လွိုင်လင်မြို့

လွိုင်လင်မြို့သည် ယခင် လဲချားနယ်၏ တောင်ပိုင်း ပင်လုံမြို့၏ တောင်ဘက်တွင် တည်ရှိ၍ ၊ လွိုင်လင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ် သည်။ လွိုင်လင်ခရိုင်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်(ခွဲ)၊ မိုင်းပွန်မြို့နယ်(ခွဲ)၊နမ့်စန်မြို့နယ်၊ခိုလန်မြို့နယ်(ခွဲ)၊ ကွန်ဟိန်းမြို့နယ် မိုင်းကိုင်မြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် လဲချားမြို့နယ်စသည်တို့ပါဝင်၍၊ ထိုခရိုင်သည် ရှမ်းပြည်တောင်ပိုင်းတိုင်းတွင် ပါဝင်၏။ လွိုင်လင်ခရိုင်၏ အကျယ်အဝန်းမှာ ၁၄၇၁၄ စတုရန်းမိုင် ဖြစ် သည်။ လူဦးရေမှာ ၁၂၇၈၃၁ (၂၀၁၉-၂၀၂၀) ဖြစ်၏။

လွိုင်လင်မြို့
ဝဵင်းလွႆလႅမ်
ဝေင်ꩻလွယ်လဲမ်
မြို့
လွိုင်လင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွိုင်လင်မြို့
လွိုင်လင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°55′30″N 97°33′50″E / 20.92500°N 97.56389°E / 20.92500; 97.56389
နိုင်ငံလွိုင်လင်မြို့ မြန်မာ
ပြည်နယ်လွိုင်လင်မြို့ ရှမ်း
ခရိုင်လွိုင်လင်ခရိုင်
မြို့နယ်လွိုင်လင်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၅၃၁ ပေ (၁၃၈၁ မီတာ)
လူဦးရေ (၂၀၁၉-၂၀၂၀) ၁၂၇၈၃၁)
 • လူမျိုးစုပအိုဝ်ႏရှမ်းဗမာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လွိုင်လင်မြို့သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ မြို့ပေါ်တွင် ခရိုင်ဝန်ရုံး၊ ခရိုင်ရဲဝန်ရုံး၊ ခရိုင်အင်ဂျင်နီယာရုံး၊ ဆေးရုံ၊ အထက်တန်း ကျောင်း စသည်တို့ရှိသည်။ လွိုင်လင်မြို့သည် ပေ ၅ဝဝဝ ကျော် မြင့်သော တောင်ကုန်းဒေသတွင် တည်ရှိ၍ ရာသီဥတုညီညွတ်မျှတသည်။ လွိုင်လင်မြို့ ၏လူဦးရေမှာ ၁၆၆၆ (၁၉၅၆) ဖြစ်၏။

တောင်ကြီးမြို့မှ ကျိုင်းတုံ၊ ယိုးဒယားနယ်စပ်ရှိ တာချီလိတ်သို့ ပေါက်သော ကားလမ်းသည် လွိုင်လင်မြို့ကိုဖြတ်သန်းသွားသည်။ လွိုင်လင် မှ လဲချား၊ မိုင်းကိုင်၊ သီပေါ တို့ကို ဖြတ်သန်း၍ လားရှိုးအရောက် ၁၈၅ မိုင် ရှည်လျားသောကားလမ်းတစ်လမ်းနှင့် လွိုင်လင်မှ လဲချား၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ မိုင်းရယ်တို့ကို ဖြတ်သန်း၍ လားရှိုးအရောက် ၂ဝ၂ မိုင် ရှည်လျားသော ကားလမ်းတစ်လမ်းတို့လည်းရှိသည်။ ထို့ပြင် တောင်ဘက် တွင် မိုးနဲနယ်၊ မိုင်းပန်နယ်တို့နှင့်လည်းကောင်း၊ မိုင်းပွန်နယ်၊ ဘန်းယဉ် နယ်၊ သထုံနယ်၊ ကယားပြည်နယ်တို့နှင့်လည်းကောင်း ကားလမ်းအဆက် အသွယ်များရှိလေသည်။ ထိုသို့ လမ်းပန်းအဆက်အသွယ်ကောင်းမွန်သည့်အ လျောက် အရှေ့ဘက်ယိုးဒယားနိုင်ငံမှလာသော ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဖလှယ်ရောင်းဝယ် တင်ပို့ရာဖြစ်၍စည်ကားလေသည်။

ကိုးကား


Tags:

လဲချားနယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပထမ အင်္ဂလိပ် - မြန်မာစစ်ဩစတြေးလျနိုင်ငံပုဂံBitlyကိုးသောင်းပုထိုးတော်ကြီးဟာသကိုကိုးမောင်ချောနွယ်စိုင်းထီးဆိုင်မုံရွာမြို့မေဆွိမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ငါးပါးသီလစိတ်ချရသော လိင်ဆက်ဆံမှုမယ်နုအုတ်ကျောင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းအမေရိကန်ပြည်ထောင်စုခြူးလေးဝမ်လောင်ချယ်ရွာ၊ မိုင်းခတ်မြို့နယ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မတ္တရာမြို့နယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနော်ရထာပန်ထွာဘုရင်မစွမ်းအင်စိတ်ဝိပတ္တိတရားလေးပါးမြင်းစီးခြင်းစိန်ဒိုက်ဦးမြို့ဝါရမိတ္တုရက်ငယ်လုပ်ထုံးလုပ်နည်းသဇင်ပန်းဆေးဆီးချိုရောဂါမန္တလေး နန်းတော်တောင်ငူခေတ်ညောင်ရေသွန်းပွဲဂြိုဟ်သဗ္ဗညုဘုရား(ပုဂံ)လိင်တူစုံမက်ခြင်းလား (တိရစ္ဆာန်)အလောင်းမင်းတရားတီဘီရောဂါဒုတိယ ကမ္ဘာစစ်တိုင်းစစ်ဌာနချုပ်မြန်မာကျပ်ငွေရခိုင်ဘာသာစကားနာမဝိသေသနနီပေါနိုင်ငံထူးအိမ်သင်ငရဲ (၃၁-ဘုံ)ဇာတ်ကြီးဆယ်ဘွဲ့ဂီတလီယိုနာဒိုဒါဗင်ချီတပင်ရွှေထီးလိပ်ပြာနှင့် ပိုးဖလံများလုပ်ဝိုင်ရွာ၊ လားရှိုးမြို့နယ်ငါးသလောက်ခင်ပွန်းကြီးဆယ်ပါးပညာရေးစိုးလွင်လွင်မြင်းအဋ္ဌာရသ ၁၈ ရပ်ကိန်းကုန်းဘောင်ခေတ်ကုလားအုတ်စကားထာရှိတ်စပီးယားအမျိုးသမီးခရေပင်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအယ်လ်နီညို🡆 More