ဘိက္ခုနီ

ဘိက္ခုနီဟူသော အမည်သည် ပါဠိအမည်ဖြစ်၏။ မြန်မာပြန်ဆိုလျှင် ရဟန်းမိန်းမဟု အဓိပ္ပာယ်ရ၏။

ထိုရဟန်းမိန်းမကား မြတ်စွာဘုရား လက်ထက် တော်ကပင် ရှိခဲ့၏။ မိထွေးတော် ဂေါတမီသည် သာကီဝင် မင်းသမီး ငါးရာနှင့်တကွ ရှေးဦးစွာ ရဟန်းပြု၏။ နောက် အဆင့်ဆင့် ပွားများလာ၍ သာသနာ တော်တွင် ရဟန်းမိန်းမ သာသနာ ရဟန်းမိန်းမသံဃာဟု သီးခြားဖြစ်လာသည်။ ထိုစဉ်အခါက မဇ္ဈိမဒေသတွင် ရဟန်းမိန်းမတို့သည် အလွန်များကုန်၏။

သာသနာနှစ် ၂၃၅ ခုသို့ရောက်သောအခါ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿမထေရ်သည် တတိယ သင်္ဂါယနာတင်ပြီး ကိုးတိုင်းကိုးဌာနသို့သာသနာပြု စေလွှတ်တော်မူရာ အရှင်မဟိန္ဒမထေရ်သည် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူ၏။ ထိုအခါ အနုဋ္ဌာဒေဝီသည် သတို့သမီးငါးရာ၊ နန်းတွင်းသူ ငါးရာအားဖြင့် နောက်ပါ မိန်းမတစ်ထောင်နှင့်တကွ ရဟန်းပြုသဖြင့် သီဟိုဠ်ကျွန်း၌ ရဟန်းမိန်းမ သာသနာပြန့်ပွားထွန်းကားခဲ့သည်။

အရှင်ယောနက ဓမ္မရက္ခိတ မထေရ်သည် ဂူဂျာရတ်ပြည် အပရန္တတိုင်း (သုနာပရန္တတိုင်း) သို့သာသနာပြု ကြွလာတော်မူ၏။ ထိုအခါ အမျိုးသမီး ခြောက်သောင်းတို့သည် ရဟန်းပြုသဖြင့် အပရန္တတိုင်း၌ ရဟန်းမိန်းမ သာသနာ ပြန့်ပွားထွန်းကားခဲ့သည်။

အရှင် သောဏမထေရ်နှင့် အရှင်ဥတ္တရ မထေရ်တို့သည် သုဝဏ္ဏဘူမိတိုင်း (ထိုင်းနိုင်ငံ မြန်မာအောက် မွန် သထုံပြည်) သို့သာသနာပြု ကြွလာတော်မူကြ၏။ ထိုအခါ အမျိုးသမီး တစ်ထောင့်ငါးရာ တို့သည် ရဟန်းပြုကြသဖြင့် ရဟန်းမိန်းမသာသနာ ပြန့်ပွားထွန်းကားခဲ့သည်။ ( အခြားဌာနတို့၌ ရဟန်းမိန်းမ သာသနာ ပြန့်ပွားထွန်း ကားခြင်း မရှိ၊ ရဟန်းယောက်ျား သာသနာသာ ပြန့်ပွားထွန်းကားခဲ့သည်။)

ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ဆရာတော် ကြီးတို့ကလည်း ရဟန်းမိန်းမ သာသနာကား နှစ်ပေါင်း တစ်ထောင်လောက်သာ တည်ရှိ၏ဟု အမိန့်ရှိသည်ကို ကြားရဘူး၏။

ဂရုဓံရှစ်ပါး

မြတ်စွာဘုရားသည် ရဟန်းမများအတွက် ပညတ်ထားသည့် ဂရုဓံရှစ်ပါး ဖြစ်သည် —

(၁) ရဟန်းမသည် ဝါတစ်ရာပင်ရသည်ဖြစ်စေ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ ခရီးဦး ကြိုဆိုရမည်။ လက်အုပ်ချီရမည်။ အရိုအသေပေးရမည်။

(၂) ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ဝါမဆိုရ။

(၃) ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုသ်အမေး သွားရမည်။ ဩဝါဒခံယူရန် သွားရမည်။

(၄) ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်သိမြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။

(၅) ဂရုက အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။

(၆) ဝိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိင်ရန် ကြိုးစားအားထုတ်ရမည်။

(၇) မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွာခြင်း မပြုရ။

(၈) ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုခွင့် မရှိပေ။ ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောခွင့်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

ရဟန်းမိန်းမဝိနည်းများ

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မဂ္ဂင် ၈ ပါးထိုင်းနိုင်ငံအဖြူဆင်းခြင်းဂေါတမဗုဒ္ဓကိန္နရာအကသစ္စာလေးပါးစိတ်ဂူဂယ်မျက်စိနာခြင်းမြန်မာပြည် စာတိုက် သင်္ကေတများမြိတ်ကျွန်းစုဟစ်တလာအရှေ့တီမောနိုင်ငံညောင်ရမ်းမင်းတရားကြီးဖူးပွင့်ခိုင်မင်းယုဝေကျောက်ဖြူမြို့မြန်မာ့တပ်မတော် သမိုင်းကြောင်းပုဂံခေတ်မြန်မာနိုင်ငံရှိ ခရိုင်များမြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိင်စိတ် နိုးထခြင်းပါရမီမိုင်တဲလ် မြန်မာသေမင်းတမန် ရထားလမ်းတပ်မတော်သဇင်ပန်းဆလုံလူမျိုးသင်္ကြန်မိုးအမ်မီနမ်ရခိုင်ပြည်နယ်တီဘီရောဂါသတိပဋ္ဌာန်အီစတာပွဲတော်နေ့ပလောင်းနိုင်ငံဇီဝဇိုးငှက်၁၉၈၉မဂ္ဂသစ္စာဒွေးကရင် အမျိုးသား အစည်းအရုံးရှမ်းပြည်နယ်လက်တင်ဘာသာစကားလိင်နန္ဒဘုရင်ဖက်ဆစ်ဝါဒမော်လမြိုင်မြို့ဇော်ဂျီ (စာရေးဆရာ)မြစ်ကြီးနားမြို့ဘုရားဗိသုကာပညာမျိုးကြီးမံစီမြို့လီဆူလူမျိုးပဋ္ဌာန်းမြွေကားလိုး ကော်လိုဒီဗေဒင်ဦးနုကုန်းဘောင်မင်းဆက်အိချောပိုအသောကမင်းအဘိညာဉ်မြန်မာဘာသာစကားသရဏဂုံXVideosဩစတြေးလျကွန်တိုမျဉ်းဗျတ်ဝိ၊ ဗျတ္တမော်စီတုန်းရှေးဟောင်းအီဂျစ်စကော့တလန်နိုင်ငံကီလိုမီတာပုဗ္ဗဏှသုတ်ဘိုလီးဗီးယားနိုင်ငံမြဝတီမြို့🡆 More