မယူမြစ်

မယူမြစ်သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တွင်း စီးဆင်းသော မြစ်တသွယ် ဖြစ်၍ ကုလားတန်မြစ်၊ လေးမြို့မြစ်တို့၏နောက် တတိယစွဲသည်။ မြောက်ဘက်ရှိ တောင်များ၌ မြစ်ဖျားခံသည်။ ကုလား တန်မြစ်၏ အနောက်ဘက်ကျ၍ နတ်မြစ်၏ အရှေ့ဘက် ဖြစ်သည်။

မယူမြစ်
နိုင်ငံမြန်မာနိုင်ငံ
(ရခိုင်ပြည်နယ်)
အချက်အလက်များ
မြစ်ဖျားခံရာ20°50′56″N 92°32′58″E / 20.84889°N 92.54944°E / 20.84889; 92.54944
စီးဝင်ရာနေရာဘင်္ဂလား ပင်လယ်အော်
20°12′35″N 92°44′9″E / 20.20972°N 92.73583°E / 20.20972; 92.73583 92°44′9″E / 20.20972°N 92.73583°E / 20.20972; 92.73583

မယူမြစ်သည် အထက်ပိုင်းတွင် ကုလားပန်းဇင် ချောင်းဟု တွင်သည်။ အရှေ့ဘက်တွင် စိုင်တင်ချောင်းနှင့် ရီချောင်းတို့ပေါင်းဆုံလာသောချောင်းသည် ကုလားပန်းဇင် ချောင်းနှင့် ဘုံညိုလိပ်အနီးတွင် ပေါင်းဆုံသည်။ ထို့နောက်တွင် မြစ်သည် တဖြည်းဖြည်း ကျယ်လာပြီးလျှင် စစ်တွေမြို့ အထက်ဘက်တွင် ဘင်္ဂလားအော်တွင်းသို့စီးဝင်သည်။ မယူမြစ် သည် ၉၆ မိုင်မျှ ရှည်လျားသည်။ စစ်တွေမြို့မှ ၇၅ မိုင်ခန့် ကွာဝေးသော ဘူးသီးတောင်မြို့အထိ မယူမြစ်စဉ်တစ်လျှောက် လှေသဘော်ငယ်များ သွားလာနိုင်သည်။ မယူမြစ်ပေါ်တွင် တည်ရှိသော ထင်ရှား သည့် မြို့များမှာ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့များဖြစ်သည်။ ဘူးသီးတောင်မြို့သည် မယူမြစ်၏ အထက် ပိုင်းဖြစ်သော ကုလားပန်းဇင်ချောင်း၏ အနောက်ဘက် လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။

ရသေ့တောင် မြို့မှာမူကား အရှေ့ဘက်ဖြစ်သော လက်ဝဲဘက် ကမ်း အထက်ဘက် ၁ဝ မိုင်ကျော်လောက်တွင် တည်ရှိသည်။ မယူ မြစ်ဝှမ်းမှ ဆန်စပါးများ ထွက်သည်။ မယူမြစ်၏ အနောက်ဘက်ရှိ နတ်မြစ်နှင့် မယူမြစ်တို့ အကြားတွင် မယူမြစ်ဝအထိ မယူတောင်တန်းကြီး တည်ရှိ၏။ မယူတောင်တန်းအဆုံး၊ မယူမြစ်နှင့် ဘင်္ဂလားအော် အကြားရှိ မယူကျွန်းဆွယ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်တလင်း ဖြစ်ခဲ့လေသည်။

ကိုးကား

Tags:

ကုလားတန်မြစ်နတ်မြစ်လေးမြို့မြစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သရမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများအရှေ့တောင်တိုင်းစစ်ဌာနချုပ်စိုးလွင်လွင်ဗုဒ္ဓကျောက်မဲမြို့ခြူးလေးရာဟုလာပါရာဇိကခုနစ်စဉ်ကြယ်တွံတေးမြို့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနန်းလုံးကြိုင်တပ်မတော်နေ့မြန်မာနိုင်ငံ ရေနံလုပ်ငန်းခွေးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရခိုင်သမက်တက်ကောလင်း ပေါင်ဝဲလ်ပျော်ဘွယ်မြို့တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအောင်လအန်ဆန်းမြထွန်းဦးအမျိုးသမီးလမ်းမတော်ဖိုးတုတ်နတ် (ဝိညာဉ်)မြောက်ဦးမြို့လား (တိရစ္ဆာန်)ကင်ပွန်းချဉ်ပင်ပညာရခိုင်ပြည်နယ်ဖောင်တော်ဦးဘုရား (အင်းလေး)မြန်မာကိန်းဂဏန်းများဘိသိက်မင်္ဂလာကုလသမဂ္ဂ ကြေညာစာတမ်းအိန္ဒိယနိုင်ငံအသည်းရောင် အသားဝါ ရောဂါ ဘီပိုးအိချောပိုမဟာသမယသုတ်ဟိန္ဒူဘာသာစတုမဟာရာဇ်နတ်မင်းကြီးလေးပါးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတပင်ရွှေထီးဘီလီယံပရိမိတ္တဇာလသုတ်NO (ဂီတအဖွဲ့)ဧရာဝတီမြစ်မကာရ (ဗေဒင်)လယ်တီဆရာတော်မြေဆီလွှာကြေးမုံ သတင်းစာထန်းရည်နီပေါနိုင်ငံမြန်မာ့စွယ်စုံကျမ်းတောင်ငူမင်းဆက်ယူရိုမိကျောင်းဝင်းဦးသစ္စာလေးပါးအင်္ဂလိပ်-မြန်မာ စစ်ပွဲများတနင်္သာရီတိုင်းဒေသကြီးအေ (အက္ခရာ)လ (ကမ္ဘာရံဂြိုဟ်)ပုသိမ်မြို့ဗောဓိပက္ခိယတရား ၃၇ ပါးကျုံးတောင်တွင်းကြီးမြို့လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံနောင်ရိုးတိုက်ပွဲတရားဂုဏ်တော်မြန်မာကဗျာ ကာရန်ယူနည်းများပရိက္ခရာ ၈-ပါးပညာရေးဝန်ကြီးဌာနယူကရိန်းနိုင်ငံမိုးမခပင်🡆 More