မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဖြစ်ပြီး ဒုဥက္ကဋ္ဌမှာ နိုင်‌အောင်မင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူးမှာ နိုင်အောင်မင်းဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ န်ုင်ဇွဲယျဖြစ်သည်။ ဗဟိုအလုပ်မှုဆောင်များမှာ နိုင်သိုက်ထော နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်တို့ ဖြစ်ကြသည်။ မွန်ပြည်သစ်ပါတီ ၏လက်နက်ကိုင်အဖွဲ့အစည်းမှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ်ပြီး အကြီးအကဲ မှာဗိုလ်ချုပ်ကြီး လယီဂကောင်းဖြစ်သည်။ တော်လှန်ရေးသက်တမ်း အနှစ်(၆၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းရေးအတွက် မွန်ပြည်သူတို့ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများတွင် ပါဝင်
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
လှုပ်ရှားဇူလိုင် ၁၉၅၈ (၁၉၅၈-၀၇)–လက်ရှိ
ခံယူချက်မွန်အမျိုးသားရေး
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
ဌာနချုပ်ရေးချောင်းဖျား
လှုပ်ရှားသည့် ဧရိယာမွန်ပြည်နယ်ကရင်ပြည်နယ်၊ [တနင်္သာရီတိုင်းဒေသကြီး]]
အင်အား၂၀၀၀၀ (အရန် ၁၀၀၀၀)
တစ်စိတ်တစ်ပိုင်းမွန်ပြည်သစ်ပါတီ
ပြိုင်ဘက်မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများ
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ထိပ်တန်းအရာရှိတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။

တပ်ဖွဲ့အသွင်းပြောင်းရေးအပေါ် ပါတီ၏ ဖြစ်ပေါ်လာနိုင်သည့် ရပ်တည်ချက်အသစ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။ ဇွန် (၇) ရက် နံနက်ပိုင်းက ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မတ်လဆန်းပိုင်း၌ ပထမအကြိမ် တွေ့ဆုံခဲ့သည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

နအဖကိုယ်စားလှယ် အရှေ့တောင်ပိုင်း တိုင်းမှူးက မြန်မာနိုင်ငံတောင်ပိုင်းမှ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအား တွေ့ဆုံနေသကဲ့သို့ နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့ကလည်း တရုတ်-မြန်မာနယ်စပ်တလျှောက်မှ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သည်။၂၀၁၈ ခုနှစ် ဖေဖော်ဝရီ ၁၃ ရက်နေ့တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား

Tags:

မွန်ပြည်သစ်ပါတီ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကောသလမင်း အိပ်မက် (၁၆)ချက်မင်္ဂလာပါအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရေနံမုံရွာမြို့အောက်ဆီဂျင်အောင်ခြင်း ၈ ပါးဘိုးမင်းခေါင်အစ္စလာမ်ဘာသာပိတောက်ပန်း (ကဗျာ)နွေရာသီမြေပဲပထမ ကမ္ဘာစစ်ပဲခူးတိုင်းဒေသကြီးခန္ဓသုတ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖြူးမြို့မိဖုရားစောသံဖြူဇရပ်မြို့သံလွင်မြစ်ဘီယာကျောက်ကပ်အလောင်းစည်သူအင်ဒိုနီးရှားနိုင်ငံကြာသပတေးဂြိုဟ်မြန်မာ အမျိုးသား ဘောလုံးအသင်းမြေဆီလွှာညောင်ရမ်းခေတ်သင်္ဃန်းကျွန်းမြို့နယ်လွတ်လပ်ရေးကြေညာစာတမ်းမြန်မာနိုင်ငံ၏ ရွာများနဂါးဦးသန့်ဆိုင်းဝိုင်းပိဋကတ် သုံးပုံငွေတာရီအပြင် ၃၇ မင်းနေအဖွဲ့အစည်းဖေ့စ်ဘွတ်ခ်ဖိုးကျား၊ ဦးကိုရီးယားစစ်ပွဲမြန်မာသင်ပုန်းကြီးပထဝီဝင်ကလေးမြို့တရုတ် - မြန်မာ စစ်ပွဲများရန်ကုန်တိုင်းဒေသကြီးတပ်မတော် (လေ)ဆိုရှယ်လစ်ဝါဒမြန်မာ့သမိုင်းစကားကြီး ဆယ်မျိုးဝတ်မှုန်ရွှေရည်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)နိဗ္ဗာန်ကလေးသူငယ်များ၏ အခွင့်အရေးအိုမန်နိုင်ငံအင်္ဂလန်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာနလာအိုနိုင်ငံဗုဒ္ဓဘာသာခရေပင်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများအရက်ကားအဲလ်ဘတ် အိုင်းစတိုင်းအောင်လအန်ဆန်းသာသနာ သက္ကရာဇ်မွန်ပြည်နယ်လေယာဉ်ပျံနတ်ပြည် ၆ ထပ်အင်းတော်ကြီးသမိုင်းမြန်မာနိုင်ငံ၏ အမည်များဇော်ဂျီ (စာရေးဆရာ)ကိုယ်ဝန်ဖျက်ချခြင်းလ (ကမ္ဘာရံဂြိုဟ်)🡆 More