ယောစကား

ယောစကားမှာ အများအားဖြင့် မြန်မာစကားနှင့် အတူတူပင်ဖြစ်ပြီး အသံထွက်နှင့် လေယူလေသိမ်း ကွဲပြားခြင်း ဖြစ်သည်။

လေ့လာလိုပါက ယောဒေသရှိ ယောစကားပြောသူများ၏ အသံထွက်နှင့် လေယူလေသိမ်းကို နားထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ အောက်ပါ ကွဲပြားချက်, ထူးခြားချက်များကို သိရှိထားပါက သင်ယူမှုအတွက် ပိုမို အထောက်အကူ ပြုနိုင်ပေလိမ့်မည်။

သိသာထင်ရှား၍ သတ်မှတ်ချက်ရှိသော အသံထွက်မှာ --က်၊--င်၊ --င်း၊ ဖြစ်သည်။

--က် အသံထွက်ကို ထွက်ဆိုရာ၌ mark ၌ ပါသော အသံထွက်မျိုး ထွက်ဆိုပါ။

ဥပမာ ကြက်သား ကို ကျာ့(က်) သား၊ ဝက်သား ကို ဝါ့(က်) သား၊ ငှက် ကို ငှါ့(က်) စသဖြင့် --က် ဖြင့် စာလုံးပေါင်းတော အသံထွက်တိုင်းကို ပြောင်းလဲ၍ ပြောဆိုကြသည်။

သမင် ကို ပြောဆိုရာ၌ မင် အသံကို ပြင်းပြင်းရွတ်ဆိုရပြီး among ၌ mong အသံထွက်နှင့် ဆင်တူအောင်ထွက်ရသည်။

အနီးစပ်ဆုံးရေးပြရသော် သမင်ကို သမာ(င်) ။ ဆင် ကို ဆာ(င်)။ ခြင် ကို ခြာ(င်) စသည်ဖြင့် --င် ဖြင့်ဆုံးသော စကားလုံးတိုင်းကို ပုံစံတူ ထွက်ကြောင်းသိထားရမည်။

ထမင်း ကိုပြောဆိုရာ၌လည်း နည်းတူပင် ထမား(င်း)၊ ဟင်း ကို ဟား(င်း)၊ ခြင်းတောင်း ကို ခြား(င်း)တောင်း, စသည်ဖြင့် တူညီမှုကို သိထားပါ။


--ွန်း အသံထွက်ကိုမူ အခြားသော ရိုးရိုး အန်း ကာရံ အတိုင်းပင်ထွက်ဆိုသည်။

ဥပမာ ဇွန်း၊ ဝန်း၊ စသည်ကို အခြားသော ကန်း၊ မန်း၊ စသည့် ကာရံအတိုင်း မပြောင်းလဲပဲ ထွက်ဆိုသည်။

ထူးခြားသော အခေါ်အဝေါ် အချို့လည်း ရှိသေးသည်။

ဥပမာ ကိုယ်တုံးလုံး ကို တောက်စလင်း၊ အတိုင်းထက် အလွန်ကို ကစောက်ကစက်၊ အရမ်းတော်တယ် စသည်ကို နင်းကန် တော်တယ်၊ နင်းတော်တယ်၊ ပိတ်တော်တယ်၊ ကစောက်ကစက်တော်တယ် စသည် ပြောင်းလဲ သုံးစွဲ၍ ရသည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အစ္စလာမ်ဘာသာအားကဆုန်လပြည့် ဗုဒ္ဓနေ့ရခိုင်လူမျိုးသရဏဂုံဗင်နီဇွဲလားနိုင်ငံသရက်သီးခရေပင်မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)အောင်ဆန်းစုကြည်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များသောမတ် အက်ဒီဆင်ဇာတာစစ်ပွဲကာလသားရောဂါကိုယ်ကျင့်တရားတရားရဲဝင်းဦးကျင်ဒွေးမြို့ဝါဆိုလပြည့်နေ့အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ဆေးဝါးလောင်းကစားခြင်းငှက်သိုက်တောင်ငူမြို့လား (တိရစ္ဆာန်)အိမ်စောင့်အစိုးရ (၁၉၅၈)သစ္စာလေးပါးမှော်ပညာမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဘိုးမင်းခေါင်စစ်တက္ကသိုလ် (ပြင်ဦးလွင်)ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဗမာ့ထွက်ရပ်ဂိုဏ်းပေါက်မြို့မြန်မာနိုင်ငံ၏ ရပ်ကွက်များနှလုံးသွေးကြောကျဉ်းရောဂါဂုဏ်တော်ကွန်ချာပိဋကတ် သုံးပုံသိပ္ပံပညာခွေးသစ္စာကိုကိုနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မဟော်သဓာလူ့အခွင့်အရေး သမိုင်းကြောင်းစိုက်ပျိုးရေးမြန်မာနိုင်ငံရှိ ခရိုင်များနိုင်ငံရေးမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များလောကနီတိမြန်မာစာရေးဆရာများ စာရင်းပညာမောရသုတ်ဆယ်ပါးသီလအရေပြားလေးဘက်နာရောဂါကျုံးရွှေဥဒေါင်းသစ်တောအင်တာနက်ရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းမှန်လုံအိမ်ဓာတ်ငွေ့ကင်ဆာရောဂါခင်ခင်ထူးဟင်နရီဗန်ထီးယူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရာသီဥတုပြောင်းလဲမှုပြည်သူ့ကာကွယ်ရေးတပ်မတော်အာဠာဝကဘီလူးလက်ဖက်သုပ်လူ၏ အရိုးဖွဲ့စည်းပုံရွှေကြာ (ရုပ်ရှင်)အရှေ့တောင်အာရှ🡆 More