ဟားခါးမြို့နယ်

ဟားခါးမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ ဖြစ်သည်။

ဟားခါးမြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
ဟားခါးခရိုင်အတွင်းတည်နေရာ (အနီ)
ဟားခါးခရိုင်အတွင်းတည်နေရာ (အနီ)
ဟားခါးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟားခါးမြို့နယ်
ဟားခါးမြို့နယ်
ဟားခါးမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 22°38′43.9476″N 93°36′18.129″E / 22.645541000°N 93.60503583°E / 22.645541000; 93.60503583
နိုင်ငံဟားခါးမြို့နယ် မြန်မာ
ပြည်နယ်ဟားခါးမြို့နယ် ချင်း
ခရိုင်ဟားခါး
မြို့နယ်ရုံးစိုက်ရာမြို့ဟားခါးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၄၈,၃၅၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

ဟားခါးမြို့ကို စတင်တည်ထောင်ခဲ့သော လိုင်မီး(ချင်း)တို့သည် တိဗက်-မြန်မာနွယ်များဖြစ်ကြပြီး တရုတ်ပြည် အနောက်မြောက်ဘက်နှင့် တိဗက်ပြည်အရှေ့ဘက်တို့မှ ဆင်းသက်လာသည်။ ချင်းလူမျိုးနွယ်စုတို့သည် အေဒီ ၁၄၀၀ ခန့်တွင် ဖိုင်လဲင်ဇောလ်ဟု ခေါ်သောအရပ်သို့ စတင်ရောက်ရှိလာခဲ့သည်။ အစပထမက ဟားခါး(Halkha)ဟုခေါ်ခဲ့ရာမှ ယခုအခါ ဟားခါး(Hakha)ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးရုံး ဖွင့်လှစ်၍ နယ်ပိုင်ဝန်ထောက် ရုံးစိုက်ခဲ့သည်။ ၁၉၆၅ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းခွဲ(၂) ရုံးကို ဟားခါးမြို့သို့ ပြောင်း၍ဖွင့်လှစ်ပြီး ဖလမ်းမြို့ရှိ တိုင်းမင်းကြီးရုံးကိုလည်း ဟားခါးမြို့သို့ ပြောင်းကာဖွင့်လှစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းရေးရာဦးစီးအဖွဲ့ရုံးစိုက်ခဲ့ပြီး ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်လာခဲ့သည်။

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၀၁ မိနစ်နှင့် ၂၂ ဒီဂရီ ၅၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၂ မိနစ်နှင့် ၉၄ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၆မိုင်၊ တောင်မှမြောက်သို့ ၄၅မိုင်ရှိပြီး ၁၆၀၈ စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

ဟားခါးမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များ တည်ရှိသည်။ သီမြစ် (ခ)ဘွေနူးမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ တောင်ကျချောင်း ပေါများပြီး ဟားခါးမြို့၏အရှေ့ဘက်ရှိ ဒေါင်ဗားချောင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည်။

လူဦးရေ

ဟားခါးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး

ဟားခါးမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန် ထွက်ရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

ဈေးများ

  • ဟားခါးမြို့မဈေး

လမ်းပန်းဆက်သွယ်ရေး

ဟားခါးမြို့နယ်တွင် ရဟတ်ယာဉ်ကွင်း ၂ကွင်းရှိသည်။ ရန်ကုန်၊ မန္တလေးနှင့် ကလေးမြို့များသို့ ခရီးသည်တင်ယာဉ်များရှိသည်။

ပညာရေး

အဆင့်မြင့်ပညာ

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၄ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ဆူရ်ခွား
  • အထက ချွန်ကျုံး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) မြို့ဟောင်း
  • အလက (ထ(ခွဲ)) ဆတ္တား
  • အလက (ထ(ခွဲ)) ဈေးသစ်
  • အလက နှီရ်လောန်း
  • အလက ဇိုခွား
  • အလက ဒါအိုချိမ်း
  • အလက လုံရန်း
  • အလက သီနမ်း
  • အလက သီဖူးလ်
  • အလက ဘုံဇုံး
  • အလက ဘွန်လုံး
  • အလက လောက်လုံ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၇၄ ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး
  • ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ

ကိုးကား



Tags:

ဟားခါးမြို့နယ် သမိုင်းကြောင်းဟားခါးမြို့နယ် ပထဝီဝင်အနေအထားဟားခါးမြို့နယ် လူဦးရေဟားခါးမြို့နယ် စီးပွားရေးဟားခါးမြို့နယ် လမ်းပန်းဆက်သွယ်ရေးဟားခါးမြို့နယ် ပညာရေးဟားခါးမြို့နယ် ကျန်းမာရေးဟားခါးမြို့နယ် ကိုးကားဟားခါးမြို့နယ်ချင်းပြည်နယ်မြန်မာနိုင်ငံဟားခါးခရိုင်ဟားခါးမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

သီတင်းကျွတ်လပြည့်နေ့အလင်္ကာမြန်မာဘာသာစကားငှက်ဖျားရောဂါနွယ်အေးဗလီစီးပွားရေးမန္တလေး နန်းတော်ကမ္ဘာဂြိုဟ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဗျတ်ဝိ၊ ဗျတ္တပန်းချီဆေးခြောက်ဝမ်းပိစ်ဒဿနိကဗေဒအာဠာဝကဘီလူးရန်ကုန်-မန္တလေး အမြန်လမ်းဗမာပြည် ကွန်မြူနစ်ပါတီရာသီဥတုအပြင် ၃၇ မင်းနတ်မောက်မြို့မြန်မာနိုင်ငံ၏ အလံတော်တက္ကသိုလ်ဘုန်းနိုင်ကိုရီးယားနိုင်ငံချင်းမိုင်မြို့ဦးသန့်ပုပ္ပါးတောင်ကလပ်ပြည်မြို့ပြည်ထောင်စုနေ့တပ်ရင်း (၇)မူးယစ်ဆေးဝါးပုပ္ပါးတောင်ရေဘဝဲသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ညှဉ်းပန်းနှိပ်စက်ခြင်းဟစ်တလာတောင်ဖီလာဆရာတော်လေယာဉ်ပျံမြန်မာနိုင်ငံ၏ စီးပွားရေးပထဝီဝင်ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အစိန္တေယျ ဘုရားရှိခိုးကြီးမျိုးကြီးနေဝင်း (ဗိုလ်ချုပ်ကြီး)ဝိပဿနာဉာဏ်ရဝမ်ဒါနိုင်ငံအင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်သိင်္ဃသူ့သမီးကိုလိုနီခေတ်လမ်းမတော်ဖိုးတုတ်သိပ္ပံပညာမိတ္ထီလာမြို့ဗိဿနိုးမြို့ဟောင်းရခိုင်ပြည်နယ်အလောင်းတော် ကဿပရှမ်းပြည်နယ်စအိုဖြင့် လိင်ဆက်ဆံခြင်းစာရင်းအင်း ပညာဩကာသ ဘုရားရှိခိုးမေတ္တသုတ်သီပေါမင်းဘူတန်နိုင်ငံကနောင်မင်းသားမြင့်လှိုင်စစ်အေးတိုက်ပွဲအနတ္တလက္ခဏသုတ်လတ္တီကျူစီးပွားရေးလုပ်ငန်း အမျိုးအစားများကဗျာလင်္ကာမင်းယုဝေဒီမိုကရေစီကမ္ဘောဒီးယားနိုင်ငံဉာဏ်ပညာမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမုန့်ဟင်းခါးသရ🡆 More