မိုတီးဖ်

မိုတီးဖ် သို့မဟုတ် မိုးတစ်ဖ် (အင်္ဂလိပ်: Motif, Motive) သည် သီချင်းတစ်ပုဒ်တွင် အများဆုံးပြန်လည်တွေ့မြင်ရသော သံစဉ်တိုကလေးဖြစ်သည်။တစ်နည်းဆိုရသော် သီချင်းတစ်ပုဒ်ရေးသားရာ၌ အများဆုံးအသုံးပြုရေးသားသည့် တေးသံတိုဖြစ်သည်။ သီချင်းတစ်ပုဒ်၏ အသေးငယ်ဆုံးအခြေခံဖွဲ့စည်းမှုဟုလည်းဆိုနိုင်သည်။

မိုတီးဖ်
ဘီသိုဗင်ဆင်ဖိုနီအမှတ် ၅ မှပထမဆုံးမုဗ်မန့်၏မိုတီးဖ်သည် နာမည်ကြီးမိုတီးဖ်ပင်ဖြစ်သည်။ဤအသံ အကြောင်းPlay 
မိုတီးဖ်
ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ အသုံးများသောမိုတီးဖ်တစ်ခုဤအသံ အကြောင်းPlay 

အမျိုးအစားများ

မိုးတီးဖ်ကို အမျိုးအစားခွဲခြားရန်မလိုသော်လည်း ခေတ်သစ်ပညာရှင်တို့ကမူ ခွဲခြားခဲ့ကြသည်။မယ်လိုဒီရှုထောင့်အပြင် အခြားရှုထောင့်အရလည်း ခွဲခြားနိုင်သည်ဟုဆိုကြသောကြောင့် ထို့သိုအမျိုးအစားခွဲရခြင်းဖြစ်သည်။

ဟာမိုနစ်မိုတီးဖ် (Harmonic motif) သည် ကော့ဒ်အစဉ် (Chord sequence) ပုံစံမျိုးဖြစ်သည်။ ယင်းမိုတီးဖ်သည် မယ်လိုဒီနှင့်သက်ဆိုင်မှုမရှိပေ။

မယ်လိုဒစ်မိုတီးဖ် (Melodic motif) သည် မယ်လိုဒီအပိုင်းစကလေးဖြစ်သည်။ မိုတီးဖ်ဟုဆိုလိုက်လျှင် ယေဘုယျအားဖြင့် ဤအမျိုးအစားကိုရည်ညွှန်းသည်။

စည်းချက်မိုတီးဖ် (Rhythmic motif) သည် မယ်လိုဒီနှင့် ဟာမိုနီတို့မပါဝင်ဘဲ စည်းချက်သက်သက်သာဖြစ်သည်။

ဦးဆောင်မှုမိုတီးဖ် (အင်္ဂလိပ်: Head-motif၊ ဂျာမန်: Kopfmotiv) သည်သီချင်းကြီးများ၏မုဗ်မန့်များကို ချိတ်ဆက်ပေးသည့် မိုတီးဖ်မျိုးဖြစ်သည်။

လိုက်တ်မိုတီးဖ် (Leitmotif) သည် လူတစ်ယောက် သို့မဟုတ် နေရာတစ်နေရာနှင့် ဂီတအရဆက်နွယ်‌မှုရှိသော မိုတီးဖ်မျိုးကိုဆိုလိုသည်။

သီချင်းရေးသားရာတွင် မိုတီးဖ်များကို အသံပြောင်း၍သော်လည်းကောင်း၊ မွမ်းမံ၍သော်လည်းကောင်း ရေးသားနိုင်သည်။ ထိုသို့ရေးသားခြင်းကို အင်္ဂလိပ်ဘာသာတွင် "Motif development" ဟုခေါ်သည်။

အခြားသောအဓိပ္ပာယ်သတ်မှတ်ချက်များ

အချို့သောဂီတပညာရှင်များသည် မိုတီးဗ်ကို မိမိတို့ကိုယ်တိုင် အဓိပ္ပာယ်သတ်မှတ်ကြသည်။

ဂီတသီအိုရီပညာရှင် ဟူဂို ရီးမန်း (Hugo Riemann) သည် "သီချင်းတစ်ပုဒ်၏ ကွန်ကရစ်ကဲ့သိုဖြစ်သည်"ဟု သတ်မှတ်ခဲ့သည်။

တေးရေးဆရာဖြစ်သူ အန်တွန် ဝီးဘန်း (Anton Webern) သည် "ဂီတဆိုင်ရာစိတ်ကူးမှု၏ အသေးငယ်ဆုံးသောအရာဖြစ်၍ ယင်းကိုထပ်ခါတစ်လဲလဲတီးခတ်မှုမှ တွေ့မြင်နိုင်သည်" ဟုသတ်မှတ်ပြန်သည်။

၂၀ ရာစု ဂီတဆရာဖြစ်သော အာနိုး ရွှန်းဘတ် (Arnold Schönberg) ကမူ "သီချင်းတစ်ပုဒ်လုံးတောက်လျှောက်တွင် အမြဲအသုံးပြုခြင်းခံရသည့်ယူနစ်ဖြစ်သည်" ဟု ဆိုခဲ့လေသည်။

ကျမ်းကိုး

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သာသနာ သက္ကရာဇ်မဏိစန္ဒာဖိလစ်ပိုင်နိုင်ငံစွယ်စုံကျမ်းလောက (ဗုဒ္ဓဘာသာ)ခြူးလေးရန်ကုန်ခေတ်သစ် မီဒီယာနမ့်စန်မြို့နတ်ရန်ကုန်တက္ကသိုလ်သာမဏေဘီလီယံစာရင်းအင်း ပညာပန်းဆယ်မျိုးမင်းထီးအင်းတော်ကြီးသမိုင်းကချင်လွတ်မြောက်ရေးတပ်မတော်ဂျူးဘာသာသတိပဋ္ဌာန်ဆိုရှယ်လစ်ဝါဒသံဃာဒိသိသ်အာပတ်ကံ့ကော်ပင်အငဲသက်ရှိ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာသဒ္ဒါအင်းဝခေတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာမြောင်းမြမြို့ဉာဏ်စဉ်ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းခန္ဓသုတ်ကိုးပါးသီလနွေရာသီပိတောက်ပန်း (ကဗျာ)ကလေးသူငယ်များ၏ အခွင့်အရေးကင်ပွန်းချဉ်ပင်ငွေဆောင်ကမ်းခြေမယ်ခွေတွံတေးမြို့ပန်ဂရမ်ငါးပါးသီလသည်အမျိုးသမီး (ရုပ်ရှင်)အောက်ဆီဂျင်ဆန်ဦးပိန်တံတားမြစ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုနွားကျောက်တော်မြို့နယ်မိုးကုတ်မြို့ပညာကြေးမုံ သတင်းစာလီယိုနာဒိုဒါဗင်ချီထန်းလျက်ပုညခင်သစ္စာလေးပါးအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးရေနံရဟန်းမိန်းမဝိနည်းများမြန်မာ-အင်္ဂလိပ် အဘိဓာန်တောင်ငူခေတ်အာဠာဝကဘီလူးနှစ်ဆန်းတစ်ရက်နေ့ရွှေစည်းခုံ စေတီတော် (ပုဂံ)ကိန်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသစ်ခွပဋိစ္စသမုပ္ပါဒ်မြန်မာနိုင်ငံ၏ အလံတော်တရုတ်သမိုင်းမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ🡆 More