ဘားအံခရိုင်

ဘားအံခရိုင် (အင်္ဂလိပ်: Hpa-An District) သည် ကရင်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဘားအံမြို့ဖြစ်သည်။

ဘားအံခရိုင်
ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကရင်ပြည်နယ်အတွင်းတည်နေရာ
ဘားအံခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘားအံခရိုင်
ဘားအံခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°52′N 97°38′E / 16.867°N 97.633°E / 16.867; 97.633 97°38′E / 16.867°N 97.633°E / 16.867; 97.633
နိုင်ငံဘားအံခရိုင် မြန်မာ
ပြည်နယ်ဘားအံခရိုင် ကရင်
မြို့နယ်ပေါင်း
မြို့တော်ဘားအံမြို့
လူဦးရေ ၇၈၃,၅၁၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ဘားအံခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့်မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ယခင်က ဘားအံခရိုင်တွင် ပါဝင်သော ဖာပွန်မြို့နယ်ကို ဖာပွန်ခရိုင် အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ တွင် အသစ် ဖွဲ့စည်းခဲ့သည်။ သံ​တောင်ကြီးမြို့နယ်ကိုလည်း ၂၀၂၂ခုနှစ် ဧပြီလတွင် သံတောင်ကြီးခရိုင် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

သမိုင်းကြောင်း

ဘားအံခရိုင် (ဖားအံဟုလည်း သုံးစွဲခဲ့ကြ) သည် ၁၉၁၇ခုနှစ်မှစ၍ ယခင်က တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) သထုံခရိုင်တွင်ပါဝင်ခဲ့သော နယ်ဖြစ်ကာ ခရိုင်ခွဲအဆင့်ရှိ နယ်​မြေဖြစ်သည်။ သထုံခရိုင်ရှိ ဘားအံနယ်တွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်များ ပါဝင်ခဲ့သည်။ ကော်သူလေးဒေသအား ကရင်ပြည်နယ်အဖြစ် ပြောင်း၍ဖွဲ့စည်းပြီးနောက် ၁၉၅၄ခုနှစ် ဇွန်လ ၁ရက်နေ့မှစ၍ ဘားအံနယ်သည် ဘားအံခရိုင်ဖြစ်လာခဲ့ကာ ကရင်ပြည်နယ်အသစ်၏ တစ်ခုတည်းသော ခရိုင်ဖြစ်သည်။ ကရင်ပြည်နယ်သည် ဘားအံခရိုင်ဖြစ်ကာ ဘားအံခရိုင်သည်လည်း ကရင်ပြည်နယ်ဖြစ်သည်။

သံတောင်မြို့နယ်သည် ရှေးယခင်က တောင်ငူခရိုင်တွင် ပါဝင်ဖွဲ့စည်းသည်။ နောင်တွင်မှ ဘားအံခရိုင်၊ သံတောင်ခရိုင်ခွဲအဖြစ် ပြောင်း၍ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ဘားအံခရိုင်တွင် ဘားအံနယ်၊ သံတောင်နယ်နှင့် ကော့ကရိတ်နယ်တို့ ပါဝင်ခဲ့သည်။ ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်များသည်လည်း တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) ကျိုက္ခမီခရိုင် (ယခုမော်လမြိုင်ခရိုင်)တွင် ပါဝင်ခဲ့ပြီး ၁၉၅၄ခုနှစ်မှစ၍ ဘားအံခရိုင်တွင် ကော့ကရိတ်နယ်အဖြစ် ပါဝင်ခဲ့သည်။

၁၉၄၉ခုနှစ် မေလ ၆ရက်နေ့မှ ၁၉၅၅ခုနှစ် မတ်လ ၂၆ရက်နေ့အထိ ဖာပွန်မြို့အား KNDOများ အုပ်စိုးခဲ့သည်။၁၉၅၅ခုနှစ် စက်တင်ဘာ ၁ရက်မှသာ ပြည်ထောင်စုအစိုးရ၏ ပုံမှန်အုပ်ချုပ်ရေးအသွင်ဖြင့် စတင်အုပ်ချုပ်ခဲ့ပြီး ဘားအံခရိုင်၊ ဘားအံနယ်တွင် ပါဝင်ခဲ့ကာ ၁၉၆၅ခုနှစ် စက်တင်ဘာလတွင်မှ မြို့ဖြစ်လာခဲ့သည်။၁၉၇၃ခုနှစ်တွင် မြို့နယ်အဆင့် ဖြစ်လာခဲ့သည်။

၁၉၉၅ခုနှစ်တွင် မြဝတီမြို့နယ်အား မြဝတီခရိုင်အဖြစ်လည်းကောင်း၊ ကော့ကရိတ်နယ်အား ကော့ကရိတ်ခရိုင်အဖြစ်လည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ဖာပွန်မြို့နယ်အား ဖာပွန်ခရိုင်အဖြစ်လည်းကောင်း ခွဲထုတ်၍ တိုးချဲ့ဖွဲ့စည်းခဲ့ကြရာ ဘားအံခရိုင်တွင် မြို့နယ်(၃)ခုသာ ကျန်ရှိတော့သည်။

ပထဝီဝင်အနေအထား

နယ်နိမိတ်

မြောက်ဘက်တွင် ပြည်ထောင်စုနယ်မြေမှ ဒက္ခိဏခရိုင်၊ အရှေ့ဘက်တွင် ကယားပြည်နယ်မှ လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်၊ ထိုင်းနိုင်ငံမှ တက်ခ်ပြည်နယ်၊ တောင်ဘက်တွင် မြဝတီခရိုင်ကော့ကရိတ်ခရိုင်နှင့် မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် မွန်ပြည်နယ်မှ သထုံခရိုင်နှင့် ပဲခူးတိုင်းမှ တောင်ငူခရိုင်တို့တည်ရှိသည်။ သံတောင်ကြီးမြို့နယ်နှင့် ကျန်(၂)မြို့နယ်တို့အကြားတွင် ဖာပွန်ခရိုင်(ဖာပွန်မြို့နယ်) တည်ရှိနေသည်။

မြေမျက်နှာသွင်ပြင်

ခရိုင်အတွင်း မြေပြန့်လွင်ပြင်နည်းကာ ချိုင့်ဝှမ်း၊ လျှိုမြောင်များ တည်ရှိနေသည်။ ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်နှင့် ခရိုင်မြောက်ဘက်ရှိ နော်ဘူတောင်မှာ လူသိများသည်။

ရေဆင်း

သံလွင်မြစ်သည် မြန်မာ-ထိုင်းနယ်နိမိတ်အဖြစ် ကယား-ကရင်ပြည်နယ် အစပ်မှ စတင်စီးဆင်းလာပြီး ဘားအံခရိုင်အရောက်တွင် သောင်းရင်းမြစ်နှင့်ဆုံကာ ဘားအံခရိုင်အတွင်း ဆက်လက်စီးဆင်းသည်။ ထို့နောက် မွန်ပြည်နယ်မှနေ၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ သံလွင်မြစ်နှင့်ဆုံရာအရပ်မှစ၍ သောင်းရင်းမြစ်မှာ မြန်မာ-ထိုင်း နယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းနေသည်။လှိုင်းဘွဲ့မြစ်ဂျိုင်းမြစ်တို့သည်လည်း ထင်ရှားသည်။ ထို့အပြင် သောက်ရေခပ်ချောင်း၊ ဒုံသမိချောင်း၊ မိဇိုင်းချောင်း၊ ပသိချောင်း၊ မြစ်ငန်ချောင်း၊ ကျီးချောင်း၊ ကမ်းနီချောင်းများလည်းရှိသည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းအရ ဘားအံခရိုင်၏ဦးရေမှာ ၇၈၃,၅၁၀ ဦးဖြစ်သည်။ အမျိုးသား ၃၈၂,၃၈၇ဦး၊ အမျိုးသမီး ၄၀၁,၁၈၃ဦးဖြစ်သည်။ မြို့ပြတွင် ၁၁၂၄၀၅ဦးနေထိုင်ကြကာ မြို့ပြနေထိုင်သူရာခိုင်နှုန်းမှာ ၁၄.၃ရာခိုင်နှုန်းဖြစ်သည်။ ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ ဘားအံမြို့နယ်တွင် လူဦးရေ အများဆုံးနေထိုင်ကြသည်။ကရင်လူမျိုးများ အများဆုံးနေထိုင်ကြကာ ဗမာမွန်ပအိုဝ့်လူမျိုးများ အစဉ်လိုက် များပြားစွာ နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး

ဘားအံခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေး အသင့်အတင့် ကောင်းမွန်သောခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်များမှာ စပါး၊ မြေပဲ၊ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာ၊ ဒူးရင်း စသည်တို့ဖြစ်ကာ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းသို့ အဓိကတင်ပို့သည်။ ဘားအံမြို့နယ်ရှိ အပန်းဖြေဥယျာဉ်ကြီးများနှင့် သံတောင်ကြီးမြို့နယ်ရှိ နော်ဘူဘောတောင်တို့ကြာင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိကြသည်။

ပို့ဆောင်ဆက်သွယ်ရေး

ဘားအံခရိုင်သည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်များသို့ ကုန်းလမ်းကြောင်းများဖြင့် ဆက်သွယ်ထားသည်။ ဘားအံမြို့တွင် လေယာဉ်ကွင်းရှိသည်။

ပညာရေး

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၇၃.၃ရာခိုင်နှုန်းဖြစ်သည်။ ဘားအံမြို့နယ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ တည်ရှိသည်။

ကျန်းမာရေး

ဘားအံမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ မြိုင်ကလေးဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊ လှိုင်းဘွဲ့မြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊သံတောင်ကြီးမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၂)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့ တည်ရှိသည်။

ကိုးကား


Tags:

ဘားအံခရိုင် ပါဝင်သောမြို့နယ်များဘားအံခရိုင် သမိုင်းကြောင်းဘားအံခရိုင် ပထဝီဝင်အနေအထားဘားအံခရိုင် လူဦးရေဘားအံခရိုင် စီးပွားရေးဘားအံခရိုင် ပို့ဆောင်ဆက်သွယ်ရေးဘားအံခရိုင် ပညာရေးဘားအံခရိုင် ကျန်းမာရေးဘားအံခရိုင် ကိုးကားဘားအံခရိုင်ကရင်ပြည်နယ်ဘားအံမြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

စိတ်ပညာပရိမိတ္တဇာလသုတ်ပုဗ္ဗဏှသုတ်အစားအစာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနေဝင်း (ဗိုလ်ချုပ်ကြီး)မြန်မာနိုင်ငံရှိ မြို့နယ်များမုန့်ဟင်းခါးသံလွင်မြစ်မဏိစန္ဒာဒူးရင်းသီးနန်းမတော်မယ်နုမူဆယ်မြို့စိန်ပန်းပင်မြန်မာ့စွယ်စုံကျမ်းဂျပန်ဘာသာစကားမြန်မာနိုင်ငံ၏ ဘာသာစကားများတျာချင်းမြန်မာနိုင်ငံရေးသမိုင်းဓမ္မရံကြီးဘုရားဒဿနိကဗေဒအသညသတ်ကဆုန်လခွေးတောက်ပင်ကလောမြို့ပြစ်မှုဆိုင်ရာဥပဒေမိုင်တဲလ် မြန်မာအကုသလကမ္မပထဆယ်ပါးရေဘဝဲလိင်တူစုံမက်ခြင်းဆယ်ပါးသီလကျန်းမာရေးယေရှု ခရစ်တော်လူသားတစ်ဦး၏လိင်တံအရွယ်အစားကျင့်ဝတ်နေပြည်တော်မြို့ကုလသမဂ္ဂလွှမ်းမိုးသောမတ် အက်ဒီဆင်နိဗ္ဗာန်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဟင်္သာတထွန်းရင်မြန်မာအဘိဓာန်ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ထန်းလျက်တစ်သောင်းကျပ်တန် ငွေစက္ကူကဗျာလင်္ကာဝါဆိုလပြည့်နေ့မြန်မာ ယူနီကုဒ်သရရွှေဘိုမြို့ဗေဒင်မွန်ပြည်နယ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ပဋ္ဌာန်းကမ္ဘာဂြိုဟ်ကျောက်ချဉ်တပ်မတော်တောင်ကြီးမြို့ကဏန်းလွှတ်တော်ကုန်းဘောင်မင်းဆက်ယောက်ျား အင်္ဂါတံသုတ္တန်ပိဋကတ်ကိုလိုနီခေတ်မြန်မာဝီကီပီးဒီးယားတရုတ် - မြန်မာ စစ်ပွဲများစက္ကူပန်းသရဖီပင်ရာဇာဓိရာဇ်ကွန်ဒုံးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုရှယ်လစ်ဝါဒမြန်မာပန်းချီအကြည်တော်ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာ🡆 More