အချိန်ခလုတ်

အချိန်ခလုတ်ဆိုသည်မှာ အချိန်ကျရောက်သောအခါ လှုပ်ရှားလာပြီးလျှင် လျှပ်စစ် ဆာကစ်ကို ပွင့်အောင်ဖြစ်စေ၊ ပိတ်မိအောင်ဖြစ်စေ ပြုလုပ်ပေး သည့် ခလုတ်ကို ဆိုသည်။ ဤခလုတ်နှင့် စပ်လျဉ်း၍ အရိုးဆုံး ကိရိယာမျိုးမှာ နာရီနှိုးစက် ဖြစ်သည်။ နံနက်တိုင်း အချိန်ကျသောအခါ ချိတ်ဆက်နှစ်ခုကို ပိတ်သွားစေ၍ လျှပ်စစ်ခေါင်းဆောင်း၊ သို့မဟုတ် ရိုးရိုးနှိုးစက်ကို မြည်လာစေသည်။ အခြား အသုံးအဆောင်မျိုး မှာ လှေကားတွင် မီးကို ထိန်းသိမ်းရန်အတွက် တိုက်များ၌ အသုံးပြုသောစက်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် လှေကား ပေါ်သို့ မတက်မီ မီးခလုတ်ကို ဖွင့်လိုက်သည်။ ထိုသို့ ဖွင့်ထား သည့်မီးကို နာရီစက်ဖြင့် လည်သော ကိရိယာတစ်ခုကြောင့် အချိန်အတန်ငယ် ကြာသောအခါ အလိုအလျောက် ပိတ်သွား သည်။


ဤထက်ပို၍ ရှုပ်ထွေးသော စက်မျိုးသည် အချိန်ကျရောက် သည့်အခါ သတ်မှတ်ထားသည့် အချိန်အထိ လည်သွားနိုင် သည်။ ကျောင်းများတွင် အချိန်စာရင်းနာရီသည် ၄၅ မိနစ် လျှင် တစ်ကြိမ်ကျစီ တီးလေ့ရှိ သည်။ ထိုနာရီသည် မုံ့စားချိန် တစ်နာရီလုံးတွင်ဖြစ်စေ၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ဖြစ်စေ အလုပ် မလုပ်ဘဲ နေသည်။ အခြားစက်မျိုးသည် အချိန် တန်လျှင် ဝိုင်ယာလက်စက်မှ ပိတ်လိုက်ဖွင့်လိုက် ပြုလုပ်ပေး သဖြင့် ဝိုင်ယာလက်စက်မှ ကျွန်ုပ်တို့ ကြားချင်သော သတင်း များကိုသာ ကြားစေသည်။ လမ်းမီးများနှင့် ဆိုင်များတွင် မီးများကို အချိန်အတန်ကြာလျှင် ပိတ်ရန်နှင့် ဖွင့်ရန်အပြင် မီးရောင်ပေး၍ ရိုက်ရသော ဓာတ်ပုံရိုက် ကိရိယာတွင် အချိန်ကို တိုင်းတာရန်အတွက် ဤခလုတ်မျိုးကိုပင် အသုံးပြုလေသည်။ အချိန်အတိုင်း လှုပ်ရှားသော စက်မျိုးကို မက္ကင်းနီကယ်၊ ဆိုင်ကရိုနပ်နှင့် အီလက်ထရွန်နစ်ဟူ၍ သုံးမျိုး ခွဲခြားနိုင်သည်။ မက္ကင်းနီကယ် အမျိုးတွင် နာရီစက်ကို သုံးသည်။ နာရီစက်ဖြင့် လည်နေသည့် ချပ်ဝိုင်းပေါ်ရှိ အပ်များသည် မောင်းတံများကို လှုပ်ရှား သွားစေသောအခါ ခလုတ်ကို လှုပ်ရှားသွားစေသည့် စက်သည်လည်း လည်သွားသည်။ ဆိုင်ကရိုနပ်အမျိုးတွင် အလားတူ အလုပ်လုပ်ပုံ သဘောကို အသုံးပြုထားသည်။


ဤစက်နှစ်မျိုးတွင် အဓိက ခြားနားချက်မှာ စက်ကို ခုတ် မောင်းရာတွင် နာရီစက်ကို အသုံးမပြုပဲ လျှပ်စစ်ဓာတ်ဖြင့် သွားသော နာရီများကဲ့သို့ ဆိုင်ကရိုနပ် မိုတာကို အသုံးပြုခြင်း ဖြစ်သည်။ ဤနှစ်မျိုးစလုံးတွင် ချို့ယွင်းချက်များ ရှိသည်။ ဥဒါဟရုဏ်အားဖြင့် လျှပ်စစ်ဓာတ်တွင် အချိန်ကြာမြင့်စွာ ပြတ်တောက်မှုရှိလျှင် စည်းချက် မကျပဲ ရှိတတ်သည်။ နာရီစက်များတွင်မူကား အနည်းဆုံး ရက်သတ္တတပတ်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ် ပတ်လျှင်တစ်ကြိမ် သော့ပေးရန် လိုသည်။


လမ်းများတွင် မီးထွန်းရန်အတွက် သုံးသောအခါ ခလုတ် နှစ်မျိုးစလုံးကိုပင် နေဝင်၍ နာရီဝက်ခန့်ကြာ သောအခါ မီးကို ထွန်းပေးရန်နှင့် နေမထွက်မီ နာရီဝက်ခန့်ကြိုတင်၍ မီးငြိမ်း ပစ်ရန် စီစဉ်ပေးလေ့ ရှိသည်။ ဤသို့ ပြုလုပ်နိုင်စေရန် ဤ ခလုတ်များတွင် ဆိုလဒိုင်ယမ်ခေါ် ဒိုင်ခွက်တစ်မျိုးကို တပ်ဆင် ပေးထားသည်။ ဤကိရိယာသည် နေ့စဉ် ချိတ်ဆက်ကို အနည်း ငယ် ပြောင်းသွားအောင် ပြုလုပ်ပေးသည်။ ထိုသို့ ပြုလုပ်ပေး ရခြင်းမှာ နွေနှင့် ဆောင်းတွင် နေထွက်ချိန်နှင့် နေဝင်ချိန်သည် တစ်ချိန်နှင့်တစ်ချိန် မတူသောကြောင့် ဖြစ်သည်။


အလွန် တိုတောင်းလှသည့် ကြားကာလ အချိန်ကို လိုသော အခါ စက်ဖြင့် လည်သွားစေသည့် ခလုတ်မျိုးသည် အချိန် မမှန်တတ်ပေ။ ဤကိစ္စအတွက် အချိန်ကို တိကျမှန်ကန်စေရန် အီလက်ထရွန်နစ် ကိရိယာများကို အသုံးပြုသည်။ သတ္တုကို ဆက်ယူသော လုပ်ငန်းများတွင် အချိန်ကို အလွန်မှန်ကန်စေရန် အီလက်ထရွန်နစ် ကိရိယာမျိုးကို အသုံးပြုကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ထန်းလျက်ပန်းဆယ်မျိုးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများမြန်မာနိုင်ငံ၏ အလံတော်လောက်ကိုင်မြို့နေအဖွဲ့အစည်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အမရပူရမြို့ကျင့်ဝတ်စကားပုံမုံရွာမြို့ဂို (ကစားပွဲ)လိမ်လည်မှုဗင်နီဇွဲလားနိုင်ငံပဋိစ္စသမုပ္ပါဒ်ရေမွန်ဗီယက်နမ်နိုင်ငံအောင်လင်းဒွေးမြန်မာနိုင်ငံ၏ လူဦးရေမြိတ်မြို့ပေါက်မြို့သင်္ဂါယနာအော်ကာဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဦးနှောက်အမြှေးရောင် ရောဂါကချင်လွတ်မြောက်ရေးတပ်မတော်ဟင်နရီဗန်ထီးယူဆယ်ပါးသီလဩစတြေးလျနိုင်ငံဖူးပွင့်ခိုင်ဆလုံလူမျိုးမြန်မာ့ ပထမဆုံးများဆေးဝါးဗေဒရေသည်ပြဇာတ်လူသားတစ်ဦး၏လိင်တံအရွယ်အစားဂျီသရီးရိုင်ဖယ်ချောက်မြို့ရဲဘော်သုံးကျိပ်ဆော်ဒီအာရေဗျနိုင်ငံကားအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဗဟိုစာမျက်နှာကျေးဇူးတရားဖေ့စ်ဘွတ်ခ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များချောင်းခြင်းလုံး ကစားခြင်းပုပ္ပါးတောင်ခရစ်ယာန်ဘာသာရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမုဒုံမြို့နွားကလေးမြို့မိမိကိုယ်ကို သတ်သေခြင်းမိုင်ဗီယက်နမ်စစ်ပွဲဥဩရှစ်ပါးသီလတို့ဗမာ သီချင်းဂေါတမဗုဒ္ဓ၏ မိသားစုဝင်များမွန်လူမျိုးကျွန်းနက်ပလေးတိုးနီနီခင်ဇော်လူ့အခွင့်အရေးမြန်မာနိုင်ငံရှိ ပွဲတော်များကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်တောင်ငူမြို့အီသီယိုးပီးယားနိုင်ငံနှင်းဆီသိပ္ပံမောင်ဝပါတော်မူခြင်း🡆 More