သီရိခေတ်

သီရိခေတ် (အင်္ဂလိပ်: Sirikit; ထိုင်း: สิริกิติ์; ထိုင်းအသံထွက်: ; နားဆင် (ကူညီ·ချက်လက်)) သည် ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် ဖြစ်သည်။ နတ်ရွာစံဘုရင်ကြီး ဘူမိဗလ်အဒုလျဒေက်ျ ၏ မိဖုရားဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဘုရင် ဝချိလာလောင်ကွန်း၏ မယ်တော် ဖြစ်သည်။ ဘုရင်ဘူမိ​ဗလ် နှင့် ပဲရစ်မြို့တွင် ​တွေ့ခဲ့သည်။ ဘုရင်ဘူမိဗလ် ဘိသိက်မသွန်းမီ ၁၉၅၀ခုနှစ်တွင် ထိမ်းမြားခဲ့သည်။ သူသည် ဘူမိ​ဘောဘုရင် သာသနာ့​ဘောင်အတွင်း ​ခေတ္တဝင်​ရောက်​နေစဉ် ၁၉၅၆ခုနှစ်က ဘုရင်ခံအဖြစ် ​ဆောင်ရွက်ခဲ့သည်။ ဘုရင်ဘူမိဗလ် နှင့် မိဖုရားသီရိ​ခေတ်တို့တွင် သားတစ်​ယောက်နှင့် သမီးသုံး​ယောက်ရှိကြသည်။ ဘုရင်ဘူမိ​ဗလ်မှာ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သည့်အ​လျောက် မိဖုရားသီရိ​ခေတ်မှာလည်း ကမ္ဘာ့နန်းသက်အရှည်ဆုံး မိဖုရား​ခေါင်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ခုနှစ် ဇူလိုင်လ၂၁ရက်​နေ့တွင် ​လေဖြတ်​ရောဂါခံစားရပြီး လူထုမြင်ကွင်းမှ ​ပျောက်ကွယ်ခဲ့သည်။

သီရိ​ခေတ်

(သိရိကိတိံ)

สิริกิติ์
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်​တော်
ထိုင်းနိုင်ငံ၏ မိဖုရား
နန်းသက်၂၈ ဧပြီ ၁၉၅၀ – ၁၃ ​အောက်တိုဘာ ၂၀၁၆
နန်းတက်ချိန်၅ ​မေ ၁၉၅၀
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်​တော်
နန်းသက်၂၄ ​အောက်တိုဘာ ၂၀၁၆ – လက်ရှိ
မွေးဖွား (1932-08-12) ၁၂ ဩဂုတ်၊ ၁၉၃၂ (အသက် ၉၁)
ဘန်​ကောက်မြို့၊ သယာအမ်တိုင်းပြည်
အိမ်ထောင်ဖက်ဘူမိဗလအတုလျတေဇ (Rama IX) (လက်ထပ် ၁၉၅၀; နတ်ရွာစံ ၂၀၁၆)
သားသမီးများဥပလ်ရတန
ဝချိလာလောင်ကွန်း (ရာမ၁၀)
သိရိန္ဓရ
စုဠာဘရဏ
စံအိမ်မဟီ​ဒေါ (လက်ထပ်ပြီး​နောက်)
ကီတိယကရ (​မွေးဖွားစဉ်)
(ချက္ကရီမင်းဆက်)
ခမည်းတော်နက္ခတြ မင်္ဂလ
မယ်တော်ဘွား ကီတိယကရ
ကိုးကွယ်မှုဗုဒ္ဓဘာသာ
လက်မှတ်သီရိခေတ်

အ​စောပိုင်းဘဝနှင့် မိသားစု

သူ့ကို ၁၉၃၂ခုနှစ် ဩဂုတ်လ ၁၂ရက်​နေ့တွင် ဖွားမြင်ခဲ့သည်။ မိခင်ဖက်မှ အဘိုးဖြစ်သူ၏အိမ်တွင် ​မွေးဖွားခဲ့သည်။ သူသည် နက္ခတြ မင်္ဂလ၏ တတိယ​မြောက်က​လေးဖြစ်ကာ သမီးအကြီးဖြစ်သည်။ ပြဇာဓိပကဘုရင်၏ မိဖုရားဖြစ်သူ ရမ်ဘိုင်ဘာနီမှ "သီရိ​ခေတ်"ဟုအမည်​ပေးခဲ့ပြီး အဓိပ္ပာယ်မှာ ကီတိယကရ၏ ကြီးမြတ်ခြင်းဟုရသည်။

သူ့တွင် အစ်ကို (၂) ​ယောက်နှင့် ညီမ (၁) ​ယောက်၊ ​မွေးချင်း (၃) ​ယောက်ရှိသည်။ ဖခင်ဖြစ်သူ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးတွင် အတွင်းဝန်ဖြစ်စဉ်ကပင် သူသည် ငယ်စဉ်ကပင် မိခင်ဖက်မှ အဘိုးအဘွားများနှင့်ကြီးပြင်းခဲ့သည်။ (၃) လအကြာတွင် မိခင်ဖြစ်သူမှာ ဖခင်​နောက်လိုက်သွားသည်။ တစ်နှစ်အကြာတွင် မိဘများသည် ထိုင်းသို့ပြန်လာကြသည်။

ပညာ​ရေး

သီရိခေတ် 
နယ်ယာလန်တွင်​တွေ့ရစဉ်

အသက်​လေးနှစ်အရွယ်တွင် ရာဂျီနီ​ကျောင်းတွင် မူကြိုစတက်ခဲ့ပြီး မူလတန်းအထိသင်ခဲ့သည်။ ထိုအချိန်က ပစိဖိတ်စစ်ပွဲဖြစ်ပွား​နေသည်။ ဘန်​ကောက်တွင် ကြိမ်ဖန်များစွာ ဗုံးထိခဲ့သည်။ အထူးသဖြင့် ရထားလမ်းများဖြစ်ရာ သွား​ရေးလာ​ရေး မလုံခြုံ​တော့​ပေ။ ထို့​ကြောင့် ​နေထိုင်ရာနန်း​တော်အနီးရှိ ​ကျောင်းသို့​ပြောင်းခဲ့သည်။

၁၉၄၆ခုနှစ်၊ စစ်ပြီးခါနီးတွင် ဖခင်ဖြစ်သူ ဗြိတိန်သို့​ပြောင်းရာ မိသားစုကိုပါ​ခေါ်သွားခဲ့သည်။ ထိုစဉ်က သီရိ​ခေတ်မှာ အသက်၁၃နှစ်သာရှိ​သေးသည်။ အင်္ဂလန်တွင် စန္ဒယားတီးစသင်ခဲ့သည်။ ဖခင်မှာ သံတမန်ဖြစ်၍ ပြင်သစ်နှင့် ဒိန်းမတ်ကိုပါ ​ပြောင်းရရာ အင်္ဂလိပ်နှင့် ပြင်သစ်စကားကိုလည်း ကျွမ်းကျင်လာသည်။ ပြင်သစ်တွင်​နေထိုင်စဉ်က ဂီတအကယ်ဒမီတစ်ခုကိုလည်း တက်ခဲ့သည်။

ပြင်သစ်တွင်ပင် ဘုရင်ဘူမိ​ဘောနှင့်​တွေ့ဆုံခဲ့သည်။ နှစ်ဦးလုံးမှာ ချူလာ​လောင်ကွန်းဘုရင်၏ အနွယ်​တော်များပင်ဖြစ်သည်။

ထိမ်းမြားခြင်း

၁၉၄၈ခုနှစ် ​အောက်တိုဘာ၄ရက်​နေ့တွင် ဘုရင်ဘူမိ​ဘောမှာ ဖီယယတ်တိုပိုလီနိုကားဖြင့် လူဆန်မြို့အပြင်ဘက် ၁၀ကီလိုမီတာအကွာ ဂျီနီဗာ-လူဆန်လမ်း​ပေါ်တွင် ဘရိတ်အုပ်လိုက်​သော ထရပ်ကား၏ ​နောက်ပိုင်းကို တိုက်မိ​လေသည်။​နောက်​ကျောပိုင်း၊ မျက်နာနှင့် မျက်လုံးတွင် အပြင်းအထန်ဒဏ်ရာ ရသွားခဲ့သည်။လူဆန်မြို့တွင် ​ဆေးရုံတက်​နေစဉ် သီရိ​ခေတ်မှာ မကြာခဏ လာ​လေ့ရှိသည်။ မယ်​တော်ဆန်ဝမ် တလပတ်နှင့်​တွေ့ကာ မယ်​တော်က သား​တော်ဘူမိ​​ဘောနှင့် ပို၍ရင်းနီးရန် အနီးအနားတွင် ​ကျောင်း​ပြောင်းတက်ရန် ​မေးခဲ့သည်။၁၉၄၉ခုနှစ် ဇူလိုင်၁၉ရက်​နေ့တွင် တိတ်ဆိတ်စွာ ​စေ့စပ်ခဲ့ကြပြီး ဘိသိက်မခံမီ တစ်ပတ်အလို ၁၉၅၀ခုနှစ် ဧပြီ (၂၈) ရက်​နေ့တွင် ထိမ်းမြားခဲ့ကြသည်။ သူတို့၏ လက်ထပ်ပွဲကို နယူး​ယောခ့်တိုင်းမ်သတင်းစာက ဆင်နှင့် ထီးဖြူ​မြေမှ အရိုးရှင်းဆုံး လက်ထပ်ပွဲဟု ​ဖော်ပြခဲ့သည်။

ဘူမိ​ဘောဘုရင်နှင့် မိဖုရားသီရိ​ခေတ်တို့တွင် သားသမီး ​လေးပါးရှိသည်။

မိဖုရားဖြစ်လာခြင်း

လက်ထပ်စဉ်အခါက သီရိ​ခေတ်မှာ ၁၈နှစ်မပြည့်​သေး​​ပေ။ ချက္ကရီနန်းဆက်မှ အမိန့်ခံယူပြီး​နောက် မိဖုရားဖြစ်လာခဲ့သည်။ ၁၉၅၀ခုနှစ် ​မေလ၅ရက်​နေ့တွင် ဘိသိတ်ပွဲအပြီး ပညာဆက်လက်သင်ရန် ဆွစ်ဇာလန်သို့ ပြန်လာခဲ့ကြပြီး ၁၉၅၂တွင် ထိုင်းနိုင်ငံသို့ ပြန်​ရောက်ကြသည်။

ဘုရင်ခံ

သီရိခေတ် 
၁၉၆၀ ဇူလိုင်လက နယူး​ယောက်မြို့တွင်​တွေ့ရစဉ်
သီရိခေတ် 
၁၉၆၃ခုနှစ်က ဘုရင်နှင့်မိဖုရား
သီရိခေတ် 
၂၀၀၇ခုနှစ်က ဗလာဒီမီယာ ပူတင်နှင့်​တွေ့ဆုံစဉ်

ဗုဒ္ဓဘာသာဝင်တို့၏ ဓ​လေ့အတိုင်း ဘုရင်ဘူမိ​ဘောမှာ ၁၉၅၆ခုနှစ်တွင် သာသနာ့​ဘောင်အတွင်း ​ခေတ္တဝင်​ရောက်ခဲ့သည်။ ထိုအချိန်အတွင်း မိဖုရားမှာ ဘုရင်ခံအဖြစ်​ဆောင်ရွက်ခဲ့သည်။သူ၏ တာဝန်ဝတ္တရားများကို ​ကောင်းမွန်စွာ​ဆောင်ရွက်ခဲ့၍ ထိုင်းနိုင်ငံ၏ ဘုရင်ခံအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ သမိုင်းတွင် ဒုတိယ​မြောက် ဘုရင်ခံမိဖုရားဖြစ်သည်။

ကျန်းမာ​ရေး

၂၀၁၂ခုနှစ် ဇူလိုင်၂၁ရက်​နေ့တွင် မူမမှန်ခြင်းခံစားရ၍စစ်​ဆေးကြည့်ရာ ​လေဖြတ်​ဝေဒနာခံစား​နေရသည်။ ထိုစဉ်မှပင် လူထုမြင်ကွင်းမှ ​ပျောက်ကွယ်​နေရာ ၂၀၁၂ခုနစ် ဒီဇင်ဘာလ၅ရက်​နေ့က ​တော်ဝင်နန်း​တော်တွင် ကျင်းပ​သော ဘုရင်ကြီး၏ ၈၅နှစ်ပြည့်​မွေး​နေ့ပွဲတွင်ပင် လူထုမြင်ကွင်း၌ ထွက်​ပေါ်မလာခဲ့​ပေ။

၂၀၁၆ခုနှစ် နိုဝင်ဘာ၂၆ရက်​နေ့တွင် မိဖုရားမှာ နာလန်ထူပြီဖြစ်၍ ​ဆေးရုံမှ နန်း​တော်သို့ ​​ပြောင်း၍ စံမြန်း​နေ​ကြောင်း နန်း​တော်မှထုတ်ပြန်ခဲ့သည်။

နိုင်ငံတွင်း ပြယုဂ်

မိဖုရား၏​မွေး​နေ့သည်လည်း ထိုင်းနိုင်ငံ၏ အားလပ်ရက်အဖြစ်သတ်မှတ်ထားပြီး "အ​မေ​နေ့"ဖြစ်သည်။ သူသည် ဘုရင်စနစ်ကို ဘုရားကဲ့သို့ကိုးကွယ်​သော ထိုင်းနိုင်ငံတွင် ​ဝေးလံ​သော​ဒေသများနှင့် ရိုးရာကိုခုံမင်​သော​ဒေသများတွင် အထူး​လေးစားကြည်ညိုခံရသည်။ သူ၏ ထိုင်းနိုင်ငံ​တောင်ပိုင်းရှိ မူဆလင်များအ​ပေါ် သည်းခံနားလည်​ပေးနိုင်မှု​ကြောင့် ထိုင်းမူဆလင်များအကြား ​​ရေပန်းစား​စေသည်။

ကိုးကား

Tags:

သီရိခေတ် အ​စောပိုင်းဘဝနှင့် မိသားစုသီရိခေတ် ပညာ​ရေးသီရိခေတ် ထိမ်းမြားခြင်းသီရိခေတ် ဘုရင်ခံသီရိခေတ် ကျန်းမာ​ရေးသီရိခေတ် နိုင်ငံတွင်း ပြယုဂ်သီရိခေတ် ကိုးကားသီရိခေတ်Th-Queen Sirikit.oggထိုင်းဘာသာစကားဖိုင်:Th-Queen Sirikit.oggဘူမိဗလအတုလျတေဇဝသိလာလောင်ကွန်းဝီကီပီးဒီးယား:Media helpအင်္ဂလိပ်ဘာသာစကားဤအသံ အကြောင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ကင်ဂိုအွန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စိုးထွဋ်ဒိဋ္ဌိမစ်ကီးမောက်စ်အင်ဒိုနီးရှားနိုင်ငံစမူဆာဆော်ဒီအာရေဗျနိုင်ငံဘဒ္ဒကမ္ဘာဖိုးစိန်၊ ဦး (ဂရိတ်)သိကြားမင်းဉာဏ်ရည်တုစိုးလွင်လွင်အမျိုးသားစာပေဆုရစာအုပ်စာရင်းဆယ်ပါးသီလနေမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သံတွဲမြို့ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ခါကာဘိုရာဇီဂျပန်နိုင်ငံဗောဇ္ဈင်ခုနစ်ပါးမဉ္ဇူပန်းပင်ပလေးတိုးမြန်မာနာမည်ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတောင်ကြီးမြို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတပ်မဟာ၉၉၉မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနတ်ပြည် ၆ ထပ်ဒုက္ခသစ္စာသုဂတော သုဂတဓာနံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကယားလူမျိုးရန်ကုန်တိုင်းဒေသကြီးမျက်စိနာခြင်းရှမ်းလူမျိုးအာရက္ခတပ်တော်သီတဂူဆရာတော်ဗိုလ်ချုပ်မှူးကြီးရဲဘော်သုံးကျိပ်စကားထာစကားကြီး ဆယ်မျိုးစံကားဝါစွယ်တော်ပင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နရသူ (ပုဂံ)စိန္တာမဏိဂါထာဆိုရှယ်လစ်ဝါဒရွှေစာရံ စေတီတော် (မန္တလေး)ကိုဩဒိနိတ်မူးယစ်ဆေးဝါးညစ်ညမ်းခြင်းများဘူးပင်ကိုရီးယားနိုင်ငံကျိုက်သလ္လံစေတီအင်္ဂလန်နိုင်ငံအချစ်ရဟန်းခံခြင်းအင်္ဂလိပ်-မြန်မာ စစ်ပွဲများရတနသုတ်တိုကျိုမြို့ဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်ဓဇဂ္ဂသုတ်အိမ်ကိုယ်ဝန်ဖျက်ချခြင်းဇာတ်ကြီးဆယ်ဘွဲ့ကားမြန်မာနိုင်ငံ၏ ပညာရေးအောင်ရဲလင်းကချင်လွတ်မြောက်ရေးတပ်မတော်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအက်တမ်၃၁-ဘုံတပ်မတော်အက်ဥပဒေများ🡆 More