သမိုင်းမတင်မီခေတ်

သမိုင်းမတင်မီခေတ် ဆိုသည်မှာ သမိုင်းမှတ်တမ်းများ မရေးသား ရသေးခင် အချိန်ကာလကို ဆိုလိုသည်။ ကမ္ဘာမြေပေါ်တွင် လူသားတို့ နေထိုင်သွားလာ နေကြပြီး ဖြစ်သော်လည်း ထိုအချိန်ကာလများ အတွက် သမိုင်းမှတ်တမ်းများ မရရှိနိုင်သည့် အချိန်ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။ စာရေးသားခြင်း တီထွင်မှု မပြုရသေးခင် အချိန်ကာလဟုလည်း ဆိုနိုင်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရမည်ဆိုလျှင် လူသားများ မပေါ်ပေါက်မီ အချိန်ကာလ ကိုပါ ထည့်သွင်း ပြောဆိုရမည် ဖြစ်သည်။ ရှေးဟောင်း သုတေသနပညာရှင် ပေါလ်တိုးနယ် က ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဂူများ အတွင်း သူရှာဖွေတွေ့ရှိခဲ့သော အရာများကို ရေးသား ဖော်ပြရာတွင် ဤ အသုံးအနှုန်းကို စတင် သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ပြင်သစ်ဘာသာ တွင် ၁၈၃၀ ခုနှစ်များမှစ၍ စာရေးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခဲ့ကြသည်။ အင်္ဂလိပ်တို့ အတွက်မူ သမိုင်းမတင်မီ ကာလ ဆိုသည့် အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာရှင် ဒင်နီယယ် ဝီလ်ဆင်က စတင် သုံးနှုန်းခဲ့သည်။

သမိုင်းမတင်မီခေတ်
အင်္ဂလန်နိုင်ငံရှိ စတုန်းဟင်းချ် ကို ကျောက်ခေတ်သစ် လူသားများက လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ မှ ၄၀၀၀ အတွင်း တည်ဆောက်ခဲ့ကြသည်။

သမိုင်းမတင်မီခေတ် ဆိုသည်မှာ စကြဝဠာ အစပြုသော အချိန်က စ၍ ရည်ညွှန်းခြင်း ပြုနိုင်သော်လည်း အများအားဖြင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ထွန်းလာသည့် အချိန်မှစ၍ ရည်ညွှန်းလေ့ ရှိသည်။ ပို၍ တိတိကျကျ ဆိုရလျှင် လူနှင့် သဏ္ဌာန်တူသော သက်ရှိများ ပေါ်ပေါက်လာသည့် အချိန်က စ၍ ရည်ညွှန်းလေ့ရှိသည်။ လူတို့၏ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာတွင် သမိုင်းမတင်မီခေတ်နှင့် ဆိုင်သော သမိုင်းပညာရှင်များ အနေနှင့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ရှိသော်လည်း လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လေ့လာသော ပညာရှင်များ အနေနှင့်မူ ပိုမို တိကျစွာ ခွဲခြားနိုင်သော ဘူမိဆိုင်ရာ ကျောက်လွှာများပေါ် မူတည်၍ ပြောဆိုလေ့ ရှိကြသည်။

လူတို့၏ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနှင့် ခွဲခြားသော အခါတွင် လက်နက်ကိရိယာ များကို ပြုလုပ်သော နည်းပညာ ပေါ်မူတည်၍ ကျောက်ခေတ်ကြေးခေတ် နှင့် သံခေတ် ဟူ၍ ခွဲခြားခေါ်ဆိုတတ်ကြသည်။

ကိုးကား

Tags:

ဂူပြင်သစ်ဘာသာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျိန်းဘာသာခွေးဩစတြေးလျငပလီကမ်းခြေမံစီမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတိုကျိုမြို့လေဖြတ်ခြင်းဆင်ဖြူမရှင်ထိုင်းနိုင်ငံသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ဝ လူမျိုးတရုတ်ပြည်သူ့သမ္မတနိုင်ငံလိပ်ချင်းပြည်နယ်ဘီလူးစီးခြင်းထန်းပင်ဂုဏ်တော်ကွန်ချာမီရှဲလ် အိုဘားမားဗောဇ္ဈင်္ဂသုတ်တောင်ကြီးမြို့ကာတွန်း ရုပ်ပြောင်သွေးလွန်တုပ်ကွေးတပေါင်းလပြည့်နေ့တပ်မတော်အက်ဥပဒေများသင်းခွေချပ်မြန်မာပိတောက်မဟာသမယသုတ်ပညာရေးဂေါတမဗုဒ္ဓတစ်သောင်းကျပ်တန် ငွေစက္ကူချင်းလူမျိုးအမ်းမြို့မြင့်မြတ်အက်တမ်မေတ္တေယျဘုရားမြန်မာအက္ခရာဘရူနိုင်းနိုင်ငံ၃၈ ဖြာ မင်္ဂလာကသက်ရှိထွန်းမြတ်နိုင်မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြည်သူ့ခုခံတော်လှန်စစ်ဘရောက်ဆာ စစ်ပွဲများအမ်မီနမ်မြန်မာနိုင်ငံလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမုန့်ဟင်းခါးမွန်ဂိုအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသောကမင်းဒူဘိုင်းမြို့စပိန်နိုင်ငံစေတသိက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စောမောင် (ဗိုလ်ချုပ်မှူးကြီး)မလေးရှားနိုင်ငံတပ်မတော် (လေ)စစ်ပင်ညောင်ရမ်းမင်းတရားကြီးကြောင် (တိရစ္ဆာန်)မြန်မာနိုင်ငံ၏ ရွာများခေါင်းကိုက်ခြင်းပညာရေးဝန်ကြီးဌာနဓမ္မစကြာသုတ္တန်ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ပထဝီဝင်လက္ခဏာဗေဒရာသီခွင်ငါးရာငါးဆယ်ဇာတ်တော်များစာရင်းလုံချည်တောက်တဲ့အဋ္ဌာရသ ၁၈ ရပ်🡆 More