ဝါနာဗွန်ဘရောင်း (Wernher Magnus Maximilian, Freiherr von Braun) (March 23, 1912 – June 16, 1977) သည် ဂျာမန်-အမေရိကန် ဒုံးပျံသိပ္ပံပညာရှင်၊ လေကြောင်းအင်ဂျင်နီယာ၊ အာကာသဗိသုကာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီဂျာမနီနှင့် အမေရိကန်ပြည်ထောင်စု၏ ဒုံးပျံနည်းပညာတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သူ့အား ဒုံးပျံသိပ္ပံ၏ဖခင်အဖြစ် ကင်ပွန်းတပ်ကြသည်။ သူ အသက် ၂၀ ကာလများနှင့် အသက် ၃၀ အစောပိုင်းကာလများတွင် နာဇီဂျာမနီ၏ ဒုံးပျံစီမံကိန်းတွင် လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗွီ-၂ ဒုံးပျံ ထုတ်လုပ်ရေးတွင်လည်း ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဝါနာဗွန်ဘရောင်းသည် စက္ကူညှပ်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုသို့ အခြားဂျာမန်သိပ္ပံပညာရှင် ၁၆၀၀ နှင့်အတူ လျှို့ဝှက်စွာ ပြောင်းရွေ့ခဲ့ပြီးနောက် အမေရိကန်၏ တာလတ်ပစ်ဒုံးပျံ စီမံကိန်းတွင် လုပ်ကိုင်လာခဲ့သည်။ အမေရိကန်နိုင်ငံမှ ၁၉၅၈ ခုနှစ်တွင် ပထမဆုံး အာကာသဂြိုဟ်တု Explorer 1 အား ပစ်လွှတ်ရာတွင်အသုံးပြုသည့် ဒုံးပျံအား တီထွင်ခဲ့သည်။
ဝါနာဗွန်ဘရောင်း | |
---|---|
၁၉၆၀ ခုနှစ်ရှိ ဝါနာဗွန်ဘရောင်း | |
မွေးဖွား | Wernher Magnus Maximilian, Freiherr von Braun မတ် ၂၃၊ ၁၉၁၂ Wirsitz, Provinz Posen, German Empire (modern Wyrzysk, Piła County, Poland) |
ကွယ်လွန် | ဇွန် ၁၆၊ ၁၉၇၇ en:Alexandria, Virginia, United States | (အသက် ၆၅)
သေဆုံးရခြင်း အကြောင်းရင်း | ပန့်ကရိယပ် ကင်ဆာ |
မြှုပ်နှံရာနေရာ | en:Ivy Hill Cemetery (Alexandria, Virginia) |
နိုင်ငံလူမျိုး | ဂျာမန်၊ အမေရိကန် |
မိခင်ကျောင်း | ဘာလင်နည်းပညာတက္ကသိုလ် ETH Zurich |
အလုပ်အကိုင် | Rocket engineer and designer |
အိမ်ထောင်ဖက်(များ) | en:Maria Luise von Quistorp (လက်ထပ် 1947–77) |
သားသမီး | Iris Careen von Braun Margrit Cecile von Braun Peter Constantine von Braun |
မိဘ(များ) | Magnus von Braun (senior) (1877–1972) Emmy von Quistorp (1886–1959) |
စစ်မှုထမ်းဘဝ | |
သစ္စာခံနိုင်ငံ | နာဇီဂျာမနီ |
လက်နက်ကိုင်တပ် | SS |
အမှုထမ်း ကာလ | 1937–1945 |
ရာထူးအဆင့် | Sturmbannführer, SS |
တိုက်ပွဲ/စစ်ပွဲများ | ဒုတိယကမ္ဘာစစ် |
ဆုတံဆိပ်များ | Knights Cross of the War Merit Cross (1944) War Merit Cross, First Class with Swords (1943) |
အခြား အလုပ် | Rocket engineer, NASA, Built the Saturn V rocket of the Apollo manned moon missions |
၁၉၆၀ ခုနှစ်တွင် သူ၏အဖွဲ့သားများသည် နာဆာသို့ ပြောင်းလဲအလုပ်လုပ်စေပြီး လကမ္ဘာသို့စေလွှတ်မည့် အပိုလို အာကာသယာဉ်များ၏ စေတန် ၅ ဒုံးပျံအား ကွပ်ကဲရန် အကြီးအမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၇၅ ခုနှစ်တွင် အမျိုးသားသိပ္ပံဆုကို လက်ခံရရှိခဲ့သည်။ သူသည် လူသားများ အင်္ဂါဂြိုဟ်သို့စေလွှတ်ရေး စီမံကိန်းကိုလည်း ထောက်ခံအားပေးသူဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဝါနာဗွန်ဘရောင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.