ဝိပဿနာဉာဏ်

ဝိပဿနာဉာဏ် ဆိုသည်မှာ ဝိပဿနာတရားအားထုတ်ရာတွင် ဖြစ်ပေါ်လာသည့် ဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်သည် ၁၀ ပါးရှိသည်။

ဝိပဿနာဉာဏ် ၁၀ ပါး

ဝိပဿနာဉာဏ် ၁၀ ပါးတို့မှာ အောက်ပါတို့ ဖြစ်ကြသည်။

၁။ သမ္မသနဉာဏ်

၂။ ဥဒယဗ္ဗယဉာဏ်

၃။ ဘင်္ဂဉာဏ်

၄။ ဘယဉာဏ်

၅။ အာဒိနဝဉာဏ်

၆။ နိဗ္ဗဒါဉာဏ်

၇။ မုစ္စိတုကမျတာဉာဏ်

၈။ ပဋိသင်္ခါဉာဏ်

၉။ သင်္ခါရုပေက္ခာဉာဏ်

၁၀။ အနုလောမဉာဏ်

၁။ သမ္မသနဉာဏ်

ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် စုပုံဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန် အထပ်ထပ် သုံးသပ်သောဉာဏ်သည် သမ္မသနဉာဏ် မည်၏။

၂။ ဥဒယဗ္ဗယဉာဏ်

ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံစုံရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။

၃။ ဘင်္ဂဉာဏ်

အဖြစ်အပျက် ၂-ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်း ဖြစ်၏။ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက်သက်ကို ရှုသောဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။

၄။ ဘယဉာဏ်

ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သောအခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်းကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ် မည်၏။

၅။ အာဒိနဝဉာဏ်

ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေးဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကားဟု ရှုဆင်ခြင်သော ဉာဏ်သည် အဒိနဝဉာဏ် မည်၏။

၆။ နိဗ္ဗဒါဉာဏ်

အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မပျော်မွေ့ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။

၇။ မုစ္စိတုကမျတာဉာဏ်

မပျော်မမွေ့ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်းထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်၏။

၈။ ပဋိသင်္ခါဉာဏ်

အလွန်တရာ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ဘာဝနာ ၄၀ တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။

၉။ သင်္ခါရုပေက္ခာဉာဏ်

ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ်သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။

၁၀။ အနုလောမဉာဏ်

ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ်အောင် နှိုးဆောင်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏။ (ဂဟေအစပ်ကောင်းလှသောဉာဏ် - ဟူလို)

မှတ်သားရန်

ဝိပဿနာဉာဏ် ၁၀ ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာ မည်၏။

ဝိပဿနာဉာဏ် (၇၂)-ပါး

  • (၁) ရှည်စွာ ဟုဟောအပ်သောဝင်သက်ကို အနိစ္စ = မမြဲ ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၄) ရှည်စွာဟု ဟောအပ်သော ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၅) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၆) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၇) တိုစွာဟုဟောအပ်သော ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၉) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသော ဝိပဿနာ ဉာဏ်၊
  • (၁၀) တိုစွာဟု ဟောအပ်သော ထွက်သက်ကို အနိစ္စ-မမြဲဟု၍ ရှူသော ဝိပဿနာဉာဏ်၊
  • (၁၁) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၁၂) အနတ္တ အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁) အစ, အလယ်, အဆုံး အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ မမြဲဟူ၍ ရှုသော ဝိပသာနာဉာဏ်၊
  • (၁၄) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁၅) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၁၆) အစ, အလယ်, အဆုံး အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသော- ဝိပဿနာဉာဏ်၊
  • (၁၇) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁၈) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၁၉)အရှူပြင်း၍ ရုန့်ရင်းသော ဝင်သက် ဟူသောကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၂၀) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၁) အနတ္တ - အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၂၂) အရှိုက်ပြင်း၍ ရုန့်ရင်းသော ထွက်သက် ဟူသော ကာယသင်္ခါရကိုငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၂၃) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၄) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၅) ပီတိကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၂၆) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၇) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၈) ပီတိကို ထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-အမြဲဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၂၉) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၃၀) အနတ္တ-အတ္တမဟုတ် ဟူ၍ရှုသောဝိပဿနာဉာဏ်၊
  • (၃၁) သုခကိုထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ရှူသောဝိပဿနာ ဉာဏ်၊
  • (၃၂) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၃၃) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၄) သုခကိုထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၅) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၃၆) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၇) သညာ, ဝေဒနာဟူသော စိတ္တ-သင်္ခါရကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၃၉) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၀) သညာ, ဝေဒနာဟူသော စိတ္တသင်္ခါရကို ထင်ရှားစေ သည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၁) ဒုက္ခ-ဆင်းရဲ ဟူ၍ရှူသောဝိပဿနာဉာဏ်၊
  • (၄၂) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၄၃) ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲ ဟူ၍ရှူသောဝိပဿနာဉာဏ်၊
  • (၄၄) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၄၅) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၄၆) ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၇) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၈) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသော ဝိပဿနာဉာဏ်၊
  • (၄၉) စိတ်ကိုထင်ရှားစေသည်ဖြစ်၍ ဝင် သက်ကို အနိစ္စ-မမြဲဟူ၍ရှုသောဝိပဿနာ ဉာဏ်၊
  • (၅၀) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၅၁) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၂) စိတ်ကိုထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၅၃) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၅၄) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၅) စိတ်ကိုရွှင်လန်း ဝမ်းမြောက်စေ သည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၆) ဒုက္ခ-ဆင်းရဲ-ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၅၇) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၈) စိတ်ကိုရွှင်လန်း ဝမ်းမြောက်စေသည် ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၉) ဒုက္ခ-ဆင်းရဲ ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၆၀) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၁) စိတ်ကိုအာရုံ၌ အညီအညွတ် ကောင်းစွာထားသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၂) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၆၃) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၆၄) စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားသည် ဖြစ်၍ ထွက်သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၅) ဒုက္ခ-ဆင်းရဲ ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၆၆) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၇) စိတ်ကိုလွတ်စေသည်ဖြစ်၍ရင် သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၆၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၆၉) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၇၀) စိတ်ကိုလွတ်စေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၇၁) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၇၂) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်။

ဆက်စပ်ဖတ်ရှုရန်

အာနာပါနဿတိသုတ်

ဉာဏ်စဉ်

ကိုးကား

Tags:

ဝိပဿနာဉာဏ် ၁၀ ပါးဝိပဿနာဉာဏ် မှတ်သားရန်ဝိပဿနာဉာဏ် (၇၂)-ပါးဝိပဿနာဉာဏ် ဆက်စပ်ဖတ်ရှုရန်ဝိပဿနာဉာဏ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ကြီးမြို့ခင်မောင်တိုးအာဖရိကဒါနငါးမျိုးစိတ်များ စာရင်းခွေးဝ လူမျိုးဇီးကွက်ကိုးပါးသီလစဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)ကရင်ရိုးရာပွဲတော်များမြန်မာ့ရှေ့ဆောင်ဘဏ်တက္ကသိုလ်ဘုန်းနိုင်ကန်တော့ပလ္လင်ဘုရားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အင်ဒိုနီးရှားနိုင်ငံကနောင်မင်းသားစေတီပုထိုးများမြန်မာနိုင်ငံစိတ်ပညာဘကြီးတော်(စစ်ကိုင်းမင်း)မုတ်သုန်မင်းတုန်းမင်းသမ္မာကျမ်းစာသုဝဏ္ဏသာမဇာတ်တော်ခြင်းလုံးလိပ်ကွမ်ယင်မယ်တော်မထိုးသွင်းသော လိင်ဆက်ဆံခြင်းယောက်ျား အင်္ဂါတံအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်အမေရိကန်ပြည်ထောင်စုတားရော့ပညာလွှမ်းမိုးရာသီဥတုပြောင်းလဲမှုဘုရားပင့်တဏှာကြွက်နို့ရောဂါအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ရိုဟင်ဂျာကာလသားရောဂါရှမ်းပြည်နယ်ကြွက်နို့ပရိတ်ကြီး ၁၁ သုတ်မြန်မာအက္ခရာသမိုင်းကွန်ဒုံးလူသားတစ်ဦး၏လိင်တံအရွယ်အစားမလေးရှားနိုင်ငံစောမောင် (ဗိုလ်ချုပ်မှူးကြီး)တယ်လီဂရမ် (ဆော့ဖ်ဝဲ)ဘိုးလှိုင်၊ ဦး(ယောမင်းကြီး)ဂျာနယ်ကျော် မမလေးစိတ်နေမြင့်သူခုနစ်နေ့ဘုရားရှိခိုးစစ်ကိုင်းပြတ်ရွေ့ကြော၁၀၂၇ စစ်ဆင်ရေးဂုဏ်တော်ကွန်ချာမူးယစ်ဆေးဝါးမြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရှင်ပြုခြင်းကော့ကရိတ်မြို့အလောင်းစည်သူစဝ်ကြာဆိုင်ကြယ်စံပယ်ပန်းမာမာအေးအားရဲအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ပတ္တမြားမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရခိုင်လူမျိုးဧရာဝတီတိုင်းဒေသကြီးကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလားရှိုးမြို့အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်🡆 More