မတ္တရာမြို့နယ်

မတ္တရာမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မတ္တရာမြို့ဖြစ်သည်။

မတ္တရာမြို့နယ်
မြို့နယ်
​တောင်ပြုန်းပွဲ
​တောင်ပြုန်းပွဲ
အောင်မြေသာစံခရိုင်အတွင်းတည်နေရာ
အောင်မြေသာစံခရိုင်အတွင်းတည်နေရာ
မတ္တရာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မတ္တရာမြို့နယ်
မတ္တရာမြို့နယ်
အောင်မြေသာစံခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°13′N 96°7′E / 22.217°N 96.117°E / 22.217; 96.117
နိုင်ငံမတ္တရာမြို့နယ် မြန်မာ
တိုင်းဒေသကြီးမတ္တရာမြို့နယ် မန္တလေး
ခရိုင်အောင်မြေသာစံခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့မတ္တရာမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၅၈,၀၀၁
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

မတ္တရာမြို့သည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၏ အရှေ့ဘက်၅မိုင်အကွာရှိ ယခင်မိန်းမောမြို့ဟောင်းမှ အမတ်၁၀၀ပြောင်းလာပြီးစုပေါင်းနေထိုင်ရာမှဖြစ်လာသောမြို့ဖြစ်သည်။ အမတ်တရာမြို့အမည်မှ မတ္တရာမြို့ဖြစ်လာခြင်းဖြစ်သည်။ ရှေးဟောင်း ဟလင်းကြီးမြို့ ပျူမင်း၊ပြုံးမင်း လက်ထက်တွင် မယ်တော်အား မိဖုရားအဖြစ်သိမ်းပိုက်ရာမှ တိုင်းပြည်ပျက်မည်ကို ကြိုသိသော အမတ်၁၀၀တို့ ပြောင်းလာပြီးမြို့တည်ရာမှ မတ္တရာမြို့ဖြစ်လာသည်။

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၈မိနစ်နှင့် ၂၂ဒီဂရီ ၂၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၉မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၅မိုင်၊ တောင်မှမြောက်သို့ ၂၅.၇၅မိုင်ရှိပြီး ၄၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

မတ္တရားမြို့နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ် နှင့် မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၀ပေအထက်တွင်တည်ရှိသည်။ မြို့နယ်၏အရှေ့ဘက်သည် ရှမ်းပြည်နယ်နှင့် ဆက်စပ်နေ၍ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်ကာ ကျန်အပိုင်းများမှာ မြေပြန့်ဒေသဖြစ်သည်။ မြို့နယ်အတွင်းတွင် ဧရာဝတီမြစ်၊မြောင်မြစ်တို့သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။ ချောင်းမကြီးသည် အရှေ့မှအနောက်သို့စီးဆင်းကာ ဧရာဝတီမြစ်အတွင်း စီးဝင်သည်။ ဆည်တော်ကြီးဆည်မှရေများသည် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းများအဖြစ်ဖြင့် မြို့နယ်အတွင်း ဖြတ်သန်းသွားသည်။

လူဦးရေ

မတ္တရာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ကချင်၊ရခိုင်နှင့် ကယားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၁၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ စသည့်လူမျိုးများဖြစ်သည်။

စီးပွားရေး

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်နှင့်ပဲမျိုးစုံဖြစ်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များသို့ တင်ပို့ရောင်းချသည်။ နိုင်ငံပိုင် စကျင်ကျောက်ပြားစက်ရုံ တည်ရှိသည်။မတ္တရာမှာ ကွမ်းနုဝါ ဟုအမည်ကျော်ကြားသော ကွမ်းခြံများ အုန်း ငှက်ပျော်ခြံကြီးများလဲ တည်ရှိသည်။

ဈေးများ

  • မတ္တရာမြို့မဈေး
  • ရေနံ့သာကျေးလက်ဈေး
  • တံငါမြောက်ကျေးလက်ဈေး

ပို့ဆောင်ဆက်သွယ်ရေး

မတ္တရာမြို့နယ်သည် မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းပေါ်တွင်တည်ရှိသဖြင့် ကားလမ်းဖြင့် အစဉ်ပြေပြေ သွားလာနိုင်သည်၊ ထို့အပြင် မန္တလေး - မတ္တရာ ရထားလမ်းဖြင့်လည်း သွားလာနိုင်သည်။ (သို့သော် ယခုအခါ ရထားပြေးဆွဲခြင်းမပြုတော့ပါ)။

ပညာရေး

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၃ကျောင်းရှိသည်။

  • အထက မတ္တရာ
  • အထက သုံးဆယ်ပေး
  • အထက စလွန်ဖြူ
  • အထက ရေနံ့သာ
  • အထက ကျောက်တံတား
  • အထက ဆည်တော်
  • အထက စကျင်
  • အထက မြွေပုံကန်
  • အထက လွန်တောင်း
  • အထက မြို့သစ်
  • အထက မိုးကြိုး
  • အထက စကားပင်
  • အထက တောင်ပြုံး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ဥဒိန်
  • အလက (ထ(ခွဲ)) ငယ်တိုး
  • အလက (ထ(ခွဲ)) တံငါမြောက်
  • အလက (ထ(ခွဲ)) ကင်းရွာ
  • အလက (ထ(ခွဲ)) ညောင်တုန်း (တ)
  • အလက (ထ(ခွဲ))တံငါတောင်
  • အလက (ထ(ခွဲ))ပိုဝ (မ)
  • အလက ဝသုန္ဒရ
  • အလက ဥက္ကံ
  • အလက ထီးတော်မိုး
  • အလက ပတ်လည်အင်း
  • အလက အင်းတံခါး
  • အလက မြို့ဒင်
  • အလက မြစ်ကမ်း
  • အလက အ/တောင်ကိုင်း
  • အလက ရွှေဘိုးကြီး
  • အလက ဥမှင်
  • အလက မြောင်းသစ်
  • အလက ထ/တောင်ကိုင်း
  • အလက (ထ(ခွဲ)) နတ်ကြီးစဉ်
  • အလက မွေတလိုင်း
  • အလက လှိုင်ကျွန်း
  • အလက အိုင့်ဒိုင်
  • အလက သန်းကုန်း
  • အလက နတ်တော်ကျွန်း
  • အလက ပေါက်ဝဲ
  • အလက ကျောက်ဆည်လေး

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • အနာကြီးရောဂါဆေးရုံ
  • မြို့နယ်ဆေးရုံ
  • မြွေတလိုင်း တိုက်နယ်ဆေးရုံ
  • သဖန်းဒေါင့် တိုက်နယ်ဆေးရုံ
  • ဥမှင် တိုက်နယ်ဆေးရုံ
  • တောင်ယာကြီး တိုက်နယ်ဆေးရုံ
  • ဆည်တော် တိုက်နယ်ဆေးရုံ

=စင်တောင်

အခြား

စကျင်ကျေးရွာ မတ္တရာမှ မြောက်ဘက် ၁၅မိုင် အကွာတွင်ရှိသည် ကမ္ဘာကျော် စကျင်ကျောက်များထွက်ရှိရာဒေသဖြစ်သည်။ စကျင်ကျောက်ကို ပုံစံအမျိုးမျိုးထုစစ်၍ အသက်မွေးသည်။ အနော်ရထာလက်ထက်တွင် နဂါးမောက်မြို့ဟုတွင်သည်။ တောင်ပြုန်းကျေးရွာ

    အနော်ရထာမင်းလက်ထက်တွင် ထင်ရှာသည့် ရွှေဖျင်းကြီး ရွှေဖျင်းလေး ဟုဆိုသော ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်နန်း နှင့် အုပ်နှစ်ချပ်လှပ် ဘုရားမှာလဲ မြန်မာ သာမက နိုင်ငံခြားခရီးသွားများ ဘုရားပွဲတော် ချိန်တွင် ကြက်ပျံမကျလောက်အောင် စည်ကားလှပါသည်။ 

ကိုးကား

ပြင်ပလင့်ခ်များ


Tags:

မတ္တရာမြို့နယ် သမိုင်းကြောင်းမတ္တရာမြို့နယ် ပထဝီဝင်အနေအထားမတ္တရာမြို့နယ် လူဦးရေမတ္တရာမြို့နယ် စီးပွားရေးမတ္တရာမြို့နယ် ပို့ဆောင်ဆက်သွယ်ရေးမတ္တရာမြို့နယ် ပညာရေးမတ္တရာမြို့နယ် ကျန်းမာရေးမတ္တရာမြို့နယ် ကိုးကားမတ္တရာမြို့နယ် ပြင်ပလင့်ခ်များမတ္တရာမြို့နယ်မတ္တရာမြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံအောင်မြေသာစံခရိုင်

🔥 Trending searches on Wiki မြန်မာဘာသာ:

အနော်ရထာမြန်မာနိုင်ငံ၏ စီးပွားရေးဇာတိပ္ဖိုလ်ရှမ်းဘာသာစကားအာဇာနည်နေ့ဧရာဝတီတိုင်းဒေသကြီးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကြွက်တက်ခြင်းမြန်မာသရုပ်ဆောင်များစာရင်းအပြင် ၃၇ မင်းလိမ်လည်မှုရက္ခိုင့်တပ်တော်တရားဂုဏ်တော်မြစ်ကြီးနားမြို့နယ်ဆင်ပထမ အင်္ဂလိပ် - မြန်မာစစ်အဖြူဆင်းခြင်းကေ (အက္ခရာ)ကချင်လွတ်မြောက်ရေးတပ်မတော်မြန်မာ-အင်္ဂလိပ် အဘိဓာန်ပြည်ထောင်စုနေ့မိုင်တဲလ် မြန်မာရခိုင်ပြည်နယ်တိုက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတတိယ အင်္ဂလိပ် - မြန်မာစစ်အာနန္ဒာဘုရားကားလိုး ကော်လိုဒီပြေတီဦးအမေရိကန်ပြည်ထောင်စုစောမောင် (ဗိုလ်ချုပ်မှူးကြီး)စစ်တက္ကသိုလ် (ပြင်ဦးလွင်)ဂြိုဟ်သတိပဋ္ဌာန်ပုဂံခေတ်နို့ကာလသားရောဂါရှမ်းပြည်တပ်မတော်-တောင်ပိုင်းဧရာဝတီမြစ်ဒူးရင်းသီးမြန်မာစာစတင်ဖြစ်ပေါ်လာပုံငါးမျိုးစိတ်များ စာရင်းတပ်မတော်ဒုံးတပ်ဖွဲ့ဂျပန်နိုင်ငံမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ငလျင်လှုပ်ခြင်း.mmမိုင်းခရပ်ဖ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များအနေကဇာတင်ခြင်းMinecraftလင်ခန်းမယားခန်း ပြတ်စဲခြင်းတပ်မဟာ၉၉၉အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကျိုက်ထီးရိုးဘုရားမြန်မာပြဇာတ်ရွှေပြည်သာမြို့နယ်အင်းရိုင်ဖယ်ကြို့ထိုးခြင်းသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနတ်ဇီးကွက်ရခိုင်ပြည်တပ်မတော်ရေသည်ပြဇာတ်သစ္စာအင်္ဂလန်နိုင်ငံဘားအံမြို့ဗုဒ္ဓပိုပေါ့ကင်းလိပ်ချောခရမ်းလွန်ရောင်ခြည်ပရိတ်ကြီး ၁၁ သုတ်မြန်မာနာမည်ကျင့်ဝတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်🡆 More