ဘောလခဲခရိုင်

ဘောလခဲခရိုင် (​ဘော်လခဲခရိုင်ဟုလည်း​ခေါ်ဆို) (အင်္ဂလိပ်: Bawlakhe District) သည် ကယားပြည်နယ်ရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဘောလခဲမြို့ဖြစ်သည်။

ဘောလခဲခရိုင်
ခရိုင်
ကယားပြည်နယ်အတွင်းတည်နေရာ
ကယားပြည်နယ်အတွင်းတည်နေရာ
ဘောလခဲခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘောလခဲခရိုင်
ဘောလခဲခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 18°55′N 97°26′E / 18.917°N 97.433°E / 18.917; 97.433 97°26′E / 18.917°N 97.433°E / 18.917; 97.433
နိုင်ငံဘောလခဲခရိုင် မြန်မာ
ပြည်နယ်ဘောလခဲခရိုင် ကယား
မြို့နယ်ပေါင်း
မြို့တော်ဘောလခဲမြို့
ဧရိယာ
 • စုစုပေါင်း၁၉၉၄.၇၇ စတုရန်းမိုင် (၅၁၆၆.၄ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၄၂,၈၅၉
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ဘောလခဲခရိုင် 
ဘောလခဲခရိုင်မြို့နယ်များ
  ဘောလခဲမြို့နယ်
  ဖားဆောင်းမြို့နယ်

ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် မယ်စဲ့မြို့နယ်ကို မယ်စဲ့ခရိုင်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

ပထဝီဝင်အ​နေအထား

တည်နေရာနှင့် အကျယ်အဝန်း

ဘောလခဲခရိုင်သည် ကယားပြည်နယ် တောင်ပိုင်းတွင် တည်ရှိပြီး၊ အကျယ်အဝန်းမှာ ၁,၉၉၄.၇၇ စတုရန်းမိုင် (၅,၁၆၆.၄ စတုရန်း ကီလိုမီတာ) ဖြစ်ပြီး မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၉ မိနစ် နှင့် ၁၉ ဒီဂရီ ၂၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၆ မိနစ်နှင့် ၉၇ ဒီဂရီ ၅၀ မိနစ်အတွင်း တည်ရှိသည်။

နယ်နိမိတ်

ဘောလခဲခရိုင်သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လွိုင်ကော်ခရိုင်နှင့် ကရင်ပြည်နယ်ရှိ ဘားအံခရိုင်၊ တောင်ဘက်တွင် ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင် နှင့် ထိုင်းနိုင်ငံ မယ်​ဟောင်​ဆောင်ပြည်နယ်၊ မြောက်ဘက်တွင် လွိုင်ကော်ခရိုင် တို့နှင့် နယ်နမိတ်ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင်

ဘောလခဲခရိုင်သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး မြေပြန့် လွင်ပြင်နည်းပါးသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၄၅၂ ပေမှ ၁၄၅၀ ပေ အထိရှိသည်။ အမြင့်ဆုံးတောင်မှာ ဖားဆောင်းမြို့နယ်ရှိ နတ်တောင် ဖြစ်ပြီး အမြင့်ပေ ၈၆၀၇ ပေ ဖြစ်သည်။

ရေဆင်း

ဘောလခဲခရိုင်အတွင်း စီးဆင်းသော မြစ်ချောင်းများမှာ ရှားတောမြို့နယ်မှ မြစ်ဖျားခံ၍ ဘော်လခဲမြို့နယ်သို့ ဖြတ်သန်းစီးဆင်းသော ပွန်ချောင်း၊ ရွာသစ်မြို့အနီးတွင် မယ်ပိုင်ချောင်းနှင့် သံလွင်မြစ်၊ ဖားဆောင်းမြို့နယ်တွင် ထူးချောင်းနှင့် သံလွင်မြစ်၊ မယ်စဲ့မြို့နယ်တွင် မယ်စဲ့ချောင်းတို့ ဖြစ်သည်။

ရာသီဥတု

ဘောလခဲခရိုင်သည် အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ရွာသွန်းမြဲမိုးရေချိန်မှာ ၂၄.၀၈ လက်မ ဖြစ်သည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းအရ ဘောလခဲခရိုင်တွင် လူဦးရေ ၄၂,၉၀၉ ဦးသာရှိသည်။ ပြည်နယ်အတွင်းရှိ အခြားသောခရိုင်ဖြစ်သော လွိုင်ကော်ခရိုင်တွင် လူဦးရေ ၂၄၃,၇၁၈ ဦးရှိရာ လူဦးရေကွာခြားချက် များပြားလှသည်။ ပြည်နယ်လူဦးရေ၏ ၁၄ရာခိုင်နှုန်းသာ ဘောလခဲခရိုင်တွင် နေထိုင်ကြသည်။ အမျိုးသား ၂၃,၃၈၀ဦး၊ အမျိုးသမီး ၁၉,၅၂၉ဦး နေထိုင်ကြသည်။ ခရိုင်လူဦးရေ၏ ၂၂.၅ရာခိုင်နှုန်းသည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဖားဆောင်းမြို့နယ်သည် လူနေအထူထပ်ဆုံးဖြစ်သည်။

စီးပွားရေး

ဘောလခဲခရိုင်သည် စီးပွားရေးအရ တိုးတက်မှုနှေးကွေးသောခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မော်ချီးအရပ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

ဘောလခဲခရိုင်သည် လမ်းပန်းဆက်သွယ်ရေးအရ ကောင်းမွန်သည်။ လွိုင်ကော်မြို့မှ ခရိုင်အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သည့် ဘောလခဲဖားဆောင်းနှင့် မယ်စဲ့မြို့များသို့ ကားလမ်းဖြင့် ကောင်းမွန်စွာသွားလာနိုက်သည်။ မယ်စဲ့မြို့မှတဆင့် ထိုင်းနိုင်ငံ နယ်စပ် BP-13 အထိ သွားလာနိုင်သည်။ရွာသစ်မြို့သို့ ဘောလခဲမြို့မှလည်းကောင်း၊ မော်ချီးမြို့သို့ ဖားဆောင်းမြို့မှလည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။ သံလွင်မြစ်သည် ရေစီးသန်သဖြင့် နေရာတိုင်းသို့ မသွားလာနိုင်ပေ။ ကယားပြည်နယ်၏ တစ်ခုတည်းသော ပေ (၁၀၀၀)အထက် တံတားကြီးဖြစ်သော သံလွင်တံတား (ဖားဆောင်း)သည် ဖားဆောင်းမြို့နယ်တွင် တည်ရှိသည်။

ပညာရေး

၂၀၁၄ သန်းခေါင်စာရင်းအရ ဘောလခဲခရိုင်၏ အသက်(၁၅)နှစ်နှင့် အထက်တွင် စာတတ်မြောက်မှုမှာ ၈၈.၆ရာခိုင်နှုန်းဖြစ်သည်။

ကိုးကား


Tags:

ဘောလခဲခရိုင် ပါဝင်သောမြို့နယ်များဘောလခဲခရိုင် ပထဝီဝင်အ​နေအထားဘောလခဲခရိုင် လူဦးရေဘောလခဲခရိုင် စီးပွားရေးဘောလခဲခရိုင် ပို့ဆောင်ဆက်သွယ်ရေးဘောလခဲခရိုင် ပညာရေးဘောလခဲခရိုင် ကိုးကားဘောလခဲခရိုင်ကယားပြည်နယ်ဘောလခဲမြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျောက်ကပ်ပထမ အင်္ဂလိပ် - မြန်မာစစ်နတ်ပြည် ၆ ထပ်စပါးဝေလမင်းသမီး ဒိုင်ယာနာသောမတ် အက်ဒီဆင်လယ်တွင်းသား စောချစ်ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ယူကျူ့ဘ်အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖျားနာခြင်းကျိုက်ထိုမြို့လီဆူလူမျိုးကရင်ရိုးရာပွဲတော်များမရမ်းကုန်းမြို့နယ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဟင်္သာလိင်မှတဆင့် ကူးစက်တတ်သော ရောဂါအစ္စရေးနိုင်ငံကရင်ပြည်နယ်ဟက်စတင်းစ်တိုက်ပွဲရှမ်းပြည်နယ်မောင်မောင်အေးမြန်မာ့တော်လှန်ရေးဒုတိယ ကမ္ဘာစစ်၂၄ ပစ္စည်းပခုက္ကူမြို့အာဖရိကဆိုရှယ်လစ်ဝါဒပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂စုဖုရားလတ်ဇော်ဂျီ (စာရေးဆရာ)နွေရာသီပန်းမြန်မာ အမျိုးသား ဘောလုံးအသင်းမစန္ဒာအင်္ဂလန်နိုင်ငံမြန်မာနိုင်ငံ၏ ပထဝီဝင်တာဂျစ်ကစ္စတန်နိုင်ငံဇီဝဇိုးငှက်မြန်မာနိုင်ငံရှိ ခရိုင်များရေနံကျေးရွာအုပ်စုနန်းမွေစံအချိန်၊ မြန်မာ့ရိုးရာခရစ္စတီယာနို ရော်နယ်လ်ဒိုမြန်မာ့ရိုးရာ ကစားနည်းမြိုလူမျိုးပျားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မြန်မာအဘိဓာန်မိတ္ထီလာမြို့ဗုဒ္ဓဘာသာဘုရင့်နောင်လာအိုနိုင်ငံဝီကီမီဒီယာ ဖောင်ဒေးရှင်းအိမ်ရွှေတိဂုံစေတီတော်ရုရှားသဒ္ဒါငါးမျိုးစိတ်များ စာရင်းသန်လျင် မင်းကျောင်းဆရာတော်စိတ်ပန်းဆယ်မျိုးအရိုးပလောင်းနိုင်ငံမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြန်မာနိုင်ငံရှိ မြို့နယ်များခွေးရူးပြန်ရောဂါဗျည်းဓနုလူမျိုးတစ်ကိုယ်ရည်အာသာဖြေခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းဝိနည်းမော်လမြိုင်မြို့နယ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အောင်ဆန်းစုကြည်🡆 More