ဟဲလမွတ်ခိုးလ်

ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတွင် ရှစ်နှစ်ခွဲကြာမျှ ဝန်ကြီးချုပ်အဖြစ် အာဏာရရှိခဲ့သော ဆိုရှယ်လစ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဟဲလမွတ်ရှမစ်သည် ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပါလီမန်၌ အယုံအကြည် မရှိကြောင်းအဆိုကို ရှုံးနိမ့်ခဲ့ရသည့်အတွက် ရာထူးမှ နုတ်ထွက် ပေးခဲ့ရာတွင် အတိုက်အခံပါတီဖြစ်သော ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံပါတီ ခေါင်းဆောင် ဟဲလမွတ်ခိုးလ်သည် ဝန်ကြီးချုပ်အဖြစ် ဆက်ခံခွင့်ရခဲ့သည်။

ဟဲလမွတ်ခိုးလ်
ခိုးလ်အား ၁၉၈၇ တွင် တွေ့ရစဉ်

ဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ်ကို ၁၉၃ဝ ပြည့်နှစ်တွင် လူဒါ ဝစ်ရှားဖန်မြို့တွင် မွေးဖွားသည်။ ခိုးလ်သည် ငယ်စဉ်က လယ်သမားတစ်ယောက်ဖြစ်လိုသော်လည်း ဖြစ်မလာခဲ့ချေ။ ဟိန်ဒယ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘာသာဖြင့် ပါရဂူ (ဒေါက်တာ)ဘွဲ့ကို ရခဲ့သည်။

အသက် ၁၇ နှစ်အရွယ်တွင် အက်ဒီနောဝါ၏ စီဒီယူ ပါတီခွဲဖြစ်သော လူငယ်အဖွဲ့ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ်တွင် ရိုင်းလန်ပြည်နယ်မှ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။ အသက် ၃၉ နှစ် အရွယ်တွင် ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၀ခုနှစ်မှ ၁၉၅၄ခုနှစ်အတွင်း ဖရန့်ဖွတ်မြို့၊ မိန်းတက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ ထိုနောက် ၁၉၅၄-၅၈ခုနှစ်များအတွင်း ဟေဒင်ဘတ်ခ် တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးသည်။ ထို့နောက် ၁၉၇၆ ခုနှစ်တွင် ဟဲလမွတ်ခိုးလ်သည် ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသည်။

၁၉၇၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ လွှတ်တော်တွင် အတိုက်အခံပါတီဖြစ်သော ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံပါတီ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဝန်ကြီး ချုပ် ဟဲလမွတ်ရှမစ်အစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်း အဆိုကို ဟဲလမွတ်ခိုးလ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ ပါတီက ခေါင်းဆောင်၍ တင်သွင်းခဲ့ရာ ၂၅၆ မဲ ၂၃၅ မဲဖြင့် အနိုင်ရခဲ့သည်။ မဲမပေးပဲ ပျက်ကွက်သူလေးဦး ရှိသည်။ ဝန်ကြီးချုပ် ရှမစ်သည် အယုံအကြည်မရှိကြောင်းအဆိုကို ရှုံးနိမ့်ကာ ရာထူးမှ ထွက်ပေးခဲ့ရသဖြင့် ဟဲလမွတ်ခိုးလ်သည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ ခြောက်ဦးမြောက် ဝန်ကြီး ချုပ်(အဓိပတိ)အဖြစ် အရွေးခံခဲ့ရသည်။

ဝန်ကြီးချုပ်ခိုးလ်၏ ဗဟိုလက်ယာအစိုးရအဖွဲ့စာရင်းကို အောက်တိုဘာလ ၄ ရက်နေ့တွင် ကြေညာသည်။ ဝန်ကြီးချုပ်ခိုးလ်က ပြည်ထောင်စုဂျာမနီနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူအောင် ကြိုးစားမည်ဟု ကတိပြုခဲ့သည်။ သို့ရာတွင် အစိုးရသက်တမ်း ရက်သတ္တ ၁၁ ပတ်အကြာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခိုးလ်သည် ပါလီမန်တွင် အယုံအကြည်မရှိ အဆိုကို ရှုံးနိမ့်အောင် စီစဉ်ပြီး ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်ကို ၁၉၈၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပပေးရန် သမ္မတ ကား ကာစတင်ထံ တင်သွင်းခဲ့လေသည်။ ရာထူးမရယူမီနှင့် ရာထူးရယူပြီးကာလများတောက်လျှောက်က အရှေ့နှင့် အနောက် ဂျာမနီ နှစ်ပြည်ထောင် ပြန်လည်ပေါင်းစည်းရေးကို အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး ၁၉၈၉တွင် ဂျာမနီနှစ်နိုင်ငံပြန်လည်း ပေါင်းစည်းသည့် နောက် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရကာ တစ်စည်းတစ်လုံးထဲသော ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၉၈ခုနှစ်ရွေးကောက်ပွဲတွင်မူ ဟဲမွတ်ခိုးလ် အရေးနှိမ့်ကာ ရာထူးမှ နုတ်ထွက်ခဲ့သည်။


ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြောက်ဥက္ကလာပမြို့နယ်ပီရူးနိုင်ငံတပ်မတော်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)စက္ကူပန်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေပြည်တော်တိုင်းစစ်ဌာနချုပ်မေတ္တာအာဋာနာဋိယသုတ်ကျိုက်ထိုမြို့မြန်မာနိုင်ငံရှိ မြို့များခုနှစ်နှစ်စစ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပစိဖိတ် သမုဒ္ဒရာနေတိုး (သံတူကြောင်းကွဲ)ဖျားနာခြင်းဗင်နီတို မူဆိုလီနီဧရာဝတီမြစ်ရှင်သီဝလိဂါထာမြန်မာ့သနပ်ခါးသမ္မာကျမ်းစာဂူဂယ်ဗြဟ္မာဘုံမြန်မာ့ လက်ဝှေ့လေဖြတ်ခြင်းရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းငပလီမြို့ကျုံပျော်မြို့ပထမ ကမ္ဘာစစ်ဗုဒ္ဓဘာသာရှမ်းလူမျိုးခြင်းလုံးဆိုရှယ်လစ်ဝါဒကိန္နရာအကလင်ခန်းမယားခန်း ပြတ်စဲခြင်းဇာမဏီမြန်မာ့အလင်း သတင်းစာအရှေ့တောင်တိုင်းစစ်ဌာနချုပ်သရေခေတ္တရာပုပ္ပားမယ်တော်အမ်းမြို့ဟာဝိုင်ယီကျွန်းစုပန်းချီယေရှု ခရစ်တော်ဆယ်ပါးသီလခန့်စည်သူအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မဟော်သဓာပြင်သစ် တော်လှန်ရေးအချိန်ဘရောက်ဆာ စစ်ပွဲများကြွက်နို့မန္တလေး နန်းတော်ခင်ဝင့်ဝါမြန်မာနိုင်ငံ၏ ပထဝီဝင်အစ္စလာမ်ဘာသာမုန့်လုံးရေပေါ်ရိုဟင်ဂျာမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဗမာပြည် ကွန်မြူနစ်ပါတီတိုက်ချဉ်ပေါင်ဒီမိုကရေစီစပိန်နိုင်ငံနိုင်ငံရေးစကားပုံစေတသိက်သူငယ်နာနန်းမွေစံအောင်ဆန်းဟော့ဘစ်မြန်မာသဒ္ဒါသာလွန်မင်း🡆 More