ဘောလခဲခရိုင်

ဘောလခဲခရိုင် (​ဘော်လခဲခရိုင်ဟုလည်း​ခေါ်ဆို) (အင်္ဂလိပ်: Bawlakhe District) သည် ကယားပြည်နယ်ရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဘောလခဲမြို့ဖြစ်သည်။

ဘောလခဲခရိုင်
ခရိုင်
ကယားပြည်နယ်အတွင်းတည်နေရာ
ကယားပြည်နယ်အတွင်းတည်နေရာ
ဘောလခဲခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘောလခဲခရိုင်
ဘောလခဲခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 18°55′N 97°26′E / 18.917°N 97.433°E / 18.917; 97.433 97°26′E / 18.917°N 97.433°E / 18.917; 97.433
နိုင်ငံဘောလခဲခရိုင် မြန်မာ
ပြည်နယ်ဘောလခဲခရိုင် ကယား
မြို့နယ်ပေါင်း
မြို့တော်ဘောလခဲမြို့
ဧရိယာ
 • စုစုပေါင်း၁၉၉၄.၇၇ စတုရန်းမိုင် (၅၁၆၆.၄ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၄၂,၈၅၉
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ဘောလခဲခရိုင် 
ဘောလခဲခရိုင်မြို့နယ်များ
  ဘောလခဲမြို့နယ်
  ဖားဆောင်းမြို့နယ်

ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် မယ်စဲ့မြို့နယ်ကို မယ်စဲ့ခရိုင်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

ပထဝီဝင်အ​နေအထား

တည်နေရာနှင့် အကျယ်အဝန်း

ဘောလခဲခရိုင်သည် ကယားပြည်နယ် တောင်ပိုင်းတွင် တည်ရှိပြီး၊ အကျယ်အဝန်းမှာ ၁,၉၉၄.၇၇ စတုရန်းမိုင် (၅,၁၆၆.၄ စတုရန်း ကီလိုမီတာ) ဖြစ်ပြီး မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၉ မိနစ် နှင့် ၁၉ ဒီဂရီ ၂၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၆ မိနစ်နှင့် ၉၇ ဒီဂရီ ၅၀ မိနစ်အတွင်း တည်ရှိသည်။

နယ်နိမိတ်

ဘောလခဲခရိုင်သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လွိုင်ကော်ခရိုင်နှင့် ကရင်ပြည်နယ်ရှိ ဘားအံခရိုင်၊ တောင်ဘက်တွင် ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင် နှင့် ထိုင်းနိုင်ငံ မယ်​ဟောင်​ဆောင်ပြည်နယ်၊ မြောက်ဘက်တွင် လွိုင်ကော်ခရိုင် တို့နှင့် နယ်နမိတ်ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင်

ဘောလခဲခရိုင်သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး မြေပြန့် လွင်ပြင်နည်းပါးသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၄၅၂ ပေမှ ၁၄၅၀ ပေ အထိရှိသည်။ အမြင့်ဆုံးတောင်မှာ ဖားဆောင်းမြို့နယ်ရှိ နတ်တောင် ဖြစ်ပြီး အမြင့်ပေ ၈၆၀၇ ပေ ဖြစ်သည်။

ရေဆင်း

ဘောလခဲခရိုင်အတွင်း စီးဆင်းသော မြစ်ချောင်းများမှာ ရှားတောမြို့နယ်မှ မြစ်ဖျားခံ၍ ဘော်လခဲမြို့နယ်သို့ ဖြတ်သန်းစီးဆင်းသော ပွန်ချောင်း၊ ရွာသစ်မြို့အနီးတွင် မယ်ပိုင်ချောင်းနှင့် သံလွင်မြစ်၊ ဖားဆောင်းမြို့နယ်တွင် ထူးချောင်းနှင့် သံလွင်မြစ်၊ မယ်စဲ့မြို့နယ်တွင် မယ်စဲ့ချောင်းတို့ ဖြစ်သည်။

ရာသီဥတု

ဘောလခဲခရိုင်သည် အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ရွာသွန်းမြဲမိုးရေချိန်မှာ ၂၄.၀၈ လက်မ ဖြစ်သည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းအရ ဘောလခဲခရိုင်တွင် လူဦးရေ ၄၂,၉၀၉ ဦးသာရှိသည်။ ပြည်နယ်အတွင်းရှိ အခြားသောခရိုင်ဖြစ်သော လွိုင်ကော်ခရိုင်တွင် လူဦးရေ ၂၄၃,၇၁၈ ဦးရှိရာ လူဦးရေကွာခြားချက် များပြားလှသည်။ ပြည်နယ်လူဦးရေ၏ ၁၄ရာခိုင်နှုန်းသာ ဘောလခဲခရိုင်တွင် နေထိုင်ကြသည်။ အမျိုးသား ၂၃,၃၈၀ဦး၊ အမျိုးသမီး ၁၉,၅၂၉ဦး နေထိုင်ကြသည်။ ခရိုင်လူဦးရေ၏ ၂၂.၅ရာခိုင်နှုန်းသည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဖားဆောင်းမြို့နယ်သည် လူနေအထူထပ်ဆုံးဖြစ်သည်။

စီးပွားရေး

ဘောလခဲခရိုင်သည် စီးပွားရေးအရ တိုးတက်မှုနှေးကွေးသောခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မော်ချီးအရပ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

ဘောလခဲခရိုင်သည် လမ်းပန်းဆက်သွယ်ရေးအရ ကောင်းမွန်သည်။ လွိုင်ကော်မြို့မှ ခရိုင်အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သည့် ဘောလခဲဖားဆောင်းနှင့် မယ်စဲ့မြို့များသို့ ကားလမ်းဖြင့် ကောင်းမွန်စွာသွားလာနိုက်သည်။ မယ်စဲ့မြို့မှတဆင့် ထိုင်းနိုင်ငံ နယ်စပ် BP-13 အထိ သွားလာနိုင်သည်။ရွာသစ်မြို့သို့ ဘောလခဲမြို့မှလည်းကောင်း၊ မော်ချီးမြို့သို့ ဖားဆောင်းမြို့မှလည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။ သံလွင်မြစ်သည် ရေစီးသန်သဖြင့် နေရာတိုင်းသို့ မသွားလာနိုင်ပေ။ ကယားပြည်နယ်၏ တစ်ခုတည်းသော ပေ (၁၀၀၀)အထက် တံတားကြီးဖြစ်သော သံလွင်တံတား (ဖားဆောင်း)သည် ဖားဆောင်းမြို့နယ်တွင် တည်ရှိသည်။

ပညာရေး

၂၀၁၄ သန်းခေါင်စာရင်းအရ ဘောလခဲခရိုင်၏ အသက်(၁၅)နှစ်နှင့် အထက်တွင် စာတတ်မြောက်မှုမှာ ၈၈.၆ရာခိုင်နှုန်းဖြစ်သည်။

ကိုးကား


Tags:

ဘောလခဲခရိုင် ပါဝင်သောမြို့နယ်များဘောလခဲခရိုင် ပထဝီဝင်အ​နေအထားဘောလခဲခရိုင် လူဦးရေဘောလခဲခရိုင် စီးပွားရေးဘောလခဲခရိုင် ပို့ဆောင်ဆက်သွယ်ရေးဘောလခဲခရိုင် ပညာရေးဘောလခဲခရိုင် ကိုးကားဘောလခဲခရိုင်ကယားပြည်နယ်ဘောလခဲမြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ ရပ်ကွက်များတောက်တဲ့ကြာနီကန်ဆရာတော်ပုဂံခေတ်ပြင်ဦးလွင်မြို့ဗောဇ္ဈင်ခုနစ်ပါးပဲခူးတိုင်းဒေသကြီးအလောင်းမင်းတရားဆိုကရေးတီးလိင်ဖြင့်မျိုးပွားခြင်းနေပြည်တော်မြို့လောက်ကိုင်မြို့နွေရာသီဇာတ်ကြီးဆယ်ဘွဲ့ကျေးရွာအုပ်စုမေတ္တာမင်းတုန်းမင်းပထဝီဝင်အောင်လရှမ်းဘာသာစကားဂုဏ်ဆယ်ပါးသက်ရှိနေပြည်တော်တိုင်းစစ်ဌာနချုပ်နာဇီဂျာမနီချောင်းသာကမ်းခြေမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပုပ္ပါးတောင်မြန်မာနိုင်ငံ၏ စီးပွားရေးသမ္မာကျမ်းစာငါးပါးသီလလောကနီတိရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်မဏိစန္ဒာမြန်မာနာမည်သခွတ်ပင်သတိပဋ္ဌာန်ထားဝယ်မြို့မောင်သာချိုကမ္ဘာ့အလုပ်သမားနေ့မုန့်ဟင်းခါးမဟတ္တမ ဂန္ဒီမင်းပြားမြို့လိင်စိတ်ဆွခြင်းဘဏ်ဖွေးဖွေးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီးချိုရောဂါလက္ခဏာများနရသီဟပတေ့မြန်မာနိုင်ငံ၏ အလံများ စာရင်း၂၄ ပစ္စည်းသနပ်ခါးခန္ဓာငါးပါးကျန်းမာရေးစကောကရင်ဘာသာစကားပြည်ထောင်စုနေ့စွမ်းအင် ဝန်ကြီးဌာနလား (တိရစ္ဆာန်)နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အာဖဂန်နစ္စတန်နိုင်ငံသမုဒ္ဒရာတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တောင်တွင်းကြီးမြို့အဲလ်ဘတ် အိုင်းစတိုင်းဆင်မြဝတီမြို့နယ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မြဝတီမြို့တျာချင်းဗုဒ္ဓရာသီဥတုပြောင်းလဲမှုမင်္ဂလာတရား ၃၈-ပါး🡆 More