သရက်ချောင်းမြို့နယ်

သရက်ချောင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သရက်ချောင်းမြို့ ဖြစ်သည်။

သရက်ချောင်းမြို့နယ်
မြို့နယ်
ထားဝယ်ခရိုင်အတွင်းတည်နေရာ
ထားဝယ်ခရိုင်အတွင်းတည်နေရာ
သရက်ချောင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သရက်ချောင်းမြို့နယ်
သရက်ချောင်းမြို့နယ်
သရက်ချောင်းမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 13°41′N 98°26′E / 13.683°N 98.433°E / 13.683; 98.433 98°26′E / 13.683°N 98.433°E / 13.683; 98.433
နိုင်ငံသရက်ချောင်းမြို့နယ် မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့သရက်ချောင်းမြို့
လူဦးရေ (၂၀၁၄)၁၀၅,၆၆၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထားဝယ်ရာဇဝင်သမိုင်းအရ ကောဇာသက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ပြီး၊ မူလက ရှက်ချောင်းဟု ခေါ်တွင်သည်။ ကာလရွေ့လျောလာသောအခါ သရက်ချောင်း ဖြစ်လာသည်။ သရက်ချောင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၃°၁၇' မှ ၁၄°၁၄' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈°၁၄' မှ ၉၈°၄၀' ကြားတည်ရှိသည်။ အရှေ့မှ အနောက် ၂၅ မိုင်၊ တောင်မြောက် ၅၂ မိုင် ရှည်လျားသည်။ မြို့နယ်ဧရိယာ ၈၂၉.၆၂ စတုရန်းမိုင် ရှိရာ၊ သရက်ချောင်းမြို့မပါဘဲ ကျေးရွာအုပ်စု ဧရိယာမှာ ၈၁၇.၆၉ စတုရန်းမိုင် ရှိသည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ထားဝယ်မြို့နယ်၊ တောင်ဘက်တွင် ပုလောမြို့နယ်တို့နှင့် ထိစပ်နေကာ၊ အနောက်ဘက်တွင် မိုင် ၃၀ ရှည် ထားဝယ်မြစ်သည် မြောက်မှတောင်သို့ မြန်မာ့ပင်လယ်ထဲ စီးဝင်သည်။

တနင်္သာရီကမ်းမြောင်ဒေသ၊ ထားဝယ်မြစ်ဝှမ်းလွင်ပြင်၊ တနင်္သာရီရိုးမတောင်တန်းနှင့် မြန်မာ့ပင်လယ်ကြား တည်ရှိသော သရက်ချောင်းမြို့နယ်သည် မြေပြန့် နည်းပါး၊ တောင်တန်းပေါများ၍ တောင်ကျချောင်းလည်း များစွာ ရှိသည်။ အမြင့်ဆုံးတောင်မှာ နွားလဘို့တောင် ဖြစ်ကာ၊ ပေ ၅၁၃၀ မြင့်သည်။ ဒီရေဖုံးလွှမ်းပြီး၊ ရွှံ့နွံတောနှင့် လတာပြင် ရောပြွန်းသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၅၀ မြင့်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတု ရှိသည်။ အပူချိန်မှာ အမြင့်ဆုံး ၃၈°C အနိမ့်ဆုံး ၉.၈°C ဖြစ်သည်။ ထားဝယ်မြစ်တွင် သရက်ချောင်းမြို့ ဆင်ဖြူပြင်ဆိပ်ကမ်းထိ သင်္ဘောများ သွားလာနိုင်သည်။ ကြိုးဝိုင်းတော ၁၁၆၆၃၃ ဧက၊ ဒီရေတောကြိုးပြင်ကာကွယ်တော ၁၆၀ ဧက၊ ကြိုးပြင်တော ၁၁၆၃၁၆ ဧကကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။

သဘာဝပေါက်ပင်

ကညင်ကဒွတ်၊ ကန်းစို၊ ကျွဲသွေး၊ ကျဲကြီး၊ ကောင်းမှု၊ ဂန့်နီ၊ စံကား၊ ဇင်ပြွန်း၊ တောကြက်၊ တောင်သရက်ပျဉ်းမ၊ ရွန်၊ လောက်ယား၊ သင်္ကန်း၊ သစ်ရှို၊ သပြေ၊ ဥဘန်တို့အပြင် ဝါး၊ ကြိမ်ဆူးပင်နှင့် ချုံနွယ် ပေါများစွာ ပေါက်သည်။

တောရိုင်းတိရစ္ဆာန်

ကျားကျေးကုန်းလိပ်ချီလှောင်ခါငုံးစစ္စလီဇီးကွက်တောကြက်တောကြောင်တောဆိတ်တောဝက်ဖျံဗျိုင်းမျောက်၊ မြေစပ်ငှက်၊ မိကျောင်းရေကြက်၊ ရေဘဲ၊ ဝက်ဝံသစ်တောက်ငှက်သာလိကာသိမ်းငှက်၊ အောက်စရစ်၊ ဥဩတို့ ကျက်စားသည်။

လူမျိုးနှင့် လူဦးရေ

တိုင်းရင်းသား လူမျိုးစုနေထိုင်မှု အနေဖြင့်၊ ကချင် ၁၊ ကရင် ၁၀၉၁၃၊ မွန် ၁၉၊ ရခိုင် ၄၄၊ ဗမာ ၁၁၃၀၇၅၊ အခြား ၈၉၆ ဦး နေထိုင်သည် ဖြစ်၍ စုစုပေါင်း မြို့နယ်ချုပ်မှာ ၁၂၄၉၄၈ ဦး ရှိသည်။ ၂၀၁၉ စက်တင်ဘာလ စာရင်းအရ၊ ယခင်နှစ် လူဦးရေ ၁၂၃၇၅၆ ဦး ရှိရာ၊ ၁၉၇၇ ဦး မွေးဖွား၊ ၈၁၉ ဦး သေဆုံး၊ ပြောင်းရွှေ့လာသူ ၉၈ ဦး၊ ပြောင်းထွက်သွားသူ ၆၄ ဦး ရှိလေသည်။ မြို့တွင် အိမ်ခြေ ၂၃၇၃ အိမ် နေထိုင်ပြီး၊ ကျေးလက်တွင် ၂၁၅၆၆ အိမ်ခြေ နေထိုင်သည်။

၁၈ နှစ်အထက် မြို့နေ ကျားဦးရေ ၃၃၉၃ ဦး၊ မဦးရေ ၃၉၁၇ ဦးရှိသည်။ ကျေးလက်တွင် ကျားဦးရေ ၃၁၁၄၄ ဦး၊ မဦးရေ ၃၄၆၆၃ ဦး ရှိသည်။

၁၈ နှစ်အောက် မြို့နေ ကျားဦးရေ ၂၂၄၅ ဦး၊ မဦးရေ ၂၀၉၁ ဦး ရှိသည်။ ကျေးလက်တွင် ကျားဦးရေ ၂၄၁၆၁ ဦး၊ မဦးရေ ၂၃၃၃၄ ဦး ရှိလေသည်။

ပါတီ

နိုင်ငံရေးပါတီများမှာ NLD၊ ပြည်ခိုင်ဖြိုး၊ တစည၊ NDF၊ UDP တို့ ရှိသည်။ NLD တွင် အဖွဲ့ဝင် ၅၀၀၀၀ ရှိကာ၊ ပြည်ခိုင်ဖြိုးတွင် ၁၈၀၅၅ ရှိသည်။

တာတမံနှင့် ရေထိန်းတံခါး

အမည် အမျိုးအစား အရှည်(ပေ) အကျိုးပြုဧက
ကျောက်လှေကားရေလွှဲဆည် ရေလွှဲဆည် 85.5
စုံစင်ရေထိန်းတံခါး ရေထိန်းတံခါး ၅×၇ 70
ဥတ္တူရေထိန်းတံခါး ၅×၉ 40
ရငဲရေထိန်းတံခါး ၆×၁၀ 300
သရက်ချောင်းတာ တာတမံ 16500 536
ဆင်ဖြူပြင်တာ 4500 233
လဘတာ 27625 521
တပင်ရွှေထီးတာ 11270 116
ဖက်သွပ်တာ 20840 397
ကနက်သီရိတာ 14500 530

ကိုးကား

ပြင်ပလင့်ခ်များ



Tags:

သရက်ချောင်းမြို့နယ် သဘာဝပေါက်ပင်သရက်ချောင်းမြို့နယ် တောရိုင်းတိရစ္ဆာန်သရက်ချောင်းမြို့နယ် လူမျိုးနှင့် လူဦးရေသရက်ချောင်းမြို့နယ် ပါတီသရက်ချောင်းမြို့နယ် တာတမံနှင့် ရေထိန်းတံခါးသရက်ချောင်းမြို့နယ် ကိုးကားသရက်ချောင်းမြို့နယ် ပြင်ပလင့်ခ်များသရက်ချောင်းမြို့နယ်တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်မြန်မာနိုင်ငံသရက်ချောင်းမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဗီယက်နမ်စစ်ပွဲမဟာဘူတကချင်ပြည်နယ်နတ်ပြည် ၆ ထပ်၁၀၂၇ စစ်ဆင်ရေးတွံတေးမြို့နန္ဒမာလာဘိဝံသမြန်မာနိုင်ငံရှိ ခရိုင်များတပ်မတော်အင်္ဂုလိမာလသုတ်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကန်စွန်းအောင်သူ (ဘောလုံးသမား)ဟင်္သာတထွန်းရင်အသည်းရောင် အသားဝါ ရောဂါ စီပိုးကယားပြည်နယ်ငါးမျိုးစိတ်များ စာရင်းဘာဂျာမှုတ်ခြင်းတစ်ကိုယ်ရည်အာသာဖြေခြင်းလား (တိရစ္ဆာန်)သမ္ဘူလမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဖျာပုံမြို့တပ်ရင်း (၇)ဓနုလူမျိုးဒိုးလုံးဘုရင့်နောင်ငရဲ (၃၁-ဘုံ)မဟာရဋ္ဌသာရ၊ သျှင်သရဲနီပေါနိုင်ငံကမ္ဘာဂြိုဟ်ယောက်ျား အင်္ဂါတံအယ်ဆာဗေဒိုနိုင်ငံမြွေပီမိုးနင်းနေကြတ်ခြင်း နှင့် လကြတ်ခြင်းတိုကျိုမြို့ဝေလငါးတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းဟိန္ဒူဘာသာကျိုင်းတုံခရိုင်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဇာမဏီမဟာသမယသုတ်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အောင်လံမြို့မဟာဂီရိနတ်ကာကွယ်ရေးဦးစီးချုပ်(ရေ)ကုန်းဘောင်မင်းဆက်ခွေးရူးပြန်ရောဂါဗီယက်နမ်နိုင်ငံနေအဖွဲ့အစည်းသစ္စာလေးပါးထွန်းမြတ်နိုင်ဗောဇ္ဈင်္ဂသုတ်မြန်မာနိုင်ငံ၏ ရွာများအင်းဝခေတ်မြဝတီမြို့နှလုံးသွေးကြောကျဉ်းရောဂါဒီမိုကရေစီပေါက် (သစ်ပင်)နက္ခတ် ၂၇ လုံးထန်းပင်တောင်ငူခေတ်ကြက်တိုက်ခြင်းနီလာရှမ်းဘာသာစကားပုညခင်ခြင်းလုံးနာဂစ်မုန်တိုင်းတောင်အာဖရိကနိုင်ငံ🡆 More