး ၂၀၀၇ ခုမှ ၂၀၂၁ ခုအထိ စိုက်ပျိုးရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ၂၀၂၁ ခု၊ စက်တင်ဘာလ ၁၀ ရက်တွင် ဝန်ကြီးချုပ် ဖြစ်လာ၏။

ငယ်ဘဝနှင့်ပညာရေး

၁၉၈၆ ခုတွင် ရှားဘရွတ်တက္ကသိုလ် (Université de Sherbrooke) မှ စီမံခန့်ခွဲမှုပညာဖြင့် ဒီပလိုမာဘွဲ့ ရသည်။

စီးပွားရေးခြေလှမ်း

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုင်းတွင် လုပ်ငန်းကြီးဖြစ်သော အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဖော်ဘီမဂ္ဂဇင်းက ၂၀၁၃ ခု၊ နိုဝင်ဘာလတွင် အက်ခနို့၌ ဒေါ်လာ ၁.၄ ဘီလီယံခန့် ကြွယ်ဝနိုင်ကြောင်း ခန့်မှန်းသည်။ အက်ခနို့သည် ဤလုပ်ငန်းကို ဖခင်ထံမှ အမွေဆက်ခံရခြင်း ဖြစ်၏။ ၂၀၂၀ ပြည့်တွင် ဖော်ဘီက အက်ခနို့တွင် အာဖရိက၏ အချမ်းသာဆုံး သန်းကြွယ်သူဌေးများစာရင်း၌ အဆင့် (၁၂) တွင် ထားသည်။

နိုင်ငံရေးလောကသို့ ရောက်လာခြင်း

၂၀၀၃-၂၀၀၇ ကာလတွင် ဆုမက်ဆာ့ဒရာ (Souss-Massa-Drâa) ၏ ဒေသကောင်စီဥက္ကဋ္ဌအဖြစ် လုပ်သည်။ ထိုစဉ်က လွတ်လပ်သူတို့၏ပြည်လုံးကျွတ်ထောက်ခံမှုပါတီ (National Rally of Independents) တွင် ပါတီဝင် ဖြစ်၏။ နောက် ၂၀၂၁ ခု၊ ဇန်နဝါရီလ ၂ ရက်တွင် နုတ်ထွက်သည်။

လွတ်လပ်ရေးပါတီ (Independence Party) မှ ဝန်ကြီးများ နုတ်ထွက်ကြသည်နောက် ၂၀၁၃ ခု၊ ဩဂုတ်လ ၂၃ ရက်တွင် (၁၄) ယောက်မြောက် မိုဟာမက်ဘုရင်က အက်ခနို့ကို ကြားဖြတ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်ရာ အောက်တိုဘာလ ၉ ရက်ထိ လုပ်ရသည်။

၂၀၁၆ ခု၊ အောက်တိုဘာလ ၂၉ ရက်တွင် မိခင်ပါတီသို့ ပြန်ဝင်ပြီးနောက် ဥက္ကဋ္ဌနေရာကို လက်ခံရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဆလာဟာဒင် မဇွာ (Salaheddine Mezouar) က အရာမှ နုတ်ထွက်သောကြောင့်တည်း။

၂၀၂၁ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၉၅ အတွက် ၁၀၂ နေရာရကာ သူ့ပါတီက နိုင်သည်။ စက်တင်ဘာလ ၁၀ ရက်တွင် ဘုရင် မိုဟာမက် (၁၄) က ဝန်ကြီးချုပ်အဖြစ် ခန့်၏။ အက်ခနို့အနေဖြင့် အစိုးရသစ်ဖွဲ့ကာ ဘုရင့်အမှုတော်ကို ပြေကုံအောင် ထမ်းဆောင်ရမည် ဖြစ်သည်။

မိသားစုဘဝ

ဆယ်လဝါ အီဒရစ်ဆီ (Salwa Idrissi) နှင့် လက်ထပ်ထားသည်။ အီဒရစ်ဆီသည်လည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဈေးဝယ်စင်တာများ ပိုင်၏။

ကိုးကား

Tags:

အဇစ် ဇက်ခနို့ ငယ်ဘဝနှင့်ပညာရေးအဇစ် ဇက်ခနို့ စီးပွားရေးခြေလှမ်းအဇစ် ဇက်ခနို့ နိုင်ငံရေးလောကသို့ ရောက်လာခြင်းအဇစ် ဇက်ခနို့ မိသားစုဘဝအဇစ် ဇက်ခနို့ ကိုးကားအဇစ် ဇက်ခနို့မော်ရိုကိုနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးမျိုးစိတ်များ စာရင်းမြန်မာနိုင်ငံ သစ်တောများဂျပန်ယန်းငွေသတိပဋ္ဌာန်နောင်ရိုးတိုက်ပွဲဆိုနီ တေးဂီတ ဖျော်ဖြေရေးစက်တင်ဘာ ၁၈၈၃လောင်းကစားခြင်းဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ပုဂံမင်းလယ်တီဆရာတော်ကနောင်မင်းသားအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနန်းလုံးကြိုင်အေ (အက္ခရာ)ဆောက်လုပ်ရေး ဝန်ကြီးဌာနကြာဗီယက်နမ်နိုင်ငံမင်းအောင်လှိုင်မြန်မာ အမျိုးသား ဘောလုံးအသင်းဝိဘတ်ဘာသာတရားကမ္ဘာမကျေနေအဖွဲ့အစည်းသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊အောင်ဆန်းစုကြည်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အပျိုမြှေးဒီမိုကရေစီမြသန်းတင့်အကြည်တော်ရန်ကုန်တိုင်းဒေသကြီးတင်မိုးကလေးသူငယ်များ၏ အခွင့်အရေးတွံတေးသိန်းတန်စာပေရေးမြို့မကာရ (ဗေဒင်)ယူကျု(ဘ်)ပဲခူးတိုင်းဒေသကြီးအမျိုးသမီးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟံသာဝတီစတိဗ် ဂျော့စ်နပိုလီယန်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများကမ္ဘာဂြိုဟ်ငွေတာရီချဉ်ပေါင်ခွေးတောက်ပင်ခင်မောင်တိုးဖြူးမြို့မြန်မာပိတောက်ငွေဆောင်ကမ်းခြေနေတိုးသင်္ဂါယနာရွှေဘိုမြို့မြင်းမိုရ်ဩစတြေးလျနိုင်ငံနှလုံးကျေးရွာအုပ်စုဂုဏ်တော်ကွန်ချာမဟာဗန္ဓုလတပ်မတော်ကရင် အမျိုးသား အစည်းအရုံးထူးအိမ်သင်မြန်မာ သက္ကရာဇ်ဓာရဏပရိတ်ဂျာနယ်ကျော် မမလေးသိန်း၊ ဆရာ (မော်ပီ)ဇီဝဇိုးငှက်အိုင်ချင်းမြန်မာနိုင်ငံ🡆 More